၂၀၁၉ ပြည်နယ်နှင့်တိုင်း အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ
၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး (အမျိုးသား)ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကိုစက်တင်ဘာ(၂)ရက်ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး နှင့်အားကစားဝန် ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ဦးကျော်ဆန်း၊ဦးကျော်ဦး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ် သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံး အားကစားတိုးတက်မြင့်မားရေးကို အထောက်အ ကူပြုစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ထူးချွန်ထက်မြက် သည့် လူငယ်သွေးသစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာေ စရေးတို့ကို အဓိက ရည်ရွယ်ပြီး သက်တမ်းအလိုက် အားက စားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲရဲ့ ရည်မှန်း ချက်နှင့် အနှစ်သာရများ အကောင်အ ထည်ပေါ်လာအောင် စီမံအုပ်ချုပ်သူများနှင့် တာ ဝန်ရှိသူများက လည်း ဘက်လိုက်မှု ကင်းရှင်ပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် သွားကြစေ လိုကြောင်း၊ ပြိုင်ပွဲ ဝင်အားကစားသမားများအနေဖြင့် အားကစားသမားစိတ်ဓာတ်အပြည့် အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင် ကစားကြစေ လိုကြောင်း ပြောကြားခဲ့ပြီး ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး (အမျိုး သား)ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များမှ တိုင်းဒေ သကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲဝင်အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ ၂ဝ၁၉ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် U-17ဘောလုံး (အမျိုးသား)ပြိုင်ပွဲကို ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီးမှပြိုင်ပွဲဝင် အသင်း (၁၅)သင်း၊ ပြိုင်ပွဲဝင်အားကစားသမားဦးရေ စုစုပေါင်း (၂၆၅)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အဆိုပါပြိုင်ပွဲအား (၂.၉.၂ဝ၁၉) ရက်နေ့မှ (၁၆.၉.၂ဝ၁၉) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁)နှင့် (၃) တို့တွင် နေ့စဉ်နံနက်(၇)နာရီနှင့် ညနေ(၃) နာရီခွဲ အချိန်တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်း ကိုစိတ်ပါဝင်စားသော မိဘ ပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။ ပွဲစဉ်များအုပ်စု က
အုပ်စု ခ
အုပ်စု ဂ
အုပ်စု ဃ
ကွာတား - ဖိုင်နယ်
ဆီမီး - ဖိုင်နယ်
တတိယနေရာလုပွဲ
ဗိုလ်လုပွဲ
အကောင်းဆုံးကစားသမားဆုများ
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အကောင်းဆုံးဂိုးသမားဆုရရှိသောကျောနံပါတ်(၁)စိုးထက်ဝင်း(ဧရာဝတီ)နှင့် အကောင်းဆုံးနောက်တန်း အားကစားသမားဆု ရရှိ သော ကျောနံပါတ်(၃)ကျော်သီဟဇော်(ရန်ကုန်)တို့အားအမျိုးသားလွှတ် တော်၊ကျန်းမာရေး၊အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ ဝင် ဒေါက် တာကျော်ငွေမှ လည်းကောင်း၊ အကောင်းဆုံး အလယ် တန်းအားကစားသမားဆုရရှိသောကျောနံပါတ်(၇)တာရာဝင်းထက် (မန္တလေး)နှင့် အကောင်းဆုံးရှေ့ တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်(၁ဝ)ဝေဖြိုးကိုကို(မန္တလေး)တို့အားအမျိုးသားလွှတ် တော်၊ကျန်းမာရေး၊အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ ဝင် ဦးဝင်းမောင်မှလည်းကောင်း၊ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုရရှိသော ကျောနံပါတ်(၉) သိန်းဇော်သီဟ (ရန်ကုန်)အားအားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊တတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းအားငွေသားဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်း ထိုက်မှ လည်းကောင်း၊ ဒုတိယဆုရရှိသွားသောမန္တ လေးတိုင်းဒေသကြီးအသင်းအားငွေသားဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များကိုအမျိုးသားလွှတ်တော်၊ကျန်းမာရေး၊အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအတွင်းရေးမှူးဒေါက်တာစန်းမောင်မောင်မှလည်း ကောင်း၊ ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသ ကြီးအသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များအပြင် တံခွန်စိုက်ဆုဖလားကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်း ကောင်းဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။ |
Portal di Ensiklopedia Dunia