- ဤစာမျက်နှာကို ရှင်းသန့်ရန် နှိပ်ပါ
 | ဆောင်းပါးတစ်ခုအား ဖျက်ပစ်ရန် အဆိုမပြုမီ အခြားသော ပိုမိုသင့်လျော်နိုင်မည့် နည်းလမ်းများကို စဉ်းစားကြည့်ပါ။
|
ဖျက်ပစ်ရမည့်ဆောင်းပါးများ (Articles for deletion; အတိုကောက် AfD) သည် ဆောင်းပါးတစ်ခုအား ဖျက်သင့်မဖျက်သင့်ကို ဝီကီပီးဒီးယန်းများက ဆွေးနွေးကြသော နေရာတစ်ခု ဖြစ်သည်။ စာရင်းပြုလိုက်သော ဆောင်းပါးများကို ပုံမှန်အားဖြင့် အနည်းဆုံး ခုနစ်ရက်ကြာ ဆွေးနွေးကြပြီး ရရှိလာသော လူထုသဘောထားအလိုက် ဖျက်ပစ်ခြင်း လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သည်။ ယေဘုယျရလဒ်များအနေဖြင့် ဆောင်းပါးကို ထိန်းသိမ်းခြင်း၊ ပေါင်းစပ်ခြင်း၊ ပြန်ညွှန်းခြင်း၊ အခြားခေါင်းစဉ်သို့ အမည်ပြောင်းခြင်း/ရွှေ့ပြောင်းခြင်း၊ အသုံးပြုသူ စာမျက်နှာခွဲသို့ userfiedပြုလုပ်ခြင်း၊ သို့မဟုတ် ဖျက်ပစ်ခြင်း မူဝါဒအရ ဖျက်ပစ်ခြင်းတို့ ဖြစ်သည်။
ဤစာမျက်နှာတွင် အဆိုမပြုမီ ထည့်သွင်းစဉ်းစားသင့်သည်များ၊ အဆိုပြုခြင်းအတွက် အဆင့်များ၊ AfD တစ်ခုအား ဆွေးနွေးပုံများ စသည်တို့ကို ရှင်းလင်းပြသထားသည်။
ဆောင်းပါးတစ်ခုအား အဆိုပြုလိုပါက ဝီကီပီးဒီးယား ဖျက်ပစ်ခြင်း မူဝါဒတွင် ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များကို ရှင်းလင်းထားပြီး ဆောင်းပါးတစ်ခုအား အဆိုပြုသင့် မပြုသင့်ကို နားလည်နိုင်စေရန် ကူညီပေးနိုင်ပါသည်။ ဖျက်ပစ်ခြင်းအတွက် လမ်းညွှန်တွင် ဖျက်ပစ်ခြင်း လုပ်ငန်းစဉ်ကို ရှင်းလင်းထားပါသည်။ အကယ်၍ ဆောင်းပါးတစ်ပုဒ်သည် ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များတွင် အကျုံးဝင်နေပြီး လုပ်ငန်းစဉ်ကိုလည်း သင်နားလည်နေပါက လမ်းညွှန်ချက်များကို အောက်တွင် ရှင်းလင်းထားပါသည်။ အကယ်၍ သင့်အနေဖြင့် စာမျက်နှာတစ်ခုသည် ဖျက်သင့်မဖျက်သင့် မရေရာပါက သို့မဟုတ် အကူအညီလိုအပ်ပါက ဤဆွေးနွေးချက် စာမျက်နှာ သို့မဟုတ် ဝီကီပီးဒီးယား အကူအညီစားပွဲတွင် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
လက်ရှိ ဖျက်ရန် အဆိုပြုထားသော ဆွေးနွေးချက်များ
လက်ရှိ ဆွေးနွေးချက်များ
ဖျက်ရန် အဆိုပြုထားသော ဆောင်းပါးများစာရင်းကို အဆိုပြုထားသည့် ရက်စွဲဖြင့် စာရင်းပြုထားသည်။ Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/မှတ်တမ်း/ယနေ့ သို့မဟုတ် Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/မှတ်တမ်း/မနေ့ တို့ကိုလည်း ကြည့်ရှုနိုင်သည်။
လုပ်ဆောင်နည်း – အသစ်ထည့်ရန်
- ၂၁ မေ (ဗုဒ္ဓဟူး)
- ၂၀ မေ (အင်္ဂါ)
- ၁၉ မေ (တနင်္လာ)
- ၁၈ မေ (တနင်္ဂနွေ)
- ၁၇ မေ (စနေ)
- ၁၆ မေ (သောကြာ)
- ၁၅ မေ (ကြာသပတေး)
- ၁၄ မေ (ဗုဒ္ဓဟူး)
ဆောင်းပါး(များ)အား ဖျက်ပစ်ရန်အတွက် အဆိုပြုခြင်း
အဆိုမပြုမီ အခြားသော နည်းလမ်းများကို စဉ်းစားကြည့်ပါ
ဆောင်းပါး(များ)အား ဖျက်ပစ်ရန်အတွက် အဆိုပြုတော့မည်ဆိုပါက အောက်ပါတို့ကို သတိပြုပါ။
- က။ အောက်ပါမူဝါဒများနှင့် လမ်းညွှန်ချက်များကို ဖတ်ရှု နားလည်ထားပါ။
- ဝီကီပီးဒီးယား ဖျက်ပစ်ခြင်း မူဝါဒ
- ထင်ရှားအရေးပါခြင်း (WP:N)၊ စိစစ်အတည်ပြုခံနိုင်မှု (WP:V)၊ ယုံကြည်စိတ်ချရသော ရင်းမြစ်များ (WP:RS) နှင့် ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ (WP:NOT)
AfD ဆွေးနွေချက်ပြီးနောက် သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဆောင်းပါးများအား ဖျက်ခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း စသည်တို့ကို သိရှိနိုင်ရန် Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/ယေဘုယျရလဒ်များ ကို ကြည့်ပါ။
- ခ။ အောက်ပါတို့ကို လုပ်ဆောင်ပါ။
- ဆောင်းပါးသည် မဆိုင်းမတွ ဖျက်ပစ်ခြင်းသတ်မှတ်ချက်များနှင့် မကိုက်ညီနေကြောင်း စစ်ဆေးပါ။
- စိစစ်အတည်ပြုခံနိုင်မှု၊ ထင်ရှားအရေးပါခြင်း သို့မဟုတ် အခြားသော သက်ဆိုင်သည့် ရင်းမြစ်များ ရှိနေပါက ယုံကြည်စိတ်ချရသော ရင်းမြစ်များကို ရှာဖွေပါ။ (အဆင့် ဃ ကို ကြည့်ပါ။)
- ဖြစ်နိုင်ခြေရှိသော လက်သရမ်းမှုများနှင့် ညံ့ဖျင်းသော တည်းဖြတ်မှုများ ရှိမရှိကို ဆောင်းပါး၏ ရာဇဝင်တွင် စစ်ဆေးပါ။
- ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာ တွင် ယခင်က အဆိုပြုထားဖူးခြင်း ရှိမရှိနှင့် သင်၏ ကန့်ကွက်ချက်များကို ယခင်က ဖြေရှင်းထားခြင်း ရှိမရှိတို့ကို စစ်ဆေးပါ။
- စာမျက်နှာအား ဝီကီပီးဒီးယားအတွင်းတွင် ဆက်စပ်အသုံးပြုထားခြင်းများနှင့် ကိုးကားထားခြင်းများ ရှိမရှိအတွက် ဆောင်းပါး၏ sidebar ရှိ "ဘယ်ကလင့်ခ်ထားသလဲ"မှတဆင့် စစ်ဆေးပါ။
- sidebar ရှိ interlanguage လင့်ခ်များကိုလည်း စစ်ဆေးပါ။
- ဂ။ ဆောင်းပါးအား ဖျက်ပစ်သည်ထက် ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ရန် စဉ်းစားပါ။
- ဆောင်းပါးကို ပုံမှန်တည်းဖြတ်မှုဖြင့် ပြင်ဆင်ထိန်းညှိနိုင်ပါက AfD အတွက် ရွေးချယ်စရာ မဟုတ်နိုင်ပါ။
- ဆောင်းပါးကို မကြာသေးမီက ဖန်တီးထားခြင်း ဖြစ်ပါက ပံ့ပိုးဆောင်ရွက်ထားသူအား ဆောင်းပါးကို ဆက်လက်ရေးသားနိုင်စေရန်အတွက် အချိန်ပေးပါ။
- သင့်ယူဆချက်ကို ဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာမှတဆင့် ဆောင်းပါး၏ ကိစ္စရပ်ကို တင်ပြခြင်းဖြင့် အဓိက ပံ့ပိုးရေးသားထားသူများနှင့် ဆွေးနွေးကြည့်ပါ။ သို့မဟုတ်
{{notability}}
, {{hoax}}
, {{original research}}
, သို့မဟုတ် {{advert}}
ကဲ့သို့သော ရှင်းလင်းရေး စာတွဲများကို ထည့်သွင်းခြင်းဖြင့် ဖတ်ရှုသူများအား ပြဿနာကို သတိပြုမိစေနိုင်ပြီး ဝင်ရောက် ဖြေရှင်းသွားနိုင်ပါသည်။
- ဆောင်းပါးအကြောင်းအရာသည် ဆောင်းပါးတစ်ခုအနေဖြင့် သီးသန့်ထားရှိနိုင်လောက်သည့် အရေးပါမှုမရှိပါက ရှိနှင့်ပြီး ဆောင်းပါးတစ်ခုနှင့် ပေါင်းစပ်ခြင်း သို့မဟုတ် ပြန်ညွှန်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
- ဃ။ အဓိကအကြောင်းအရာသည် ထင်ရှားအရေးပါမှု ရှိနေပါက ရင်းမြစ်များကို ထပ်မံရှာဖွေပါ။
- အနည်းဆုံး မျှော်လင့်နိုင်သည့် ရှာဖွေမှုများမှာ ပုံမှန် ဂူဂယ်ရှာဖွေမှု၊ ဂူဂယ်စာအုပ်ရှာဖွေမှု၊ ဂူဂယ်သတင်းရှာဖွေမှုနှင့် ဂူဂယ်သတင်း မော်ကွန်း ရှာဖွေမှုတို့ ဖြစ်သည်။
- အကယ်၍ ရင်းမြစ်ကင်းမဲ့နေပါက အဆိုမပြုမီ သင်သည် ဆီလျော်သော အခြေခံအချက်များကို ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော် အလျင်အမြန်ရှာဖွေရာမှ ရင်းမြစ်များ ရရှိလာပါက ရင်းမြစ်ကိုမူတည်သော AfD သည် အကြောင်းမဲ့ ဖြစ်သည်ဟု အမြဲတမ်း မဆိုလိုပါ။ ရင်းမြစ်များကို စစ်ဆေးရာတွင် အချိန်ပိုမိုပေးနိုင်ခဲ့ပြီး ယင်းကို မလုံလောက်ဟု ဆုံးဖြတ်ပါက AfD အဆိုပြုခြင်းသည် သင့်လျော်ပါသည်။
- လုံလောက်သော ရင်းမြစ်များ ရှိနေပြီး ဆောင်းပါးထဲတွင် ထိုရင်းမြစ်များ မပါဝင်နေခြင်းကြောင့် ဖျက်ရန် အဆိုပြုခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ယင်းအစား ရင်းမြစ်များကို မည်သို့ ကိုးကားမည်နည်း တွင် ဖော်ပြထားသော အကြံပြုချက်များကို အသုံးပြု၍ ရင်းမြစ်များကို ကိုးကားပြုထည့်သွင်းနိုင်သည်။ သို့မဟုတ် ရင်းမြစ်နှင့် ပတ်သက်၍ သတိပြုမူနိုင်စေရန် ဆီလျော်သော တမ်းပလိတ်စာတွဲကို ထည့်သွင်းနိုင်သည်။ အသုံးပြုလေ့ရှိသော တမ်းပလိတ်များတွင် {{unreferenced}}, {{refimprove}}, {{third-party}}, {{primary sources}} နှင့် {{one source}} စသည်တို့ ပါဝင်သည်။
စာမျက်နှာတစ်ခုအား ဖျက်ပစ်ရန်အတွက် အဆိုပြုပုံနည်းလမ်း
ဤအပိုင်းတွင် ဆောင်းပါးများ နှင့် ယင်းတို့၏ ဆက်စပ် ဆွေးနွေးချက်စာမျက်နှာများအား ဖျက်ပစ်ရန်အတွက် မည်သို့ စာရင်းသွင်းရမည်ကို ဖော်ပြထားသည်။ ဆက်စပ်အခြားစာမျက်နှာများအတွက် တမ်းပလိတ်များ၊ ကဏ္ဍများ၊ ပြန်ညွှန်းများ၊ ဆောင်းပါးတို အမျိုးအစားများ၊ အသုံးပြုသူ စာမျက်နှာများ သို့မဟုတ် ပုံများနှင့် အခြားမီဒီယာများ၊ သို့မဟုတ် မူပိုင်ခွင့် ချိုးဖောက်ခြင်းများ တို့ကို အသုံးပြုပါ။ အခြားဘာသာစကားဖြင့် ရေးသားထားသော စာမျက်နှာများ၊ ထပ်နေသော စာမျက်နှာများနှင့် အခြားကိစ္စရပ်များကဲ့သို့သော ပြဿနားများအတွက် ဖျက်ပစ်ခြင်းသည် မလိုအပ်ကြောင်း သတိပြုပါ။
မှတ်ပုံတင်ထားပြီး လော့ဂ်အင်ပြုလုပ်ထားသော အသုံးပြုသူများသာလျှင် အဆင့် ၂ နှင့် အဆင့် ၃ ကို ဆောင်ရွက်နိုင်သည်။ (အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများအနေဖြင့် အဆိုပြုခြင်းကို Twinkle ကိရိယာဖြင့်လည်း ဆောင်ရွက်နိုင်သည်။) အကယ်၍ သင်သည် မှတ်ပုံတင်ထားခြင်း မရှိပါက အဆင့် ၁ ကို သာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာတွင် အဆိုပြုရခြင်းအတွက် အကြောင်းပြချက်ကို ရေးသားပြီး Wikipedia talk:ဖျက်ပစ်ရမည့်ဆောင်းပါးများ တွင် တစ်စုံတစ်ဦးအား အဆိုပြုခြင်း လုပ်ငန်းစဉ် ပြီးမြောက်စေရန် တောင်းဆိုသည့် စာတိုအား ရေးသားပါ။
- စာမျက်နှာများကို ဖျက်ရန်အတွက် အဆိုပြုနိုင်ရန် သင့်အနေဖြင့် လော့ဂ်အင် ဝင်ရောက်ထားရန် လိုအပ်သည်။ သို့မဟုတ်ပါက သင့်တည်းဖြတ်မှုသည် အမည်မသိ အသုံးပြုသူအနေဖြင့် ဖြစ်နေကာ ဖျက်ပစ်ရန် အဆိုပြုခြင်း လုပ်ငန်းစဉ်တွင် နှောင့်နှေးနိုင်သည်။
- စာမျက်နှာတစ်ခုအား ဖျက်ပစ်ရန်အတွက် အဆိုပြုနိုင်ရန် Twinkle ကို အသုံးပြုနိုင်သလို အောက်ပါ အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နိုင်သည်။
I.
|
ဆောင်းပါးစာမျက်နှာတွင် ဖျက်ရန်စာတွဲကို ထည့်သွင်းပါ။
{{subst:afd1}} ကို ဆောင်းပါး၏ ထိပ်ဆုံး တွင် ထည့်သွင်းပါ။
- အကယ်၍ ဆောင်းပါးသည် ယခင်က အဆိုပြုခဲ့ဖူးခြင်း ရှိပါက
{{subst:afdx|ဒုတိယအကြိမ်}} သို့မဟုတ် {{subst:afdx|တတိယအကြိမ်}} စသဖြင့် ထည့်သွင်းပါ။
- ယင်းတည်းဖြတ်မှုကို အရေးမကြီးသော ပြင်ဆင်မှုအဖြစ် မမှတ်သားရ။
- တည်းဖြတ်မှု အကျဉ်းချုပ်တွင်
AfD: ဖျက်ပစ်ရန်အတွက် အဆိုပြုခြင်း၊ [[Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/NominationName]]တွင် ကြည့်ပါ။ ဟု ထည့်သွင်းပြီး NominationName နေရာတွင် အဆိုပြုလိုက်သော စာမျက်နှာအမည်ကို ထည့်ပါ။
- NominationName သည် ပုံမှန်အားဖြင့် ဆောင်းပါးအမည် ဖြစ်သည်။ (
PageName ) သို့သော် ယခင်က အဆိုပြုခဲ့ဖူးခြင်းရှိပါက "PageName (ဒုတိယအကြိမ် အဆိုပြုခြင်း) " သို့မဟုတ် "PageName (တတိယအကြိမ် အဆိုပြုခြင်း) " စသဖြင့် ရေးသားပါ။)
- သင့်အနေဖြင့် "ဤစာမျက်နှာကို စောင့်ကြည့်ရန်" အကွက်တွင် အမှန်ခြစ်ထားကာ စာမျက်နှာကို သင်၏ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းနိုင်သည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် AfD စာတွဲ ဖယ်ရှားခဲ့ပါက သိရှိနိုင်သည်။
- စာမျက်နှာကို သိမ်းဆည်းပါ။ ("ပြောင်းလဲမှုများကို လွှင့်တင်ရန်" ကို နှိပ်ပါ)
|
II.
