၇ ဇူလိုင် ၂၀၀၅ လန်ဒန် ဗုံးပေါက်မှုများ
၇ ဇူလိုင် ၂၀၀၅ လန်ဒန် ဗုံးပေါက်မှုများသည် ၇/၇ (ဆဲဗင်းဇူလိုင်)အဖြစ် ညွှန်းဆိုခြင်း ခံရပြီး၊ လန်ဒန်မြို့လယ်တွင် ကြိုတင်စီစဉ်ထားသော အကြမ်းဖက် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ကွင်းဆက်ဖြစ်စဉ် ဖြစ်ကာ၊ ရုံးတက်ချိန်အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို အသုံးချ၍ အရပ်သားများကို ပစ်မှတ်ထားခဲ့သည်။ ၇ ဇူလိုင် ၂၀၀၅ ကြာသပတေးနေ့ နံနက်တွင်၊ လန်ဒန်မြေအောက်ရထားပေါ်၌ ဆက်တိုက်ဗုံး သုံးလုံး စနက်တံ ဖြုတ်ခဲ့ပြီး၊ စတုတ္ထမြောက်ဗုံးကို တယ်ဗစ်စတော့ ရင်ပြင်တွင် နှစ်ထပ် ဘတ်စ်ကားပေါ်၌ ခွဲသည်။ ၅၂ ဦး သေဆုံးပြီး လူ အယောက် ၇၀၀ ကျော် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရကာ ဗြိတိန်၏ ၁၉၈၈ စကော့တလန်၊ လော့ကာဘီမြို့ပေါ် ပန်အမ်လေယာဉ် ၁၀၃ ဗုံးကွဲပြီးကတည်းက လူသေအများဆုံး အကြမ်းဖက် လူသေဆုံးမှု ဖြစ်သကဲ့သို့၊ နိုင်ငံ၏ ပထမဦးဆုံး အစ္စလာမ် အသေခံ တိုက်ခိုက်မှု ဖြစ်သည်။ ပေါက်ကွဲမှုများသည် ကျောပိုးအိတ်ထဲ ထည့်ထားသော လက်ဖြစ် အော်ဂင်းနစ် ပါအောက်ဆိုဒ် အခြေခံ ကိရိယာ ကြောင့် ဖြစ်ပွားသည်။ နောက် နှစ်ပတ်ကြာ ဗုံးကွဲမှုများ ဆက်လက် ဖြစ်ပွားသော်လည်း၊ ကြိုးပမ်းမှုများ အရာမထင်သည့် ထိခိုက်ပျက်စီးမှုများ မဖြစ်သည် နောက်ဆက်တွဲ တိုက်ခိုက်မှုများ ဖြစ်သည်။ လန်ဒန်သည် မြို့တော်၏ ယဉ်ကျေးမှုပေါင်းစုံ ဂုဏ်သတင်းကို အရောင်တင်ပေးခဲ့သည့် ၂၀၁၂ အိုလံပစ် အားကစားပွဲများကို လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး နောက်တစ်ရက်၌ ဆဲဗင်းဇူလိုင် တိုက်ခိုက်မှု ဖြစ်ပွားသည်။[၁] တိုက်ခိုက်မှုများလန်ဒန်မြေအောက်ရထားမနက် ၈ နာရီ ၄၉ မိနစ်တွင်၊ လန်ဒန်မြေအောက်ရထားပေါ်၌ ဗုံးသုံးလုံးကို စက္ကန့် ငါးဆယ်စီ ခြား၍ ဖောက်ခွဲခြင်း ခံရသည်။
နစ်နာသူများ
ဆက်စပ်
ကိုးကား
|
Portal di Ensiklopedia Dunia