နန်ယန်းနည်းပညာတက္ကသိုလ် (Nanyang Technological University)Universiti Teknologi Nanyang (မလေး) 南洋理工大学 (တရုတ်) நன்யாங் தொழில்நுட்ப பல்கலைக்கழகம் (တမီးလ်) |
 |
ယခင်အမည်များ | နန်ယန်းနည်းပညာအင်စတီကျု (၁၉၈၁-၁၉၉၁) |
---|
အမျိုးအစား | ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတက္ကသိုလ် (Autonomous university)[၁] |
---|
တည်ထောင် | ၁ ဩဂုတ် ၁၉၈၁; ၄၃ နှစ် အကြာက (၁၉၈၁-၀၈-01) (Nanyang Technological Institute) ၁ ဇူလိုင် ၁၉၉၁; ၃၃ နှစ် အကြာက (၁၉၉၁-၀၇-01) (Nanyang Technological University) |
---|
ပံ့ပိုးမှု | S$၂၉၀၀ သန်း (US$၂၁၅၀ သန်း)[၂] |
---|
အဓိပတိ | Tharman Shanmugaratnam |
---|
ဥက္ကဋ္ဌ | ဟိုတက်ဟွား (Ho Teck Hua) |
---|
စီမံခန့်ခွဲရေး အရာရှိ | Ling San |
---|
ဆရာဦးရေ | ၁,၇၇၅[၃] |
---|
ဝန်ထမ်းဦးရေ | ၆,၆၀၈[၃] |
---|
သင်တန်းသား | ၃၁,၆၈၇ |
---|
ဘွဲ့ကြိုဦးရေ | ၂၃,၆၆၅ |
---|
ဘွဲ့လွန်ဦးရေ | ၈,၀၂၂ |
---|
တည်နေရာ | ဂျူရွန်းဝက်စ် သို့မဟုတ် အနောက်ဂျူရောင်း, စင်ကာပူနိုင်ငံ (50 Nanyang Ave, Singapore 639798) 1°20′41″N 103°40′53″E / 1.34472°N 103.68139°E / 1.34472; 103.68139ကိုဩဒိနိတ်: 1°20′41″N 103°40′53″E / 1.34472°N 103.68139°E / 1.34472; 103.68139 |
---|
ပရဝုဏ် | ၂.၀ km2 (၀.၇၇ sq mi)[၄] |
---|
အထိမ်းအမှတ် အရောင် | |
---|
နှီးနွယ်အဖွဲ့အစည်းများ | Association of Pacific Rim Universities, WA, ASAIHL, AUN, ACU, DAAD, Global Alliance of Technological Universities, UAiTED |
---|
ဝဘ်ဆိုဒ် | www.ntu.edu.sg |
---|
 |
နန်ယန်းနည်းပညာတက္ကသိုလ် (Nanyang Technological University)သည် စင်ကာပူနိုင်ငံရှိ ဒုတိယသက်တမ်းအရှည်ဆုံး အများနှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော သုတေသနတက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်ကို NTU(အဲန်တီယူ)ဟုလည်း အတိုကောက်ခေါ်ကြသည်။ NTU သည် QS၏ ကမ္ဘာ့တက္ကသိုလ်များ စံခွဲအဆင့်စီစဉ်ခြင်းအရ သက်တမ်း ၅၀-နှစ်ထက်နည်းသော တက္ကသိုလ်များအားလုံးကဏ္ဍ(QS Top 50 Under 50)၏ စာရင်းတွင် အဆင့် ၁ အဖြစ်သို့ ၂၀၁၅ ခုနှစ်တွင် စတင်ရောက်ရှိပြီး၊ နောက်ဆုံး (၂၀၂၀၊ ဇွန်လတွင် ထုတ်ပြန်သည့်) ၂၀၂၁-ခုနှစ်စာရင်း အထိ အဆင့် ၁ တွင် ၇-နှစ်တိုင်တိုင် ဆက်တိုက်ရှိနေခဲ့သည်။[၅] အဆိုပါ စံခွဲစီစဉ်ခြင်း၏ အခြားကဏ္ဍတစ်ခုဖြစ်သော (သက်တမ်းကန့်သတ်ချက်မပါသော) ကမ္ဘာ့တက္ကသိုလ်များအားလုံး ကဏ္ဍ၏စာရင်းတွင်မူ အဆင့် ၁၃ တွင်ရှိနေကြောင်းကို ၂၀၂၀၊ ဩဂုတ်လမှတ်တမ်းအရ သိရသည်။[၆] (နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤကဏ္ဍ၏ အဆင့် ၁ တက္ကသိုလ်မှာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်(MIT)ဖြစ်ပြီး၊ အဆင့် ၁၁ တွင် စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)၊ အဆင့် ၁၂-တွင် ပရင်းစတန်တက္ကသိုလ်(Princeton University)တို့ အသီးသီးရှိကြသည်။)
၎င်းတွင် (၂၀၂၀၊ ဩဂုတ်လမှတ်တမ်းအရ) အချိန်ပြည့် ကျောင်းတက်သည့် ကျောင်းသား(full-time enrolled students)ပေါင်း ၂၃,၉၅၁ ဦး နှင့် အချိန်ပြည့် သင်ကြားရေး ဝန်ထမ်း(full-time teaching staff)ပေါင်း ၃၈၄၆ ဦး ရှိသည်။[၆]
ဖွဲ့စည်းပုံ
နန်ယန်းနည်းပညာတက္ကသိုလ်ကို ဖွဲ့စည်းထားရာ၌ ကောလိပ်များ၊ ကျောင်းများနှင့် အင်စတီကျုများပါဝင်သည်။
တို့ အဓိကပါဝင်သည်။[၇]
၎င်းတို့အပြင် အောက်ပါ အခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်စတီကျုများ(Autonomous Institute)လည်း ဤတက္ကသိုလ်အောက်တွင် ရှိသေးသည်။
တို့ဖြစ်ကြသည်။[၈]
ဥစ္စာဓနစီမံခန့်ခွဲမှုအင်စတီကျုသည် ၂၀၂၀ ဩဂုတ်လအထိ နန်ယန်းနည်းပညာတက္ကသို်လ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်စတီကျုတစ်ခုအဖြစ်ရှိခဲ့သည်။[၉] (ဥစ္စာဓနစီမံခန့်ခွဲမှုအင်စတီကျု 7 August 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (Wealth Management Institute) ကိုလည်း ကြည့်ပါ။) (၂၀၂၅-ခုနှစ် ဧပြီလစစ်ဆေးချက်အရမူ ၎င်းသည် နန်ယန်းနည်းပညာတက္ကသို်လ် လက်အောက်တွင် မရှိတော့ပဲ သီးသန့်ရပ်တည်နေသည်ကို တွေ့ရသည်။[၁၀])
တက္ကသိုလ်နယ်မြေများ
နန်ယန်းနည်းပညာတက္ကသိုလ်၏ ပင်ရင်းနယ်မြေဖြစ်သော ယူနန်ပန်းခြံနယ်မြေ (Yunnan Garden Campus) သည် ၂၀၀ ဟက်တာ (၄၉၀ ဧက) ကျယ်ဝန်းပြီး စင်ကာပူနိုင်ငံတွင် နေရာအကျယ်ဆုံးတက္ကသိုလ်ကျောင်း ဖြစ်သည်။[၁၁] ဤပင်ရင်းနယ်မြေသည် စင်ကာပူနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိပြီး၊ လိပ်စာမှာ "50 Nanyang Avenue, Singapore 639798" ဖြစ်သည်။ ဤတက္ကသိုလ်တွင် Novena Campusနှင့် One-north Campusဟုခေါ်သော အခြားနယ်မြေနှစ်ခုလည်း ရှိသေးသည်။
တက္ကသိုလ်နယ်မြေရှုခင်းနှင့် ဗိသုကာလက်ရာများ
နန်ယန်းနည်းပညာတက္ကသိုလ်ကို ကမ္ဘာ့အလှဆုံးတက္ကသိုလ်များစာရင်းသို့ "Travel + Leisure"မဂ္ဂဇင်းမှ ထည့်သွင်းထားပြီး၊ ထိုဆောင်းပါး၏ ရည်ညွှန်းပုံတွင် အနုပညာ၊ ဒီဇိုင်းနှင့် မီဒီယာကျောင်း (School of Art, Design and Media)၏ အဆောက်အဦး (the ADM building) 7 August 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .ကို သရုပ်ပြထားသည်။[၁၂] ဤအဆောက်အဦး (the ADM building) ကို စင်ကာပူနိုင်ငံသား ဗိသုကာပညာရှင်တစ် ဦးဖြစ်သူ Lee Cheng Wee က ဒီဇိုင်းပြုလုပ်ထားသည်။[၁၃]
တိုင်းမ်စ်အဆင့်မြင့်ပညာရေး(Times Higher Education)မဂ္ဂဇင်း၏ ၂၀၁၈-ခုနှစ်မှ ဆောင်းပါးတစ်ခုဖြစ်သော အရှေ့အာရှရှိ အလှဆုံးတက္ကသိုလ် ၁၀-ခု စာရင်းတွင် နန်ယန်းနည်းပညာတက္ကသိုလ် ပါဝင်ခဲ့ပြီး၊ အဆိုပါဆောင်းပါးတွင် ပြားအုံဟု အမည်ပေးထားသော "the Learning Hub building" ကို သရုပ်ပြအဆောက်အဦးအနေဖြင့် ထည့်သွင်းပြထားသည်။[၁၄] ၎င်းအဆောက်အဦးကို ဗြိတိသျှလူမျိုး ဗိသုကာပညာရှင် သောမတ်စ်ဟယ်သာဝစ်ခ် (Thomas Heatherwick)မှ ဒီဇိုင်းရေးဆွဲခဲ့သည်။[၁၅]
