RBE အကြီးတန်းပြင်စက်ရုံ (ရန်ကုန်)နောက်ခံသမိုင်းRBE အကြီးတန်းပြင်စက်ရုံ (ရန်ကုန်) သည် ရန်ကုန်ဘူတာကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရက်ကြိုရထားလက်မှတ်ရုံတို့အကြားတွင်တည်ရှိသည်။ မူလက ရေနွေးငွေ့ခေတ်မှ ဒီဇယ်ခေတ်ကို ထူထောင်ရန်အတွက် ပထမအဆင့် ဆောက်လုပ်ခဲ့သော ဒီဇယ်စက်ခေါင်းရုံ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် ပထမဆုံး ဝယ်ယူခဲ့သည့် အဲလ်စသွန် ဒီဇယ်လျှပ်စစ်စက်ခေါင်း (၆)ခေါင်းကို နေ့စဉ်ထိန်းသိမ်းမှုလုပ်ငန်းနှင့် အချိန်မှန် ပြုပြင်မှုလုပ်ငန်းများကို ရှေးဦးစွာ ဆောင်ရွက်လာရာမှ ၁၉၆၄ ခုနှစ်မှစ၍ မိုင် (၈၀၀၀၀)ပြေးဆွဲပြီးတိုင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို သီးသန့် လုပ်ကိုင်ပေးခဲ့သည်။ အဲလ်စသွန် ဒီဇယ်စက်ခေါင်း အစိတ်အပိုင်းအားလုံးကို နိုင်နင်းစွာ ပြုပြင်နိုင်ခြင်း၊ စမ်းသပ်စစ်ဆေးနိုင်ခြင်းနှင့် ပြန်လည်တပ်ဆင်နိုင်ခြင်း ရှိပေသည်။ [၁] ၂၀၀၃ ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံမှ RBE (Rail Bus Engine) များကို တင်သွင်းခဲ့ရာ အဆိုပါ RBE များအတွက် အကြီးတန်း၊ အလတ်တန်း ပြုပြင်မှုများ ဆောင်ရွက်ရန် လိုအပ်လာခဲ့သဖြင့် ရန်ကုန်ဒီဇယ်စက်ခေါင်းရုံကို RBE အကြီးတန်းပြင်စက်ရုံအဖြစ် ၂၀၀၇ ခုနှစ်တွင် အသွင်ပြောင်းလဲခဲ့သည်။ ![]()
![]()
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
|
Portal di Ensiklopedia Dunia