မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေမြန်မာနိုင်ငံရှိ မူပိုင်ခွင့်အတွက် အခြေခံဥပဒေများမှာ ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဟုလည်း သိကြသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅/၂၀၁၉၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ တွင် အတည်ပြုပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ဟုလည်း သိကြသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃/၂၀၁၉၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ တွင် အတည်ပြုပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာတည်သော စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ဟု သိကြသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂/၂၀၁၉ နှင့် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အတည်ပြုပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အာဏာတည်သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ ဟုလည်း သိကြသော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇/၂၀၁၉ တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် Berne Conventionတွင် လက်မှတ်မရေးထိုးထားသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ TRIPS သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဉာဏမူပိုင်ခွင့် အဖွဲ့အစည်း (WIPO) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်နှင့် ပတ်သက်သော ဥပဒေများအား WIPO တွင် မှတ်တမ်းတင်ထားသည်။[၁] မူပိုင်ခွင့်များအတွက် ကြီးကြပ်သည့် အဖွဲ့အစည်းမှာ မူပိုင်ခွင့် ဦးစီးဌာန ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဥပဒေမပြဋ္ဌာန်းမီအချိန်ထိ မြန်မာနိုင်ငံတွင် မူပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအတွက် အဖွဲ့အစည်းများ မရှိခဲ့ပေ။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးချိန်မှစ၍ ၂၀၁၉ ခုနှစ်အထိ ၁၉၁၁ ခုနှစ် မူပိုင်ခွင့် အက်ဥပဒေ နှင့် ၁၈၈၉ ခုနှစ် ကုန်ပစ္စည်းအမှတ်တံဆိပ် အက်ဥပဒေ တို့ကို အသုံးပြုခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်ရက်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အဖြစ် သတ်မှတ်ခဲ့သည်။[၂][၃] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia