စိန်ဝင်း၊ မြန်မာ့လမ်းစဉ်သတင်းစာဆရာ ဦးစိန်ဝင်း (မြန်မာ့လမ်းစဉ်) ကို ၁၉၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အဖ ဦးညွန့်နှင့် အမိဒေါ်မေ တို့ကမန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ဦးစိန်ဝင်းသည် မန္တလေး ဥပစာကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များတွင် ပညာသင်ယူခဲ့သည်။ ၁၉၄၉ ခုနှစ်၊ မေလတွင် မန္တလေးမြို့၌ထင်ရှားသော မြန်မာ့လမ်းစဉ် သတင်းစာကို အခြားလေးဦးနှင့်ပူးပေါင်းပြီး ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ့လမ်းစဉ် သတင်းစာအား ကိုယ်ပိုင်လွှဲယူ၍ အယ်ဒီတာချုပ်အဖြစ် ၁၉၆၄ ခုနှစ်၊ ဧပြီလသတင်းစာ အပိတ်ခံရသည့်အထိ လုပ်ကိုင်ခဲ့သည်။ သတင်းစာဆရာတစ်ဦးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဗြိတိန်နိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည်။ ဦးစိန်ဝင်း (မြန်မာ့လမ်းစဉ်)၏ဇနီးမှာ ဒေါ်သက်တင် ဖြစ်၍ သားတစ်ဦးနှင့် သမီးသုံးဦး ထွန်းကားခဲ့သည်။ ဦးစိန်ဝင်း (မြန်မာ့လမ်းစဉ်) သည် ၁၉၈၇ ခုနှစ်၊ မတ်လ၊ ၃၀ ရက်နေ့တွင် မန္တလေး မြို့နေအိမ်၌ ကွယ်လွန်ခဲ့သည်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia