၂၀၂၂ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
၂၀၂၂ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 ASEAN University Games) သည် ထိုင်းနိုင်ငံ၊ အူဘွန်ရချာဌာနီမြို့ (Ubon Ratchathani)တွင် ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဖြစ်သည်။[၁] ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၆)အထိ ကျင်းပမည်ဖြစ်သည်။ မူလက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ (၁၃)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပရန် လျာထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဇွန်လ (၁၈) ရက်မှ (၂၇)ရက်အထိလည်းကောင်း၊ ၂၀၂၂ခုနှစ် ဇွန်လ (၂၂)ရက်နေ့မှ (၃၀)ရက်နေ့အထိလည်းကောင်း ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ကြသည်။[၂] နောက်ဆုံးတွင်မှ ၂၀၂၂ခုနှစ် ဇူလိုင်လတွင်ကျင်းပရန် အတည်ပြုခဲ့ကြသည်။ လက်ခံကျင်းပခြင်းထိုင်းနိုင်ငံသည် အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ်တွင် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၁ခုနှစ်သို့ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၂၀၂၂ခုနှစ်တွင်မှ လက်ခံကျင်းပမည်ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ နေပြည်တော်ပွဲတော် ကျင်းပအပြီး လေးနှစ်အကြာမှသာ လက်ခံကျင်းပနိုင်ခြင်းဖြစ်သည်။[၃] အားကစားကွင်းများ၂၀၂၂အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို နေရာ (၁၃)နေရာ၌ ကျင်းပခဲ့သည်။[၄]
ပွဲများနှင့်အားကစားပါဝင်သောအားကစားနည်းများအားကစားနည်း ၂၃မျိုး လက်ခံကျင်းပခဲ့သည်။
ပါဝင်သောနိုင်ငံများ
ဆုတံဆိပ်ဇယား
* အိမ်ရှင်နိုင်ငံ
ရင်းမြစ်:[၅] ကိုးကား
|
Portal di Ensiklopedia Dunia