မြင့်အောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဗိုလ်မြင့်အောင်
မွေးဖွားရာဒေသပန်းတောင်းမြို့နယ်၊ သူရဲတန်းရွာ။
သခင်အမည်သခင်စိုး
ဗိုလ်ဘွဲ့အမည်ဗိုလ်မြင့်အောင်
ဂျပန်အမည်ကိုနို (Kono)
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)
ကွယ်လွန်ရက်၁၉၄၅-ခုနှစ်၊ ဇွန်လ(၂၄)ရက်

ဗိုလ်မြင့်အောင်

သခင်စိုး (ခေါ်) ဗိုလ်မြင့်အောင်သည် ရဲဘော်သုံးကျိပ်ဝင် တစ်ယောက် ဖြစ်သည်။ တို့ဗမာအစည်းအရုံး အဖွဲ့ဝင်ဖြစ်ပြီး ဂျပန်သို့သွားသော ဒုတိယ အသုတ်တွင်ပါဝင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို ပြင်ဆင်ဖွဲ့စည်းသောအခါ ဗိုလ်မြင့်အောင် သည် စက်အမြောက်တပ်ရင်း ကို ခေါင်းဆောင်ပြီး စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး ဆင်နွဲသောအခါ စက်အမြောက်တပ်ရင်းကို ဦးဆောင်၍ တော်လှန်ရေး တိုင်းအမှတ် (၇) မှ ပါဝင် တိုက်ခိုက်ခဲ့သည်။ ဖက်စစ်ဂျပန်များကို သုတ်သင်ရာတွင် များစွာ အောင်မြင်ခဲ့လေသည်။ []

လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်) ချီးမြှင့်ခံရသည်။

ဘဝနိဂုံး

၁၉၄၅-ခုနှစ်၊ ဇွန်လ(၂၄)ရက်တွင် နတ်တလင်မြို့၌ ကိုယ်ကိုယ်ကိုယ် သတ်သေသည်။[]

ကိုးကား

  1. တက္ကသိုလ် စိန်တင် ၊ ၁၉၆၈
  2. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။

စိန်တင်၊ တက္ကသိုလ် (၁၉၆၈)။ ရဲဘော်သုံးကျိပ်မော်ကွန်း

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya