ဦးထင်ကျော်၏ နိုင်ငံတော်အဆင့် ခရီးစဉ်များ

ဦးထင်ကျော်သည် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့မှ ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။နိုင်ငံတော်၏ခေါင်းဆောင်၊ အစိုးရအဖွဲ့၏ ခေါင်းဆောင်၊ ပူးတွဲခေါင်းဆောင်အဖြစ် နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ခြင်းနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးတို့အတွက် တရားဝင် နိုင်ငံတော်အဆင့် နိုင်ငံခြားခရီးစဉ်များ သွားရောက်ခဲ့သည်။သမ္မတအဖြစ် ပထမဆုံးခရီးစဉ်မှာ ၂၀၁၆ခုနှစ် မေလအတွင်းက ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည်။[] ဦးထင်ကျော်သည် နိုင်ငံတော်အဆင့် ခရီးစဉ်များအပြင် ကျန်းမာရေး စစ်ဆေးရန်အတွက် ပြည်ပသို့ သွားရောက်ရလေ့ရှိခဲ့သည်။[]

၂၀၁၆ခုနှစ်၊ တရားဝင်ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနှင့် နယူ​ဒေလီမြို့တွင်​​တွေ့ဆုံစဉ်

၂၀၁၆

စဉ် နိုင်ငံ ရက်စွဲ မှတ်ချက်
 လာအို ၆ ဇွန် ချစ်ကြည်​ရေး ခရီးစဉ်[][]
 ရုရှား ၁၈ - ၂၂ ​မေ ရုရှား - အာဆီယံ နှစ် (၂၀)ပြည့် အထိမ်းအမှတ်ပွဲ တက်​ရောက်ရန်[]
 မွန်ဂိုးလီးယား ၁၃ - ၁၇ ဇူလိုင် အာရှ - ဥ​ရောပ ထိပ်သီးအစည်းအ​ဝေး တက်​ရောက်ရန်[]
 အိန္ဒိယ ၂၇ - ၃၀ ဩဂုတ် ချစ်ကြည်​ရေး ခရီးစဉ်[]
 ဗီယက်နမ် ၂၅ - ၂၈ ​အောက်တိုဘာ ချစ်ကြည်​ရေး ခရီးစဉ်နှင့် ဆက်စပ်အစည်းအ​ဝေးများ တက်ရန်[]

၂၀၁၇

စဉ် နိုင်ငံ ရက်စွဲ မှတ်ချက်
 ကမ္ဘောဒီးယား ၃ - ၆ ​ဖေ​ဖော်ဝါရီ ချစ်ကြည်​ရေး ခရီးစဉ်[]
 တရုတ် ၆ ဧပြီ ချစ်ကြည်​ရေး ခရီးစဉ်[]
 ထိုင်း ၂၅ - ၂၇ ​အောက်တိုဘာ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒတ်၏ ဈာပနအခမ်းအနားသို့ တက်ရောက်ရန်[၁၀]
 ဂျပန် ၁၂ - ၁၇ ဒီဇင်ဘာ Universal Health Coverage Forum တက်​ရောက်ရန်[၁၁]

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya