ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(အင်္ဂလိပ်: Department of Disaster Management) သည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီကတည်းက စတင်ပေါ်ပေါက်ခဲ့သော ဌာနတစ်ခု ဖြစ်သည်။ (၁၉၄၅) ခုနှစ်တွင် လူမှုရေးရာနှင့် ပြန်လည် ထူထောင်ရေး ညွှန်ကြားရေးဝန်ရုံး ပေါ်ပေါက်ခဲ့သည်။ ယခင်က ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအဖြစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သမိုင်းကြောင်း(၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည့်အချိန်တွင် ပညာရေး၊ လူမှုရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးမှာ ဗိုလ်ဘိုးကွန်းဖြစ်ပြီး၊ အတွင်းဝန်မှာ ဦးစိန်ညိုထွန်း ဖြစ်ပြီး စစ်ပြေးချေးငွေများ ပြန်လည်ကောက်ခံခြင်းနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ (၁၉၄၉)ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် လူမှုရေးရာနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနကို ဖျက်သိမ်း၍ ၎င်း၏လုပ်ငန်းများကို ခရိုင်ရာဇဝတ်တရားသူကြီးရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ (၁၉၅၁)ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် ပညာရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးမှာ ဦးဘစော ဖြစ်ပြီး စစ်ပြေးချေးငွေ ပြန်လည်ကောက်ခံခြင်းနှင့် သောင်းကျန်းမှုကြောင့် ရွာပစ်၊ အိမ်ပစ်ပြောင်းရွှေ့ခဲ့ရသူများ၊ အိုးအိမ်အဖျက်အဆီးခံရသူများ၊ ခိုကိုးရာမဲ့သူများ၊ သောင်းကျန်းမှုကြောင့် အစိုးရကပြောင်းရွှေ့စေ၍ အိုးအိမ်မဲ့နေသူများကို ကယ်ဆယ်ထာက်ပံ့ခြင်းနှင့် ပြန်လည်နေရာချထားပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ (၁၉၅၂)ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် လူနည်းစုရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့ပြီး ထိုနှစ်တွင်ပင် ပူးပေါင်းခြင်းကို ဖျက်သိမ်း၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးမှာ ဦးဘစော ဖြစ်သည်။ (၁၉၅၃)ခုနှစ်တွင် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ကယ်ဆယ်ရေးထောက်ပံ့မှုလုပ်ငန်းများနှင့် ပြန်လည်နေရာချထားခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ (၁၉၅၇)ခုနှစ်၊ ဇွန်လ(၄)ရက်နေ့တွင် အမျိုးသား စည်းလုံး ညီညွတ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့ပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး ဝန်ကြီးဌာနဟု ခေါ်တွင်ခဲ့သည်။ လူမှုဝန်ထမ်းလုပ်ငန်းများကို လူမှုဝန်ထမ်း ဝန်ကြီးဌာနအဖြစ် သီခြားဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ၎င်းဝန်ကြီးဌာန(၂)ခုကို ဝန်ကြီးဦးဘစောမှ တာဝန်ယူခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ စစ်ပြေးချေးငွေ ကောက်ခံခြင်းလုပ်ငန်းများကို ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး ဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်ခဲ့သည်။ (၁၉၆၂)ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီ တက်လာပြီး နောက်ပိုင်းတွင် ဝန်ကြီး ဦးဘစောအား အနားယူစေခဲ့သည်။ ဌာနအနေဖြင့် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာန ပင်ဖြစ်ပြီး ကချင်ပြည်နယ်ရေးရာဝန်ကြီး ဆမားဒူးဝါ ဆင်ဝါးနောင် အား တာဝန်ပေးခဲ့သည်။ (၁၉၆၄)ခုနှစ်တွင် ဝန်ကြီးအခေါ်အဝေါ်များအား ဌာနတာဝန်ခံအဖြစ် ပြောင်းလဲ ခေါ်တွင်စေခဲ့ပြီး ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး မောင်လွင် တို့အား ဌာနတာဝန်ခံအဖြစ် အဆင့်ဆင့် တာဝန်ပေးခဲ့သည်။ ဆောင်ရွက်သည့်လုပ်ငန်းများမှာ ယခင်မူလ လုပ်ငန်းများပင် ဖြစ်သည်။ (၁၉၇၂)ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး ပေါ်ပေါက်လာပြီးနောက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာနကို ဖျက်သိမ်း၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ၏ (၁၅-၃-၇၂) ရက်စွဲပါကြော်ငြာချက် အမှတ်(၉၇)ဖြင့် ဖွဲ့စည်းခဲ့ပြီး လူမှုဝန်ထမ်းဝန်ကြီးဌာန လက်အောက်ခံဦးစီးဌာန အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဝန်ထမ်းဖွဲ့စည်းပုံကို တိုးမြှင့်ခဲ့ရာ (၁၉၇၆)ခုနှစ်တွင် အရာထမ်း(၁၄)ဦး၊ အမှုထမ်း(၅၁)ဦး၊ စုစုပေါင်း(၆၅)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးအုန်းမြင့်အား ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးခဲ့သည်။ (၁၉၈၆)ခုနှစ်၊ ဩဂုတ်လတွင် မူလဖွဲ့စည်းပုံအင်အား (၆၅)ဦးမှ အရာထမ်း(၁၅)ဦး၊ အမှုထမ်း (၁၁၅)ဦး၊ စုစုပေါင်း(၁၃၀)ဦးဖြင့်ဆောင်ရွက်ခဲ့ရာ (၁၉၈၈)ခုနှစ်၊ အောက်တိုဘာလတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ မူလဖွဲ့စည်းပုံ (၁၃၀)တွင် ပြည်သူ့လုပ်အား နေရာချထားရေးအဖွဲ့မှ လွှဲပြောင်းပေးသော ဝန်ထမ်းအင်အား (၁၁၈)နေရာကို ပေါင်းစပ်၍ အရာထမ်း(၅၀)ဦး၊ အမှုထမ်း(၁၉၈)ဦး၊ စုစုပေါင်း(၂၄၈) ဦးဖြင့်ဖွဲ့စည်းရန် လူမှုဝန်ထမ်းဝန်ကြီးဌာန၏ (၂၄-၂-၈၈)ရက်စွဲပါ စာအမှတ်၊ ၃-၅/၆၅/၂၈၄ ဖြင့် တိုးချဲ့ဖွဲ့ စည်းခွင့်ပြုခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ၁၉.၂.၉၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၁၄/၉၂)ဖြင့် လူမှုဝန်ထမ်းဝန်ကြီးဌာနအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဦးစီးဌာန၏ဖွဲ့စည်းပုံ(ဂ)အဆင့်မှ (ခ)အဆင့်သို့တိုးမြှင့်ရန်အတွက် (၂၈-၆-ဝ၇)နေ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေး အမှတ်စဉ်(၁၉/ဝ၇)၏ ဆုံးဖြတ်ချက်အရ အစိုးရအဖွဲ့မှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ တင်ပြခဲ့ပြီး၊ (၁-၈-ဝ၇)ရက်စွဲပါ စာအမှတ် (၂-၃/၁၀၂/၂၂၆၉) အမိန့်ကြော်ငြာစာအရ အရာထမ်း(၃၉)ဦး၊ အမှုထမ်း(၂၀၂)ဦး၊ စုစုပေါင်း (၂၄၁)ဦးအဖြစ် ဖွဲ့စည်းတိုးမြှင့်ခဲ့သည်။ ဖွဲ့စည်းပုံ(ခ)မှ (က)အဆင့်သို့ (၂၀၀၉)ခုနှစ်၊ ဇွန်(၄)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၀/ဝ၉) ဆုံးဖြတ်ချက်အရ အစိုးရအဖွဲ့မှ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီသို့ တင်ပြပြီး (၁၄-၁၀-ဝ၉)ရက်စွဲပါ စာအမှတ်၊ ၆/၁၁၆/အဖရ (၂၀/ဝ၉-၃၈) အရာထမ်း (၉၈)ဦး၊ အမှုထမ်း(၄၉၃)ဦး၊ စုစုပေါင်း(၅၉၁)ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့သည်။၂၀၁၆ခုနှစ် အစိုးရအသစ်လက်ထက်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအဖြစ်ဖွဲ့စည်းခဲ့သည်။[၁] ရည်ရွယ်ချက်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၏ ရည်ရွယ်ချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
လုပ်ငန်းတာဝန်များဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၏ အဓိက လုပ်ငန်း တာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ကိုးကား
ကယ်ဆယ်ရေးဦးစီးဌာန၏ သမိုင်း[လင့်ခ်သေ] ပြင်ပလင့်ခ်
|
Portal di Ensiklopedia Dunia