မြန်မာနိုင်ငံ၏ သမ္မတ
နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင်နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၁၆ အရ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။ နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်သည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ကော်မတီ သုံးခုမှ တဆင့် သမ္မတလောင်းများကို ရွေးချယ်သည်။[၂] အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များမှ သမ္မတလောင်း တစ်ဦးစီ တင်သွင်းသည်။[၂] သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်စေကာ မဲအများဆုံးရရှိသည့် သမ္မတလောင်းကို နိုင်ငံတော် သမ္မတအဖြစ် တင်မြှောက်ပြီး ကျန်နှစ်ဦးကို ဒုတိယ သမ္မတများ အဖြစ် ခန့်အပ်သည်။[၂] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် နိုင်ငံတော် အရေးပေါ်အခြေအနေဟု ကြေညာကာ ဦးမြင့်ဆွေကို မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယင်းကယာယီသမ္မတအဖြစ် တာဝန်ယူကြောင်း ကြေညာခဲ့သည်။[၃] ထို့နောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်လာကာ ယင်းက ဦးဒူဝါလရှီးလ ကို ယာယီသမ္မတ ဟု သတ်မှတ်ထားသည်။ သမိုင်းကြောင်းမြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိန်တို့ထံမှ လွတ်လပ်ရေးရရှိပြီးသည့်နောက်တွင် နိုင်ငံအုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ ရာထူးအားဖြင့် သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် အစိုးရအဖွဲ့အကြီးအကဲမှာမူ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သည်။ တစ်နည်းအားဖြင့် ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိပေသည်။ လွှတ်တော် ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများမဖြစ်ပေါ်စေရန် သမ္မတမှ ယာယီတာဝန်ယူ အုပ်ချုပ်ပေးခြင်းမျိုးသာ ရှိပေသည်။ ထို ပါလီမန် ဒီမိုကရေစီခေတ် တစ်လျောက်တွင် သမ္မတအဖြစ် တာဝန်ယူခဲ့ကြသူများမှာ-
သို့ရာတွင် ၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးသည့်နောက်တွင် အထက်ပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ် နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရပြီးဖြစ်သည်။ ထိုနောက် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တစ်ပါတီ စနစ်ကို ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတ ဖြစ်ကြောင်း ပြဋ္ဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထို ဖွဲ့စည်းပုံအရ တာဝန်ယူခဲ့ကြသည့် သမ္မတများမှာ-
၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံ အပြီးတွင် တပ်မတော်မှ တစ်ဖန်အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်း မရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန်အတွက် ဝန်ကြီးချုပ် တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်သည် သာမက အစိုးရအဖွဲ့အကြီးအကဲပါ ဖြစ်သည်ဟု ဆိုသည်။ ထို့ဖြင့် ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ၊ ၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် စစ်ဘက်မှ ကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့၏ မဲပေးဆုံးဖြတ်ချက်များအရ ဦးသိန်းစိန်သည် သမ္မတဖြစ်လာသည်။ နိုင်ငံတော် သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ ခံစားခွင့်အိမ်တော်နိုင်ငံတော်သမ္မတသည် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နေထိုင်ပိုင်ခွင့်ရှိသည်။ လစာ၁၉၄၈ခုနှစ် နိုင်ငံတော်သမ္မတ လစာနှင့် စရိတ်ငွေများ အက်ဥပဒေအရ နိုင်ငံတော်သမ္မတအား လစာငွေကျပ် ၅၀၀၀ ပေးအပ်သည်။ ထိုလစာအပေါ် အခွန်ကောက်ခံခြင်း မရှိစေရပေ။ ထို့အပြင် သမ္မတအိမ်တော်နှင့် ယာဉ်ရထားများသုံးစွဲခွင့်ရှိသည်။ လစာအပြင် တစ်နှစ်လျှင် ဧည့်ခံစရိတ် ငွေကျပ် ၂၄၀၀၀၊တိုင်းခန်းလှည့်လည်စရိတ် ငွေကျပ် ၇၅၀၀၀တို့ထက်မပိုစေ၍ သုံးစွဲခွင့်ရှိသည်။[၄] ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏လစာသည် တစ်လလျှင် ကျပ်သိန်း ၅၀ဖြစ်သည်။ဦးသိန်းစိန်လက်ထက်တွင် တိုင်းပြည်ဘဏ္ဍာရေးကြောင့် တစ်လလျှင် ကျပ် ၁၅သိန်းသာ ရယူခဲ့ပြီး ၂၀၁၄ခုနှစ် ဧပြီလတွင်မှသာ ကျပ်သိန်း ၅၀ စတင်ခံစားခဲ့သည်။[၁]သမ္မတအနေဖြင့် ဥပဒေပါ လစာ မယူခြင်းမှာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ထိုစဉ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သေးသည်။[၅] သမ္မတများ စာရင်း (၂၀၁၁-လက်ရှိ)
နောက်ဆုံး ရွေးကောက်ပွဲ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ကျင်းပခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော် ကို တင်မြှောက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်၏ ဥပဒေပြုမှုနှင့် နိုင်ငံတော် သမ္မတ၏ခန့်အပ်မှုကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးအား စတင်တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် နောက်ဆုံးအကြိမ်ကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲရလဒ်တွင် မဲသမာမှုများရှိသည်ဟု အကြောင်းပြ၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီ ပိုင်ဆိုင်မှု အပါအဝင် အခြားအမှုများဖြင့် တရားစွဲပြီး နိုင်ငံထိပ်သီး ဝန်ကြီးများကို ဖမ်းဆီး၍ ပုဒ်မှအသီးသီးတပ်ကာ တရားရင်ဆိုင်စေခဲ့သည်။ အခြားကြည့်ရန်
ကိုးကား
|
Portal di Ensiklopedia Dunia