နေပြည်တော် စည်ပင်သာယာရေး ကော်မတီ
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (အင်္ဂလိပ်: Naypyidaw Development Committee; အတိုကောက် NPTDC) သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်သည်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီသည် နေပြည်တော်ကောင်စီနှင့် သီးခြားဖြစ်သည်။[၂] သမိုင်းကြောင်းနေပြည်တော် စည်ပင်သာယာရေး ကော်မတီကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေး ဥပဒေအရ ဖွဲ့စည်းခဲ့သည်။[၃] အဖွဲ့ဝင် ၅ ဦးမှ ၉ ဦးအထိ ပါဝင်ပြီး ဥက္ကဋ္ဌက မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌက ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း တာဝန်ယူသည်။[၃] ဌာနများ1.မြို့တော်ဝန်ရုံး 2.စီမံရေးရာဌာန 3.ဘတ်ဂျက်နှင့် ငွေစာရင်းဌာန 4.စစ်ဆေးရေးဌာန 5.ညှိနှိုင်းဆောင်ရွက်ရေးဌာန 6.ရာပြတ်ဌာန 7.အခွန်ဌာန 8. ဈေးများဌာန 9.တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန 10.ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန 11.အင်ဂျင်နီယာဌာန (လမ်းတံတား) 12.အင်ဂျင်နီယာဌာန (အဆောက်အအုံ) 13.အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) 14.စက်ရုံနှင့်မော်တော်ယာဉ်ဌာန 15.ဗဟိုပစ္စည်းထိန်းဌာန 16.ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန 17.ကျန်းမာရေးဌာန 18.လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန 19.မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန 20. ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန 21.ထုတ်လုပ်ရေးဌာန 23.ဘိလပ်မြေစက်ရုံ(နေပြည်တော်) 24.နေပြည်တော်အုတ်စက်ရုံ 25.ဇမ္ဗူသီရိအထူးကုဆေးရုံကြီး 26. မြို့တော်ဂေါက်ကွင်း[၄] ဆက်စပ်ဖတ်ရှုရန်ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia