ဧရာဝတီတံတား (မကွေး)

ဧရာဝတီတံတား (မကွေး)
ဖြတ်သန်းမှုဧရာဝတီမြစ်
တည်နေရာမကွေးမြို့ နှင့် မင်းဘူးမြို့
အချက်အလက်များ
တံတားဒီဇိုင်းWarden Truss
စုစုပေါင်းအရှည်ပင်မတံတားအရှည် ၆၉၆၉ ပေ၊ ချဉ်းကပ်တံတားများအရှည် ၂ဝ၂ဝ ပေ၊ စုစုပေါင်း တံတားအရှည် ၈၉၈၉ ပေ
အကျယ်ယာဉ်သွားလမ်း ၂လမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ဝမ်းကင်းလတ် လူသွားလမ်း တစ်ဖက်လျှင် ၆ ပေစီ
တံတားအခန်းရေ၁၈ခု
ခံနိုင်ဝန်အားယာဉ်တစ်စီးချင်း တန် ၆၀
တံတားအပေါ်အမြင့်၅၇ ပေ (၁၇.၃ မီတာ)
ရေလမ်း ကင်းလွတ်အမြင့်၅၇ ပေ (၁၇.၃ မီတာ)
သမိုင်းကြောင်း
လုပ်ငန်းပြီးဆုံးချိန်၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့
ဖွင့်လှစ်သည့်နေ့၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့

ဧရာဝတီတံတား (မကွေး) သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် မကွေးမြို့၏အနောက်ဘက် မင်းဘူးမြို့သို့ ဧရာဝတီမြစ်ကို ဖြတ်သန်းဆောက်လုပ်ထားသော တံတားတစ်စင်းဖြစ်သည်။

တံတားအချက်အလက်များ

ပင်မတံတားအရှည် ၆၉၆၉ ပေ၊ ချဉ်းကပ်တံတားများအရှည် ၂ဝ၂ဝ ပေ၊ စုစုပေါင်း တံတားအရှည် ၈၉၈၉ ပေရှိသည်။ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ဝမ်းကင်းလတ် လူသွားလမ်း တစ်ဖက်လျှင် ၆ ပေစီရှိပြီး တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေ အကျယ် ၃၆ဝ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၅၇ ပေ ရှိသည်။ သံမဏိသံပေါင်တံတား ( Warden Truss Bridge ) အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်း တန် ၆၀ ဖြင့် ဖြတ်သန်းခွင့်ပြု ထားသည်။ ပင်မတံတားအခန်းမှာ ၁၈ခု ရှိပြီး ၁ခုစီ မှာ ၃၉၀ ပေ ရှိသည်။ ရေလယ်ရှိကျွန်းပေါ်တွင် တံတားတိုင် ၁၁ခု ပါဝင်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya