ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု
ဝီကီပီးဒီးယားပေါ်တွင် ထင်ရှားအရေးပါမှု ဆိုသည်မှာ ပေးထားသည့် အကြောင်းအရာခေါင်းစဉ်တစ်ခုသည် ယင်း၏ ဆောင်းပါးအတွက် မည်မျှ ကျိုးကြောင်းခိုင်လုံစေသည်ဟူသော အချက်ကို တည်းဖြတ်သူများက ဆုံးဖြတ်သည့် စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။ ဝီကီပီးဒီးယားပေါ်ရှိ အချက်အလက်များသည် စိစစ်အတည်ပြုခံနိုင်မှု ရှိရမည်ဖြစ်သည်။ အကယ်၍ အကြောင်းအရာတစ်ခုအတွက် third-party ရင်းမြစ်များ မရှိခဲ့ပါက ယင်းအကြောင်းအရာအတွက် သီးခြားဆောင်းပါးတစ်ခု မရှိသင့်သေးပေ။ ထင်ရှားအရေးပါမှုအတွက် ဝီကီပီးဒီးယား၏ သဘောထားအမြင်သည် ဤအခြေခံစံနှုန်းပေါ်တွင် မူတည်နေပြီး အကြောင်းအရာများတွင် လက်လွတ်စပယ် ပါဝင်နေခြင်းကို ရှောင်ရှားနိုင်ရန် ဖြစ်သည်။ ဆောင်းပါးများသည် ထင်ရှားအရေးပါမှု သို့မဟုတ် "သတိပြုမိထိုက်လောက်အောင်" ရှိနေရမည်ဖြစ်သည်။ ထင်ရှားအရေးပါမှုကို ဆုံးဖြတ်ရာတွင် ဂုဏ်သတင်းကြီးခြင်း၊ အရေးပါခြင်း၊ သို့မဟုတ် လူကြိုက်များခြင်း စသည့်အချက်များပေါ်တွင် သေချာပေါက် မှီခိုနေသည် မဟုတ်ပါ။ အကြောင်းအရာတစ်ခုသည် အောက်ပါအချက်များ ရှိပါက ဆောင်းပါးတစ်ခုရှိရန် ထိုက်တန်သည်။
ဤသည်မှာ အကြောင်းအရာတစ်ခုသည် သီးခြားဆောင်းပါးတစ်ပုဒ်အနေဖြင့် ရှိနေသင့်သည်ဟူသော အချက်ကို အာမခံထားခြင်း မဟုတ်ပါ။ တည်းဖြတ်သူများသည် သူတို့၏ လိမ္မာပါးနပ်မှုကို အသုံးချ၍ ပေါင်းစပ်ခြင်း သို့မဟုတ်၊ နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော ဆက်စပ်သည့် ခေါင်းစဉ်များကို အုပ်စုဖွဲ့ကာ ဆောင်းပါးတစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်းများ ပြုလုပ်နိုင်သည်။ အောက်ပါ လမ်းညွှန်ချက်များသည် အကြောင်းအရာတစ်ခုအတွက် သီးခြားဆောင်းပါး သို့မဟုတ် စာရင်းဆောင်းပါး အဖြစ် သင့်လျော်သည်ကို ထုတ်နှုတ်ပြသထားမည် ဖြစ်သည်။ ယင်းတို့သည် ဆောင်းပါးတစ်ခု သို့မဟုတ် စာရင်းဆောင်းပါးတစ်ခု၏ ပါဝင်အကြောင်းအရာကို ကန့်သတ်ထားမည် မဟုတ်ပါ။ ဝီကီပီးဒီးယား၏ မူဝါဒဆိုင်ရာ အကြောင်းအရာအတွက် ဘက်မလိုက်သော အမြင်၊ စိစစ်အတည်ပြုခံနိုင်မှု၊ ကိုယ်တိုင် ထုတ်ဖော်ထားသော သုတေသနများ၊ ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ၊ နှင့် သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိတို့တွင် ဖတ်ရှုပါ။ ထင်ရှားအရေးပါမှုအတွက် ယေဘုယျ လမ်းညွှန်ချက်အကယ်၍ အကြောင်းအရာ တစ်ခုသည် အကြောင်းအရာနှင့် မဆက်စပ်ဘဲ သီးခြားတည်ရှိနေသော ခိုင်လုံသော အရင်းအမြစ်များမှ သိသာထင်ရှားသော ဖော်ပြမှု ရှိသည်ဆိုပါက ထို အကြောင်းအရာသည် ဆောင်းပါးတစ်ခု သို့မဟုတ် စာရင်းတစ်ခု အဖြစ် သီးခြားဖော်ပြရန် လုံလောက်သည်ဟု သတ်မှတ်သည်။
အကယ်၍ အကြောင်းအရာတစ်ခုသည် ဤသတ်မှတ်ချက်များနှင့် ကိုက်ညီမနေသော်လည်း စိစစ်အတည်ပြုနိုင်သော အချက်အလက်များ ရှိနေပါက ယင်းအကြောင်းအရာကို အခြား ဆောင်းပါးအတွင်းတွင် ထည့်သွင်းဆွေးနွေးခြင်းက ပိုမို အသုံးဝင်နိုင်ပါသည်။ ထင်ရှားအရေးပါမှုအတွက် လမ်းညွှန်ချက်သည် ဆောင်းပါးအတွင်းမှ အတွင်းစာသားများနှင့် မပတ်သက်ပါဆောင်းပါးတစ်ပုဒ်ကို ဖန်တီးခြင်း သို့မဟုတ် ဆက်လက်ထိန်းသိမ်းထားခြင်းအတွက် သတ်မှတ်ချက်များသည် ယင်းဆောင်းပါးတွင် ပါဝင်သော အတွင်းစာသားများအတွက် သတ်မှတ်ချက်များနှင့် မတူညီပါ။ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်များသည် ဆောင်းပါး သို့မဟုတ် စာရင်းများ၏ အတွင်းစာသားများအတွက် အကျုံးမဝင်ပါ။ ပေးထားသော ဆောင်းပါး သို့မဟုတ် စာရင်းတစ်ခု၏ အကြောင်းအရာလွှမ်းခြုံမှုကို due weight နှင့် အခြားသော ပါဝင်အကြောင်းအရာ မူဝါဒများတို့နှင့် ထိန်းသိမ်းသည်။ စာရင်းဆောင်းပါးများအတွက် နောက်ထပ် အချက်အလက်များကို စာရင်းများ၏ ထင်ရှားအရေးပါမှု နှင့် စာရင်း ရွေးချယ်မှု သတ်မှတ်ချက်များတွင် ကြည့်ပါ။ ဆောင်းပါးအတွင်းမှ အတွင်းစာသားများသည် ထင်ရှားအရေးပါမှုအတွက် အဆုံးအဖြတ်မပေးပါထင်ရှားအရေးပါမှု ဆိုသည်မှာ ဆောင်းပါးခေါင်းစဉ်အတွက်သာ ဖြစ်ပြီး ဆောင်းပါးကို ဆိုလိုခြင်း မဟုတ်ပါ။ အကယ်၍ ဆောင်းပါး အကြောင်းအရာသည် ဝီကီပီးဒီးယားပြင်ပတွင် ဖော်ပြခံရခြင်း မရှိပါက ဝီကီပီဒီးယားအတွင်း ရေးသားထားသော အကြောင်းအရာများကို မည်၍မည်မျှပင် ကောင်းမွန်အောင် ရေးသားစေကာမူ ထင်ရှားအရေးပါမှု ဖြစ်လာမည် မဟုတ်ပါ။ အခြားတစ်ဘက်က ကြည့်လျှင် အကယ်၍ ပြင်ပအရင်းအမြစ်များ ရှိပါက ဝီကီပီဒီးယား ဆောင်းပါးကို မည်မျှပင် စုတ်ပြတ်အောင် ရေးသားထားစေကာမူ ဝီကီပီးဒီးယားအတွင်း ရည်ညွှန်းမှုသည် အကြောင်းအရာ၏ ထင်ရှား အရေးပါမှုကို လျော့ပါးသွားစေလိမ့်မည် မဟုတ်ပေ။ ထင်ရှားအရေးပါမှုအတွက် စစ်ဆေးနိုင်သော သက်သေအထောက်အထားလိုအပ်သည်ထင်ရှားအရေးပါမှုသည် ခဏတာအတွက် မဟုတ်ပါထင်ရှားအရေးပါမှုရှိသော ခေါင်းစဉ်သည် အများ၏ အာရုံစိုက်မှုကို လုံလောက်သော အချိန်အတိုင်းအတာ တစ်ခုအထိ ဆွဲဆောင်ထားနိုင်သည်ဆောင်းပါးသီးသန့် ခွဲခြားရေးသားရန် လိုအပ်မှု ရှိမရှိအဘယ်ကြောင့် ဝီကီပီဒီးယားတွင် ထိုကဲ့သို့သော လိုအပ်ချက်များရှိနေသည်ကို သိရှိရန်ကြုံတွေ့နေကျ အခြေအနေများမှတ်စုများ
|
Portal di Ensiklopedia Dunia