ချင်းပြည်သစ်ကွန်ဂရက်ပါတီ

ချင်းပြည်သစ်ကွန်ဂရက်ပါတီ
ဥက္ကဋ္ဌဘွာလ်ဆိုင်လို
တည်ထောင်ခြင်း၁၀ ဇူလိုင် ၂၀၂၅; ၃ ရက် အကြာက (၂၀၂၅-၀၇-10)
ဌာနချုပ်နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ အမှတ် (၄၅၉)

ချင်းပြည်သစ်ကွန်ဂရက်ပါတီ (အင်္ဂလိပ်: New Chinland Congress Party, NUC) သည် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပေါ်ထွက်လာသော နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီတည်ထောင်သူနှင့် ဥက္ကဋ္ဌမှာ မြန်မာ့တပ်မတော် စစ်မှုထမ်းဟောင်း အငြိမ်စားဗိုလ်ကြီး ဦးဘွာလ်ဆိုင်လို ဖြစ်သည်။ []

ပါတီမှတ်ပုံတင်အမှတ်မှာ (၅၇) ဖြစ်သည်။[]

ပါတီမှတ်ပုံတင်ခြင်း

ဦးဘွာလ်ဆိုင်လိုသည် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress Party) ကို ဦးဆောင်လျက်ရှိပြီး အဆိုပါပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်အတွက် နစကအသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ရရှိခဲ့သည်။[]

ထို့နောက် ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းကို စတင်ခဲ့ပြီး ၂၀၂၅ ဇူလိုင် ၁၀ ရက်တွင် ရွေးကောက်ပွဲကော်မရှင် ကြေညာချက် အမှတ် ၂/၂၀၂၅ အရ ပါတီမှတ်တင်ပုံတင်ခြင်းကို ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ []

ပါတီရုံးချုပ်

ပါတီရုံးချုပ်ကို နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ အမှတ် (၄၅၉) တွင် ဖွင့်လှစ်ထားသည်။

ကိုးကား

  1. ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC Party ) က နိုင်ငံရေးပါတီမှတ်ပုံတင်ပေးဖို့ လျှောက်ထား။ Chin World။ 2025-7-10 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ချင်းပြည်သစ်ကွန်ဂရက်ပါတီ [New Chinland Congress (NCC) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း]။ Ministry of Information။ 2025-7-11 တွင် ပြန်စစ်ပြီး။
  3. ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ကြေညာ။ Chin World။ 2025-6-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-12 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya