ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ)
အဖွဲ့အစည်းများ (စီးပွားရေးဆိုင်ရာ သို့ အခြားသော) သို့မဟုတ် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများသည် "အဆိုပါ အဖွဲ့အစည်း၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအတွက် သီးခြားဝီကီပီးဒီးယား ဆောင်းပါး"တစ်ခု ထားရှိရန် တိကျရေရာသော အကြောင်းပြချက်ကို ဆုံးဖြတ်ရာတွင် ဤစာမျက်နှာက ကူညီပေးမည်ဖြစ်သည်။ ဤလမ်းညွှန်ချက်သည် အကျိုးအမြတ်မယူသော ပညာရပ်အဖွဲ့အစည်းများ၊ ဘာသာရေးနှင့် အားကစား အဖွဲ့များမှလွဲ၍ ကျန်အဖွဲ့အစည်းအုပ်စုများအားလုံးအတွက် လွှမ်းခြုံနိုင်ရန် ရည်ရွယ်သည်။ အုပ်စုတစ်ခုအတွက် အခြားသော အကြောင်းအရာသီးသန့် ထင်ရှားအရေးပါမှုလမ်းညွှန်ချက်ရှိပါက ယင်းသည် အဆိုပါ လမ်းညွှန်ချက် သို့မဟုတ် ဤလမ်းညွှန်ချက်အရ ထင်ရှားအရေးပါမှု ရှိနေနိုင်သည်။ ဥပမာ ဂီတအဖွဲ့များသည် WP:MUSIC တွင် ပါဝင်သည်။ ရှင်းလင်းစွာ ဆိုရလျှင် အဖွဲ့အစည်းတစ်ခု ဆိုသည်မှာ ရည်ရွယ်ချက် တစ်ခုခုအတွက် တစ်ဦးတစ်ယောက်ထက်ပိုသော လူများ ပါဝင်ဖွဲ့စည်းထားသည့် အုပ်စုတစ်ခု ဖြစ်သည်။ ယင်းတွင် စီးပွားရေးအရဖြစ်စေ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဆေးရုံများ၊ စိတ်တူကိုယ်တူအဖွဲ့များ၊ လူမှုရေးကလပ်များ ကုမ္ပဏီများ၊ မိတ်ဖက်အဖွဲ့များ၊ အကျိုးအမြတ်ပါသော ပညာရေးအဖွဲ့များ စသည့် စီးပွားရေးအကျိုးအမြတ်မပါသော လှုပ်ရှားမှုဖြစ်စေတို့ ပါဝင်သည်။ ဤလမ်းညွှန်ချက်တွင် မိသားစု၊ ဖျော်ဖြေရေးအဖွဲ့များ၊ ပူးတွဲစာရေးဆရာများ၊ ပူးတွဲတီထွင်သူများ စသည်တို့မပါဝင်ဘဲ ယင်းတို့သည် WP:ထင်ရှားအရေးပါမှု (လူပုဂ္ဂိုလ်များ)တွင် အကျုံးဝင်သည်။ စိစစ်အတည်ပြုနိုင်သော သက်သေအပေါ်မူတည်၍ ဆုံးဖြတ်ခြင်းအဖွဲ့အစည်းတစ်ခုသည် ထင်ရှားအရေးပါခြင်း ရှိမရှိနှင့် သီးခြားဆောင်းပါးတစ်ခု ထားရှိရန်အတွက် ဝီကီပီးဒီးယား၏ ဆုံးဖြတ်ချက်များသည် အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်တစ်ခုနှင့် မသက်ဆိုင်သော ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ ဖော်ပြသည့် စိစစ်အတည်ပြုနိုင်သော သက်သေများအပေါ်တွင် မူတည်သည်။ ထင်ရှားအရေးပါခြင်းအတွက် လိုအပ်သော ရင်းမြစ်များသည် ထုတ်ဝေဖြန့်ချိပြီးဖြစ်ရန် လိုအပ်သည်။ မွေးရာပါ ထင်ရှားအရေးပါခြင်း မဟုတ်ရမည်သည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် မွေးရာပါ ထင်ရှားအရေးပါသည်ဟု မသတ်မှတ်ပါ။ စာသင်ကျောင်းများအပါအဝင် မည်သည့်အဖွဲ့အစည်းဖြစ်စေ ဤသတ်မှတ်ချက်မှ ကင်းလွတ်ခြင်းမရှိပါ။[၁] အကယ်၍ အဖွဲ့အစည်းတစ်ခုသည် လွတ်လပ်သော ရင်းမြစ်များတွင် အနည်းငယ်သာ ဖော်ပြခြင်း သို့မဟုတ် ဖော်ပြထားခြင်း မရှိပါက ထင်ရှားအရေးပါခြင်းမရှိဟု ရိုးရှင်းစွာ သတ်မှတ်သည်။ "ထင်ရှားအရေးပါမှု" သည် "ကျော်စောခြင်း" (နာမည်ကြီးခြင်း) သို့မဟုတ် "အရေးကြီးခြင်း" တို့နှင့် အနက်တူမဟုတ်ပါ။ တည်းဖြတ်သူတို့က အဖွဲ့အစည်းတစ်ခုအပေါ် ပုဂ္ဂိုလ်ရေးအမြင်အရ မည်မျှပင် "အရေးကြီး"သည်ဟု ဆိုစေကာမူ အဆိုပါ အဖွဲ့အစည်းမှ အမှီအခိုကင်းသော၊ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် ရင်းမြစ်များက လုံလောက်သော လွှမ်းခြုံဖော်ပြထားခြင်း မရှိလျှင် ယင်းအဖွဲ့အစည်းအတွက် သီးခြားဆောင်းပါးအား ဝီကီပီးဒီးယားတွင် ထားရှိလိမ့်မည် မဟုတ်ပါ။ အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်များ၏ ထင်ရှားအရေးပါမှုကို အကဲဖြတ်ရာတွင် ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်း၊ ဖျော်ဖြေရေး၊ အားကစား၊ စီးပွားရေး၊ သမိုင်း၊ စာပေ၊ သိပ္ပံ၊ သို့မဟုတ် ပညာရေးတို့အပေါ် အဆိုပါအဖွဲ့အစည်း၊ ထုတ်ကုန်၏ လွှမ်းမိုးနိုင်စွမ်း၊ သက်ရောက်နိုင်စွမ်း မည်ရွေ့မည်မျှရှိသည်ကိုပါ ကျေးဇူးပြု၍ စဉ်းစားပါ။ အဖွဲ့အစည်းကြီးများနှင့် ယင်းတို့၏ ထုတ်ကုန်များအတွက် ထင်ရှားအရေးပါခြင်း သက်သေကို ထောက်ပံ့ပေးနိုင်မည့် ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ စိစစ်အတည်ပြုနိုင်သော အချက်အလက်များမှာ အဆင်သင့် ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း အဖွဲ့အစည်းငယ်များနှင့် ယင်းတို့၏ ထုတ်ကုန်များသည် ထင်ရှားအရေးပါနေနိုင်သည်။ သေးငယ်သော သို့မဟုတ် ဒေသခံ ကုမ္ပဏီများအတွက် ယေဘုယျအားဖြင့် WP:NOTADVERTISING အရ လက်ခံခြင်းမရှိသည့်အတွက် အဖွဲ့အစည်းကြီးများနှင့် ယင်းတို့၏ ထုတ်ကုန်များအပေါ် အလေးပေးသော ဘက်လိုက်မှုများ ဖန်တီးရန်အတွက် တစ်ဖက်သတ် ထင်ရာမြင်ရာများကို အသုံးမပြုသင့်ပေ။ အမွေဆက်ခံထားသော ထင်ရှားအရေးပါခြင်း မဟုတ်ရထင်ရှားသော ပုဂ္ဂိုလ် သို့မဟုတ် ဖြစ်ရပ်တစ်ခုခုနှင့် ဆက်စပ်နေခြင်းကြောင့် အဖွဲ့အစည်းတစ်ခုသည် ထင်ရှားအရေးပါသည်ဟု မသတ်မှတ်ပါ။ ထင်ရှားအရေးပါသော ကုမ္ပဏီခွဲများအား ပိုင်ဆိုင်ခြင်းကြောင့် ကော်ပိုရေးရှင်းတစ်ခုအား ထင်ရှားအရေးပါသည်ဟု မဆိုနိုင်ပါ။ အဖွဲ့အစည်း သို့မဟုတ် ကော်ပိုရေးရှင်းတစ်ခုအား ထင်ရှားအရေးပါခြင်းရှိမရှိကို ယုံကြည်စိတ်ချရသော လွတ်လပ်သည့် ရင်းမြစ်များမှ ဖော်ပြထားသည်များအပေါ် မူတည်၍ ဆွေးနွေးဆုံးဖြတ်သည်။ ဥပမာ ထင်ရှားအရေးပါသူတစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်အား ဝယ်ယူလိုက်ပါက ထိုစားသောက်ဆိုင်သည် ပိုင်ရှင်ထံမှ ထင်ရှားအရေးပါမှုကို "ဆက်ခံခြင်း" မဟုတ်ပါ။ အကယ်၍ ထင်ရှားအရေးပါသူတစ်ဦးသည် အဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်လျှင်လည်း ထိုအဖွဲ့အစည်းသည် အဖွဲ့ဝင်များထံမှ ထင်ရှားအရေးပါမှုကို "ဆက်ခံခြင်း" မဟုတ်ပေ။ အလားတူပင် အဖွဲ့အစည်းတစ်ခုသည် ထင်ရှားအရေးပါနေနိုင်သော်လည်း ယင်း၏ အဖွဲ့ဝင်တစ်ဦး (သို့မဟုတ် အဖွဲ့ဝင်အုပ်စု) သည် အဖွဲ့ဝင်ဖြစ်နေခြင်းကြောင့် ထင်ရှားအရေးပါမှုအား "အမွေဆက်ခံနိုင်ခြင်း" မရှိပေ။ ကော်ပိုရေးရှင်းတစ်ခုသည် ထင်ရှားအရေးပါနေနိုင်သော်လည်း ယင်း၏ လက်အောက်ခံကုမ္ပဏီခွဲများအနေဖြင့် ထင်ရှားအရေးပါမှုကို ပိုင်ဆိုင်သူ ကော်ပိုရေးရှင်းထံမှ "အမွေဆက်ခံနိုင်ခြင်း" မရှိပါ။ အဓိကသတ်မှတ်ချက်များကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့၊ ထုတ်ကုန်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်ခုသည် ယင်းအကြောင်းအား အကြောင်းအရာနှင့် ကင်းလွတ်သော ယုံကြည်စိတ်ချရသည့် ရင်းမြစ်များစွာတွင် ပြည့်စုံလုံလောက်စွာ လွှမ်းခြုံဖော်ပြထားခြင်းရှိမှသာ ထင်ရှားအရေးပါသည်ဟု မှတ်ယူသည်။ သတ်မှတ်ချက်များအပေါ် ဈေးကွက်နှင့် ပြည်သူဆက်ဆံရေးကျွမ်းကျင်သူများက လိုသလိုလှည့်ကစားခြင်းအား ကာကွယ်နိုင်ရန်အတွက် ဤသတ်မှတ်ချက်သည် ရင်းမြစ်များ၏ အရည်အသွေးကို ပိုမိုအလေးပေးထားကာ ယေဘုယျ ထင်ရှားအရေးပါခြင်း လမ်းညွှန်ချက်ကို အလေးအနက်ထား လိုက်နာထားသည်။ ကြော်ငြာနှင့် အရောင်းမြှင့်တင်ရန်အလို့ငှာ ဝီကီပီးဒီးယားအား အလွဲသုံးစားလုပ်လေ့ရှိသော ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် အခြားသောလမ်းညွှန်ချက်များထက် ဤလမ်းညွှန်ချက်က ရည်ရွယ်သည်။ သို့အတွက် ဆောင်းပါးတွင်းတွင် လက်ခံလေ့ရှိသည့် ကိုးကားရင်းမြစ်များထက် ထင်ရှားအရေးပါခြင်းအား ဖော်ပြနိုင်ရန် အသုံးပြုသော ရင်းမြစ်များအပေါ် လိုအပ်ချက်အား တိုးမြှင့်သတ်မှတ်ထားသည်။ သတ်မှတ်ချက်များအား အသုံးပြုခြင်းထင်ရှားအရေးပါခြင်းအား ဖော်ပြနိုင်ရန်အတွက် အောက်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်လေးခုနှင့် ကိုက်ညီခြင်းရှိမရှိကို ရင်းမြစ် တစ်ခုခြင်းစီအား သီးခြား အကဲဖြတ်ရမည် ဖြစ်ကာ အကြောင်းအရာနှင့် လွတ်ကင်းမှုရှိမရှိကိုလည်း ဆန်းစစ်ရမည် ဖြစ်သည်။
ထင်ရှားအရေးပါခြင်းကို ဖော်ပြနိုင်ရန်အတွက် ရင်းမြစ်တစ်ခုခြင်း သည် အထက်ပါ သတ်မှတ်ချက်များ အားလုံးနှင့် ကိုက်ညီရန် လိုအပ်သည်။ ရင်းမြစ်တစ်ခုခြင်းစီသည် သိသိသာသာဖြစ်ခြင်း၊ အမှီအခိုကင်း၍ လွတ်လပ်ခြင်း၊ ယုံကြည်စိတ်ချရခြင်းနှင့် ဒုတိယရင်းမြစ် ဖြစ်ရန် လိုအပ်သည်။ ထို့အပြင် ထင်ရှားအရေးပါခြင်းကို ဖော်ပြနိုင်ရန် ထိုသို့သော ရင်းမြစ်များစွာ ရှိရမည် ဖြစ်သည်။
အထက်ပါ ဥပမာအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ပါက အောက်ပါ ဇယားအတိုင်း အနှစ်ချုပ်နိုင်သည်။
သိသာထင်ရှားစွာ လွှမ်းခြုံဖော်ပြထားခြင်းအကြောင်းအရာအား ရင်းမြစ်တွင် မည်ရွေ့မည်မျှ အလေးအနက်ထား ဖော်ပြထားမှုအား ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ အသေးအဖွဲ သို့မဟုတ် သာမန်ကာလျှံကာ ဖော်ပြထားခြင်းသည် ထင်ရှားအရေးပါမှုအား ဖော်ပြနိုင်ရန် မလုံလောက်ပါ။ သိသာထင်ရှားသော သို့မဟုတ် လေးလေးနက်နက် ဖော်ပြထားမှုသည် ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်တစ်ခု၏ အနှစ်ချုပ်၊ ဖော်ပြချက်၊ ရှင်းလင်းအစီရင်ခံချက်၊ စစ်တမ်း၊ လေ့လာချက်၊ ဆွေးနွေးချက်၊ သုံးသပ်ချက် သို့မဟုတ် အကဲဖြတ်ချက်ကို ထောက်ပံ့ပေးနိုင်သည်။ အဆိုပါ လွှမ်းခြုံဖော်ပြချက်သည် အဖွဲ့အစည်းတစ်ခု၏ ပုံမှန်ထုတ်ပြန်ကြေညာချက်များနှင့် အနှစ်ချုပ်ဖော်ပြချက်များထက် သာလွန်ကောင်းမွန်သော ဆွဲဆောင်မှုရှိပြီး အဖွဲ့အစည်းအကြောင်း အတိုချုပ်၊ မပြည့်စုံသော ဆောင်းပါးတိုထက် များစွာ ရေးသားနိုင်ရန် အထောက်အကူဖြစ်စေသည်။ ကိန်းဂဏန်းအချက်အလက်များအရေအတွက်သည် သိသာထင်ရှားစေမှုကို မဆုံးဖြတ်စေနိုင်ပါ။ သာမန်မျှ အသေးအဖွဲသာ ဖော်ပြထားသော ရင်းမြစ်များစွာ စုစည်းထားခြင်းသည်လည်း သိသာထင်ရှားစေမှုကို မဖြစ်ပေါ်စေပါ။ ကြည့်ရှုမှု၊ နှစ်သက်မှု၊ မျှဝေမှု အရေအတွက် စသည်တို့သည်လည်း သိသာထင်ရှားစေမှုအပေါ် သက်ရောက်မှု မရှိပါ။ အလားတူပင် တစ်ဖက်သတ် စာရင်းအင်းများနှင့် ကိန်းဂဏန်းများ (ဝန်ထမ်း အရေအတွက်၊ အမြတ်ငွေပမာဏ သို့မဟုတ် ကုမ္ပဏီ သက်တမ်း စသည်) သိသာထင်ရှားစေမှုကို လွှမ်းခြုံဖော်ပြစေနိုင်ခြင်း မရှိပါ။ သိသာထင်ရှားစေမှုကို လွှမ်းခြုံဖော်ပြစေနိုင်ရန်အတွက် "ကော်ပိုရေးရှင်းတွင် ဝန်ထမ်းဦးရေ ၅၀၀ ရှိသည်" သို့မဟုတ် "ဂျွန်စမစ် အား စီအီးအိုအသစ်အဖြစ် ခန့်အပ်လိုက်သည်" စသော အချက်အလက်ကိုသာ ဖော်ပြထားခြင်းထက် ဦးဆောင်မှုတွင် ကြီးမားသော ပြောင်းလဲမှုများအကြောင်းကို ရင်းမြစ်များတွင် ဖော်ပြဆွေးနွေးထားခြင်း ရှိရန် လိုအပ်သည်။ ထို့အပြင် သိသာထင်ရှားစေမှုကို ရင်းမြစ်၏ ဂုဏ်သတင်းဖြင့်လည်း မဆုံးဖြတ်ပါ။ ဥပမာ၊ စာလုံးရေ ၄၀၀ ခန့်ပါရှိသော The Village Voice ရှိဆောင်းပါးသည် စာတစ်ကြောင်းမျှသာ ဖော်ပြထားသော The New York Times ထက် ပိုမိုသိသာထင်ရှားစေမှုကို ဖြစ်စေသည်။ သို့သော်လည်း ရင်းမြစ်တစ်ခု၏ ဂုဏ်သတင်းသည် အဆိုပါရင်းမြစ်၏ ယုံကြည်စိတ်ချရမှု နှင့် အမှီအခိုကင်း လွတ်လပ်ခြင်းကို ဆုံးဖြတ်ရာတွင် အထောက်အကူ ဖြစ်စေသည်။ Significant coverage of the company itselfSources are not transferable or attributable between related parties. Sources that describe only a specific topic related to an organization should not be regarded as providing significant coverage of that organization. Therefore, for example, an article on a product recall or a biography of a CEO is a significant coverage for the Wikipedia article on the product or the CEO, but not a significant coverage on the company (unless the article or biography devotes significant attention to the company itself). အသေးအဖွဲ ဖော်ပြချက် နမူနာများထင်ရှားအရေးပါမှု လွှမ်းခြုံဖော်ပြခြင်း လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိသော အသေးအဖွဲ ဖော်ပြချက် နမူနာများ
အထက်ပါ နမူနာများ ပြည့်စုံစေ့စပ်သည်ဟု မဆိုလိုပါ။ စားသောက်ဆိုင်၊ ဖြစ်ရပ်များနှင့် ထုတ်ကုန်အရည်အသွေးများအပေါ် မည်သို့သုံးသပ်ချက်ရှိခြင်းသည် ထင်ရှားအရေးပါမှု လွှမ်းခြုံဖော်ပြခြင်းအတွက် အပြည့်အစုံ ဆွေးနွေးချက်ကို #ထုတ်ကုန် ဝေဖန်ချက်များတွင် ကြည့်ပါ။ အနှစ်သာရရှိသည့် ဖော်ပြချက် နမူနာများလိုအပ်ချက်နှင့် ကိုက်ညီရန် ယေဘုယျအားဖြင့် လုံလောက်သော အနှစ်သာရရှိသည့် ဖော်ပြချက် နမူနာများ
ပရိသတ်ရင်းမြစ်၏ ပရိသတ်အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ နိုင်ငံတကာ၊ နိုင်ငံအဝှမ်း သို့မဟုတ် အနည်ဆုံး ဒေသဆိုင်ရာ ပရိသတ် (ဥပမာ အမေရိကန် မည်သည့်ပြည်နယ်တွင်မဆို ထုတ်ဝေသော အကြီးဆုံး နေ့စဉ်သတင်းစာ) ရှိသော မီဒီယာတွင် သိသာထင်ရှားစွာ လွှမ်းခြုံဖော်ပြမှုသည် ထင်ရှားအရေးပါမှုကို ညွှန်ပြနေခြင်းဖြစ်သည်။ ဒေသန္တရမီဒီယာ (ဥပမာ မြို့ငယ်တစ်ခု၏ အပတ်စဉ်သတင်းစာ) ထဲတွင်သာ ဖော်ပြမှု သို့မဟုတ် စိတ်ပါဝင်စားသူ အကန့်အသတ်ရှိသော မီဒီယာ (ဥပမာ အလွန်ထူးခြားသော အလုပ်အကိုင်ရှိသည့် သူများအတွက်သာ ရည်ရွယ်သော သတင်းလွှာ) သည် ထင်ရှားအရေးပါမှုကို မညွှန်းဆိုနိုင်ပါ။ ဒေသဆိုင်ရာ၊ ပြည်နယ်ဆိုင်ရာ၊ နိုင်ငံဆိုင်ရာ သို့မဟုတ် နိုင်ငံတကာဆိုင်ရာ ရင်းမြစ် အနည်းဆုံး တစ်ခုသည် မဖြစ်မနေ လိုအပ်သည်။ မှတ်စုများ
|
Portal di Ensiklopedia Dunia