၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
၂၀၁၈ ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2018 ASEAN University Games) (တရားဝင်အမည်; ၁၉ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ)သည် အာဆီယံတက္ကသိုလ်များအကြား ကျင်းပသည့် ၁၉ ကြိမ်မြောက် တက္ကသိုလ်များအားကစားပွဲတော် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။ လက်ခံကျင်းပခြင်းဒုတိယသမ္မတ ဦးမြင့်ဆွေ နာယကအဖြစ် ပါဝင်သော ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။ အားကစားကွင်းများဇမ္ဗူသီရိမြို့နယ်ရှိ ဇမ္ဗူသီရိ အားကစားရုံစုတွင် အားကစားပြိုင်ပွဲများကျင်းပခဲ့ပြီး အနီးရှိအားကစားရွာများတွင် အားကစားသမားများ ထားရှိသည်။
![]() ကျင်းပရာမြို့ အထိမ်းအမှတ်များဆောင်ပုဒ်ဆောင်ပုဒ်အနေဖြင့် "လူငယ်နှင့်ချစ်ကြည်ရေး" ဖြစ်သည်။ ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံ၏ ပုံရိပ်အတွက် အောင်နိုင်ရေးကို အဓိကမထားဘဲ သန့်သန့်ရှင်းရှင်းဖြင့် ယှဉ်ပြိုင်သွားရန် ဖော်ညွှန်းထားခြင်း ဖြစ်သည်။ အထိမ်းအမှတ်တံဆိပ်အထိမ်းအမှတ်တံဆိပ်တွင် နိုင်ငံတော်အလံတွင်ပါဝင်သော အရောင်လေးမျိုးကိုသုံးထားသည်။ အဝါရောင်သည် ယုံကြည်ခြင်း၊တည်ငြိမ်အေးချမ်းခြင်း၊ဉာဏွပညာကြီးခြင်းကို ကိုယ်စားပြုသည်။ အဝါရောင်နေမင်းမှ အဝါရောင် ရောင်စဉ်တန်း၁၁ခုမှာ အရှေ့တောင်အာရှနိုင်ငံ၁၁နိုင်ငံကို ကိုယ်စားပြုသည်။ အစိမ်းရောင်သည် ငြိမ်းချမ်းခြင်း၊သဟဇာတဖြစ်ခြင်းနှင့် ညီညွတ်ခြင်းကိုဖော်ပြသည်။ ထို့အပြင် မြန်မာပြည်၏တောင်တန်းနှင့်သစ်တောများကိုလည်း ကိုယ်စားပြုသည်။ အနီရောင်သည် ရဲရင့်ခြင်း၊သစ္စာရှိခြင်းကို ဆိုလိုသည်။ ထို့အပြင် လက်ရှိမြန်မာပြည်၏ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ တရွေ့ရွေ့သွားနေခြင်းကိုပါဖော်ပြသည်။လေ့ကျင့်ခန်းပြုလုပ်နေသော အားကစားသမားသဖွယ်ပုံဖော်ထားသော အဖြူရောင်ကြယ်မှာ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။ ပြည်ထောင်စုလွှတ်တော် အဆောက်အဦးမှာ ၂၀၁၈ခုနှစ်ပွဲတော်ကို လက်ခံကျင်းပနေသော နေပြည်တော်မြို့အတွက်ဖြစ်သည်။[၁] လာဘ်ကောင်![]() လာဘ်ကောင်အနေဖြင့် ဧရာဝတီလင်းပိုင်ကို အသုံးပြုထားသည်။ ဧရာဝတီလင်းပိုင်မှာ အာဆီယံဒေသ၏ အမှတ်လက္ခဏာလဲ ဖြစ်သည်။ ဧရာဝတီလင်းပိုင်မှာ ကမ္ဘာပေါ်တွင် ဧရာဝတီမြစ်၊ မဲခေါင်မြစ်နှင့် မဟာခမ်မြစ် (အင်ဒိုနီးရှား) တို့တွင်သာ ရှိသည်။ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်များတွင် အသိဉာဏ်အရှိဆုံးဖြစ်သည်။ သူတို့သည် နှစ်လိုဖွယ်ပုံစံ၊ သွက်လက်၊ ဉာဏ်ကောင်း၊ ရင်နှီးခင်မင်တတ်ပြီး ကူညီမှုများ ပေးတတ်၍ ဤလာဘ်ကောင်ကို အသုံးပြုခြင်းမှာ ကျောင်းသားလူငယ်များ၏ အရည်အချင်းကို ထင်ဟပ်စေသည်။ ဧရာဝတီလင်းပိုင်သည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော လက်ဆောင်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ငါးဖမ်းသမားများကို ငါးဖမ်းရာတွင် ကူညီပေးခြင်း၊ နိုင်ငံခြားသားများကို ဆွဲဆောင်ကာ နိုင်ငံ၏ နိုင်ငံခြားဝင်ငွေကို တစ်နေရာမှ ရှာဖွေပေးနေသည်။ ယခုအခါဧရာဝတီလင်းပိုင်များ ရှားပါးလာပြီဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် သူတို့အား ထိန်းသိမ်းမြတ်နိုးစောင့်ရှောက်ရန် အသိပေးလို၍လည်း ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား၂၀၁၈ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ရက်နေ့က ဇမ္ဗူသီရိ အားကစားကွန်းပလတ်ရှိ ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ-ဘီ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ညနေ၄နာရီ၁၀မိနစ်ခန့်က စတင်ကျင်းပခဲ့ပြီး အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ညနေ၅နာရီအချိန်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေရောက်ရှိလာသည်။ ထို့နောက် အခမ်းအနားကို ထီးသရုပ်ပြကွက်ဖြင့် အမှတ်စဉ်ရေတွက်ကာ စတင်ခဲ့သည်။ အခမ်းအနားစတင်ပြီးနောက် "ဒါမြန်မာ"အစီအစဉ်ကို တင်ဆက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံတော်အလံ၊ အာဆီယံတက္ကသိုလ်များအားကစားကောင်စီအလံနှင့် ၁၉ကြိမ်မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ-မြန်မာအလံများ ချီတက်ဝင်ရောက်လာခဲ့ပြီးနောက် ပြိုင်ပွဲဝင် ၁၁နိုင်ငံမှ အားကစားအဖွဲ့အသီးသီးတို့ဝင်ရောက်လာခဲ့သည်။ အားကစားသမားများအားလုံး နေရာယူအပြီးတွင် မြန်မာနိုင်ငံအလံကို ဦးစွာ လွှင့်တင်ခဲ့ပြီး အာဆီယံတက္ကသိုလ်များအားကစားကောင်စီအလံနှင့် ၁၉ကြိမ်မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ-မြန်မာအလံများကို တစ်ပြိုင်နက်လွှင့်တင်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ပွဲတော်ကျင်းပရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။နောက်တွင် အာဆီယံတက္ကသိုလ်များအားကစားကောင်စီ အထွေထွေအတွင်းရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ တစ်ဆက်တည်းတွင် ဒုတိယသမ္မတမှ အဖွင့်မိန့်ခွန်းပြောကြားကာ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဝူရှူးအားကစားသမား မစန္ဓီဦးမှ အားကစားသမားများကိုယ်စား၊ ကရာတေးဒိုင်လူကြီး မိုင်အိုလီဗီယာ ယင်းဝါထောင်းလွယ်မှ ဒိုင်လူကြီးများကိုယ်စား အားကစား အဓိဋ္ဌာန်ရွတ်ဆိုခဲ့သည်။ဤအစီအစဉ်အပြီးတွင် မီးထွန်းညှိတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်ကာ ထို့နောက် ပင်မမီးထွန်းညှိတိုင်ကို မီးကူး၍ထွန်းညှိခဲ့သည်။ ထို့နောက်တွင် အားကစားသမားများ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုအစီအစဉ်များအပြီးတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားကျောင်းသူများမှ "မင်္ဂလာပါ အေယူဂျီ"၊ "မြင်းခင်းတော်"၊ "လှပဆန်းမြိုင် နှစ်ပွင့်တစ်ခိုင်"၊ "သွေးချင်းတို့ရဲ့မြေ"၊ "ချစ်ကြည်ရင်းနှိး အားသစ်ခရီး" အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေပြန်လည်ထွက်ခွာသွားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။[၂] ပိတ်ပွဲအခမ်းအနား၂၀၁၈ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ရက်နေ့က ဇမ္ဗူသီရိ အားကစားရုံစု ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ-ဘီ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ညနေ၄နာရီ၁၀မိနစ်ခန့်က စတင်ကျင်းပခဲ့ပြီး အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ညနေ၅နာရီအချိန်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေရောက်ရှိလာသည်။ ပထမဆုံးတွင် "မင်္ဂလာပါအာဆီယံ"၊ "မြန်မာ့အလှ အကရေလျဉ်"၊ "တို့အာဆီယံ" စသည့်ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့သည်။ ထို့နောက် အလံကိုင်တပ်ဖွဲ့၊ ဘင်ခရာတပ်ဖွဲ့နှင့် အားကစားသမားများ ကွင်းအတွင်း နေရာယူကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးသိမ်းကြီးက အခမ်းအနားဆိုင်ရာများကို တင်ပြခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲကျင်းပရေးနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက အားကစားပြိုင်ပွဲကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် အာဆီယံတက္ကသိုလ်များအားကစားကောင်စီအလံကို အလံတိုင်ထိပ်မှ လျှော့ချကာ AUSCဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် အားကစားသမားများ ပြန်လည်ထွက်ခွာခဲ့သည်။ နောက်ပိုင်းတွင် ပြန်ဆုံမယ် အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဒုတိယသမ္မတပြန်လည်ထွက်ခွာကာ အခမ်းအနားပြီးဆုံးခဲ့သည်။[၃] ပါဝင်သောအားကစားနည်းများအားကစားနည်း ၁၇မျိုး လက်ခံကျင်းပမည်ဖြစ်သည်။[၄]
ပြက္ခဒိန်
ဆုတံဆိပ်ဇယား
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia