မာလုံ
မာလုံ (ရိုးရှင်းတရုတ်: 马龙; ရိုးရာတရုတ်: 馬龍; ပင်ယင်: Mǎ Lóng) သည် ၁၉၈၈-ခုနှစ် အောက်တိုဘာလ ၂၀-ရက်နေ့တွင် မွေးဖွားခဲ့သည့် တရုတ်လူမျိုး စားပွဲတင်တင်းနစ် ကစားသမားတစ်ယောက် ဖြစ်သည်။[၂]သူသည် လက်ရှိအိုလံပစ်ချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံလည်းဖြစ်ပြီး၊ ၂၀၂၀ ဧပြီလ နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ်စာရင်းအရ ကမ္ဘာ့အဆင့်-၃[၅] ဖြစ်သည်။ သူသည် အဆိုပါ အဖွဲ့ချုပ်စာရင်းတွင် ကမ္ဘာ့အဆင့်-၁ နေရာကို စုစုပေါင်း ၆၄ လတိုင်တိုင် ရှိခဲ့ဖူးပြီး၊ ၂၀၁၅ ခုနှစ်မတ်လမှ ၃၄ လဆက်တိုက် ဤစာရင်းတွင်ရှိနေခဲ့ရာ၊ စားပွဲတင်တင်းနစ်သမိုင်းတွင် ၎င်းစံချိန်ကိုချိုးနိုင်သော အခြားအမျိုးသားအားကစားသမား လုံးဝ မရှိသေးပေ။ သူသည် လက်ရှိအိုလံပစ်ချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံဖြစ်ပြီး၊ ၂၀၂၀ ဧပြီလ နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ်စာရင်းအရ ကမ္ဘာ့အဆင့်-၃[၆] ဖြစ်သည်။ သူသည် အဆိုပါ အဖွဲ့ချုပ်စာရင်းတွင် ကမ္ဘာ့အဆင့်-၁ နေရာကို စုစုပေါင်း ၆၄ လတိုင်တိုင် ရှိခဲ့ဖူးပြီး၊ ၂၀၁၅ ခုနှစ်မတ်လမှ ၃၄ လဆက်တိုက် ဤစာရင်းတွင်ရှိနေခဲ့ရာ၊ စားပွဲတင်တင်းနစ်သမိုင်းတွင် ၎င်းစံချိန်ကိုချိုးနိုင်သော အမျိုးသားအားကစားသမားတွင် လုံးဝ မရှိသေးပေ။[၇] သူ့ကို တရုတ်နိုင်ငံ၊ လျောင်းနင်ပြည်နယ်၊ အန်းရှန်း(Anshan)မြို့ တွင်မွေးဖွားခဲ့သည်။ သူသည် ၃၅-ပွဲတိတိ လုံးဝမရှုံးသည့်စံချိန်အပါအဝင် ITTF World Tour ပြိုင်ပွဲ ၅-ခုကို ဆက်တိုက်အနိုင်ရခဲ့သည့် စံချိန်တင်ထားသူလည်းဖြစ်ပြီး၊ ITTF World Tour ဆုပေါင်း ၂၈ ခု စံချိန်တင်ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ သူသည်တရုတ်အမျိုးသား စားပွဲတင်တင်းနစ်အသင်း(CNT)၏ ကပ္ပတိန်ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia