၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲသည် ၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အတွက် ရည်ရွယ်ကျင်းပသော ခြေစစ်ပွဲဖြစ်သည်။ ထိုခြေစစ်ပွဲစဉ်များကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက် မှ ၁၂ ရက်အထိကျင်းပခဲ့သည်။ ပြိုင်ပွဲပုံစံခြေစစ်ပွဲကိုအာရှနိုင်ငံပေါင်း ၄၀ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင် ၁၅ သင်းကိုရွေးချယ်ခဲ့သည်။ ခြေစစ်ပွဲဝင် နိုင်ငံပေါင်း ၄၀ ကို ၅ သင်း သို့မဟုတ် ၄ သင်းပါဝင်သောအုပ်စု ၉ ခုခွဲကာ အနောက်အာရှဇုန်တွင် ၅ သင်းပါဝင်သောအုပ်စု ၂ အုပ်စု နှင့် ၄ သင်းပါဝင်သော အုပ်စု ၃ အုပ်စု စုစုပေါင်း ၅ အုပ်စု၊ အရှေ့အာရှဇုန်တွင် ၅ သင်းပါဝင်သောအုပ်စု ၂ အုပ်စု၊ ၄ သင်းပါဝင်သောအုပ်စု ၂ အုပ်စု စုစုပေါင်း ၄ အုပ်စုဖြင့် ကျင်းပခဲ့သည်။ ခြေစစ်ပွဲစဉ်များကို အာရှဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်ရွေးချယ်ထားသော အိမ်ရှင်နိုင်ငံများတွင် တစ်ကျော့တည်းကျင်းပခဲ့ကာ အုပ်စု ၉ ခု၏ ပထမရအသင်းများ နှင့် အကောင်းဆုံးဒုတိယ ၆ သင်းတို့သည် ခြေစစ်ပွဲအောင်အသင်းများအဖြစ် ၂၀၁၄ ခုနှစ်တွင် ကျင်းပသည့်နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ အိမ်ရှင် မြန်မာ အသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်များခြေစစ်ပွဲစဉ်များအတွက် အုပ်စုများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူမြို့ရှိ အာရှဘောလုံးအဖွဲ့ချုပ်၏ရုံးချုပ်၌ မဲခွဲခဲ့သည်။[၁] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ရရှိခဲ့သောအဆင့်သတ်မှတ်ချက်များအလိုက် မဲအိုး ၁ မှ ၄ အထိ ၄ အိုးခွဲထားသည်။ ထို့နောက် အဆင့်နိမ့်အသင်းများ ပါဝင်သော မဲအိုး ၄ မှအသင်းများကိုဦးစွာမဲနှိုက်၍ထိုမှတစ်ဆင့် မဲအိုး ၃၊ ၂၊ ၁ ဟူ၍အစဉ်လိုက်မဲနှိုက်သွားသည်။ ခြွင်းချက်အနေဖြင့် မဲခွဲရာတွင် ခြေစစ်ပွဲကျင်းပမည့်နိုင်ငံများ တစ်အုပ်စုတည်းမကျစေရန်အတွက် အိမ်ရှင်ကျင်းပခွင့်ရနိုင်ငံပါသော အုပ်စု ထွက်ပေါ်လာလျှင် ထိုအုပ်စု၌ အခြားအိမ်ရှင်နိုင်ငံများကို မပါဝင်စေဘဲ အိမ်ရှင်ကျင်းပမည့်နိုင်ငံ မထွက်ပေါ်လာသေးသော အုပ်စုတွင် ပါဝင်စေခဲ့သည်။
အောက်ဖော်ပြပါနိုင်ငံများသည် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။ အသက်ကန့်သတ်ချက်၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် နောက်ပိုင်းမွေးဖွားသော ကစားသမား များကို ခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည်။ အုပ်စုရလဒ်များအကယ်၍ အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီနေပါက အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။ ၁။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ရမှတ်ပိုများသည့်အသင်း ၂။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း ၃။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ သွင်းဂိုးပိုများသည့်အသင်း ၄။ အုပ်စုတွင်းပွဲစဉ်များတွင် ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း ၅။ အုပ်စုတွင်းပွဲစဉ်များတွင် သွင်းဂိုးပိုများသည့်အသင်း ၆။ အကယ်၍ အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စုနောက်ဆုံးပွဲ၌ ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အပေါ်အချက်များအားလုံးတူညီနေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် အနိုင်ရသည့်အသင်း ၇။ အကယ်၍ အမှတ်စဉ် (၆) အကြုံးမဝင်ပါက အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု နည်းသည့်အသင်း အကယ်၍ အပေါ်အချက်များ အားလုံးတူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။ အနောက်အာရှအုပ်စု (က)အုပ်စု (က) ပွဲစဉ်များကို ကာတာနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ကာတာစံတော်ချိန်(UTC+03:00) ဖြစ်သည်။
အုပ်စု (ခ)အုပ်စု (ခ) ပွဲစဉ်များကို ဂျော်ဒန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ဂျော်ဒန်စံတော်ချိန်(UTC+03:00) ဖြစ်သည်။
အုပ်စု (ဂ)အုပ်စု (ဂ) ပွဲစဉ်များကို အီရတ်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အီရတ်စံတော်ချိန် (UTC+03:00) ဖြစ်သည်။
အုပ်စု (ဃ)အုပ်စု (ဃ) ပွဲစဉ်များကို အီရန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အီရန်စံတော်ချိန်(UTC+03:00) ဖြစ်သည်။
အုပ်စု (င)အုပ်စု (င) ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ပါလက်စတိုင်းစံတော်ချိန် (UTC+03:00) ဖြစ်သည်။
အရှေ့အာရှဇုန်အုပ်စု (စ)အုပ်စု (စ) ပွဲစဉ်များကို မလေးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ မလေးရှားစံတော်ချိန် (UTC+08:00) ဖြစ်သည်။
အုပ်စု (ဆ)အုပ်စု (ဆ) ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အနောက်အင်ဒိုနီးရှားစံတော်ချိန် (UTC+07:00) ဖြစ်သည်။
အုပ်စု (ဇ)အုပ်စု (ဇ) ပွဲစဉ်များကို ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ထိုင်းစံတော်ချိန် (UTC+07:00) ဖြစ်သည်။
အုပ်စု (ဈ)အုပ်စု (ဈ) ပွဲစဉ်များကို တရုတ်နိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ တရုတ်စံတော်ချိန် (UTC+08:00) ဖြစ်သည်။
အကောင်းဆုံး အုပ်စုဒုတိယအသင်းများ သတ်မှတ်ခြင်းအကောင်းဆုံးအုပ်စုဒုတိယအသင်း ၆ သင်း ရွေးချယ်ရာတွင် အုပ်စု (ဂ) နှင့် (င) တို့တွင် ၃ သင်းသာပါဝင်သောကြောင့် အုပ်စုဒုတိယအသင်းများ ညီတူညီမျှဖြစ်စေရန် ၄ သင်းပါဝင်သောအုပ်စု (ဃ)၊(စ)၊(ဆ)၊(ဇ) နှင့် (ဈ) တို့တွင် အုပ်စုဒုတိယအသင်းများနှင့်အုပ်စုအောက်ဆုံးအသင်းများ၏ ထိပ်တိုက်တွေ့ဆုံခဲ့သောရလဒ်များကိုမတွက်ချက်ဘဲ ရလာသော ထိုအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်၍ဆုံးဖြတ်ခဲ့သည်။ အလားတူ ၅ သင်းပါဝင်သော အုပ်စု (က) နှင့် (ခ) တို့မှအောက်ဆုံး ၂ သင်းစီနှင့် ၎င်းတို့အုပ်စုနှင့်သက်ဆိုင်ရာအုပ်စုဒုတိယအသင်းတို့၏ တွေ့ဆုံမှုရလဒ်များကိုမတွက်ဘဲ ရလာသော ယင်းအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်ကာဆုံးဖြတ်ခဲ့သည်။ ထိုကဲ့သို့ရွေးချယ်ရာတွင် အောက်ပါအချက်များဖြင့်ဆုံးဖြတ်ခဲ့သည်။ ၁။ ရမှတ်ပိုများသည့်အသင်း ၂။ ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း ၃။ သွင်းဂိုးပိုများသည့်အသင်း ၄။ အဝါကတ်၊ အနီကတ်ပြသခံရမှု ပိုနည်းသည့်အသင်း အကယ်၍ အထက်ပါ ၄ ချက်များအားလုံးတူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။
ကိုးကား
|
Portal di Ensiklopedia Dunia