|
ပြားအုံ သို့မဟုတ် The Learning Hub building
ပြားအုံအဆောက်အအုံ၏ အတွင်းပိုင်းမြင်ကွင်း
|
နန်ယန်းနည်းပညာတက္ကသိုလ်သည် (NTIဟု ခေါ်စဉ်ကာလ) ၁၉၈၁ နှင့် ၁၉၈၂ ကြားကာလအတွင်း၌ ပင်ရင်းနယ်မြေ ကျောင်းဝင်းအပြင်အဆင် ရှုခင်းဖန်တီးခြင်းနှင့် ထိုစဉ်က အဓိကကျောင်း ပင်မအဆောက်အဦးဖြစ်သည့် နော့သ်စပိုင်း(မြောက်ကျောရိုး သို့ North Spine)ကို ဗိသုကာပညာ ပရစ်စကာဆု(၁၉၈၇)ရရှိခဲ့သည့် ကမ္ဘာကျော်ဂျပန်ဗိသုကာပညာရှင် တန်ဂေးကဲန်ဇိုမှ ဒီဇိုင်းပြုလုပ်ထားသည်။[၁၆] ၎င်းနော့သ်စပိုင်းကို ၁၉၈၆-ခုနှစ်မှ ဆောက်လုပ်ပြီးစီးခဲ့ပြီး တရားဝင်ဖွင့်လင့်ခဲ့သည်။[၁၇]
|
နော့သ်စပိုင်း(North Spine)ထိပ်ပိုင်းမြင်ကွင်း (လီဝီးနမ်စာကြည့်တိုက်ရှိရာနေရာ)
|
ယူနန်ပန်းခြံနယ်မြေ (ပင်ရင်းနယ်မြေ)
ဘွဲ့ကြိုကျောင်းသား နေထိုင်ဆောင်များ
နန်ယန်းနည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုကျောင်းသားများ နေထိုင်ရန်အတွက် ကျောင်းဆောင်ပေါင်း ၂၃-ဆောင်ရှိပြီး၊ တစ်ဆောင်လျှင် ကျောင်းသားဦးရေ ၅၀၀ မှ ၆၅၉-ဦးအထိ ဆန့်သည်။ ဒေသခံနှင့် နိုင်ငံတကာကျောင်းသားစုစုပေါင်း ၁၄,၀၀၀ အထိ နေရာထိုင်ခင်းပေးနိုင်သည်။[၁၈] ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားကျောင်းသူတိုင်း အဆောင်တွင် နေထိုင်ခွင့်ရရန် အာမခံချက်ရှိသည်။[၁၉] တတိယနှစ်နှင့် နောက်ပိုင်းနှစ်များတွင်မူ အဆောင်လျှောက်ထားသော ကျောင်းသားများ၏ အဆောင်လူမှုအားကစား လှုပ်ရှားမှုများနှင့် စီစီအေ(CCA) သို့မဟုတ် ကျောင်းစာတွဲဖက် လှုပ်ရှားမှု (co-curricular activities)များတွင် ပါဝင်ပတ်သက်မှု မှတ်တမ်းများအရ အဆောင်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်သည်။ [၁၉] အဆောင်တိုင်းတွင် ကျောင်းသားကျောင်းသူများ အထပ်(floor) လိုက်ဖြစ်စေ၊ အဆောင်ကြော(Wing) လိုက်ဖြစ်စေ ရော(co-ed)ထားသည်။[၁၈] (ဆိုလိုသည်မှာ ဥပမာအားဖြင့်၊ ကျောင်းသားတစ်ထပ်၊ ကျောင်သူတစ်ထပ် ဖြစ်စေ၊ ကျောင်းသားအရှေ့အဆောင်ကြော၊ ကျောင်းသူအနောက်အဆောင်ကြော ဖြစ်စေ တစ်ကပ်စီ တစ်ကပ်စီထားခြင်းကို ဆိုလိုသည်။) နှစ်ယောက်ခန်းသော်လည်းကောင်း၊ တစ်ယောက်ခန်းသော်လည်းကောင်းရှိပြီး၊[၂၀] နှစ်ယောက်ခန်းကို ကျောင်းသားနှစ်ယောက်တွဲသာဖြစ်စေ သို့မဟုတ် ကျောင်းသူနှစ်ယောက်တွဲသာဖြစ်စေ လျှောက်နိုင်သည်။[၂၁] အဆောင်တိုင်းတွင် နားနေခန်း၊ လေအေးပေးစက်ရှိသော စာဖတ်ခန်းများ၊ ချက်ပြုတ်စားသောက်နိုင်သော မီးဖိုခန်းများနှင့် အဝတ်လျှော်စက်များနှင့် အခြောက်ခံစက်များပါရှိသော ဒိုဘီခန်းများစသည့် အများဝေငှသုံး အထောက်အပံ့ ပစ္စည်းအသုံးအဆောင်အခန်းများ ရှိသည်။[၂၀]
|
NTU ကျောင်းသား နေထိုင်ဆောင်တစ်ခု
|
ကိုးကား