|
ဆောင်းပါး ဖျက်ပစ်ရန်အတွက် ဆွေးနွေးချက် စာမျက်နှာ ဖန်တီးပါ။
ဆောင်းပါးစာမျက်နှာ ထိပ်ဆုံးရှိ AfD အကွက်တွင် "အသင့်ပြင်ဆင်ထားသော အငြင်းအခုံ စာမျက်နှာ" ဟူသော လင့်ခ်တစ်ခု ပါဝင်နေလိမ့်မည်။
- ထိုလင့်ခ်ကို နှိပ်၍ ဆောင်းပါး ဖျက်ပစ်ရန်အတွက် ဆွေးနွေးချက် စာမျက်နှာကို ဖန်တီးနိုင်သည်။ အချို့သော စာသားများနှင့် လမ်းညွှန်ချက်များ ပေါ်လာလိမ့်မည်။
- ဖျက်ပစ်ရန်အတွက် အကြောင်းပြချက်နှင့် အငြင်းအခုံ ကဏ္ဍကို ထည့်သွင်းပါ။ (ထိုစာမျက်နှာတွင် လမ်းညွှန်ချက် ပါဝင်သည်။)
သို့မဟုတ်
- "ဤဆောင်းပါးအတွက် ဆွေးနွေးချက် စာမျက်နှာ" ကို နှိပ်ပြီး ဖျက်ပစ်ရန်အတွက် ဆွေးနွေးငြင်းခုံသည့် စာမျက်နှာကို ဖန်တီးပါ။
- ဤစာသားကို ထည့်သွင်းပါ
{{subst:afd2 | pg=PageName | text=မည်သည့်အတွက်ကြောင့် ဖျက်သင့်သည်ဟူသော အကြောင်းပြချက်}} ~~~~
PageName ကို စာမျက်နှာ၏ အမည်ဖြင့် အစားထိုးပါ။ မည်သည့်အတွက်ကြောင့် ဖျက်သင့်သည်ဟူသော အကြောင်းပြချက် စာသားနေရာတွင် ဖျက်သင့်သည့် အကြောင်းပြချက်ကို ရေးပါ။
- "ဤစာမျက်နှာကို စောင့်ကြည့်ရန်" ကို အမှန်ခြစ်ကာ အငြင်းအခုံကို စောင့်ကြည့်နိုင်သည်။
- တည်းဖြတ်မှု အကျဉ်းချုပ်တွင်
[[PageName]] အား ဖျက်ပစ်ရန်အတွက် အငြင်းအခုံစာမျက်နှာ ဖန်တီးခြင်း စသဖြင့် ရေးသားပါ။
- စာမျက်နှာကို သိမ်းဆည်းပါ။ ("စာမျက်နှာကို လွှင့်တင်ရန်" ကို နှိပ်ပါ)
|
III.
|
ဖျက်ပစ်ရမည့် ဆောင်းပါးဆိုင်ရာ ဆွေးနွေးချက်များကို စောင့်ကြပ်ကြည့်ရှုနေသော အသုံးပြုသူများထံ အသိပေးပါ။
- ဖျက်ပစ်ရမည့်ဆောင်းပါးများ မှတ်တမ်း စာမျက်နှာကို ဖွင့်ပါ။
- မှတ်တမ်းစာမျက်နှာ၏ စာရင်းများ ထိပ်ဆုံး တွင်
{{subst:afd3 | pg=NominationName}} ကုဒ်ကို ရေးသားပြီး NominationName နေရာတွင် သင့်လျော်သော ("PageName ", "PageName (ဒုတိယအကြိမ် အဆိုပြုခြင်း) " စသဖြင့်) ရေးပါ။
- သင့်တည်းဖြတ်မှု အကျဉ်းချုပ်တွင် ဆွေးနွေးချက် စာမျက်နှာကို အောက်ပါအတိုင်း လင့်ခ်ထည့်သွင်းပါ။
[[Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/NominationName]] ကို ထည့်သွင်းခြင်း
- စာမျက်နှာကို သိမ်းဆည်းပါ။
|
AfD တစ်ခုအား ဖန်တီးခြင်း
အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများအနေဖြင့် ဆောင်းပါးတစ်ခုအား ဖျက်ရန်အဆိုပြုခြင်းအတွက် အောက်ပါတမ်းပလိတ်ကို အသုံးပြုနိုင်သည်။
ယင်းသို့ ဆောင်ရွက်ပြီးပါက {{subst:AFD|စာမျက်နှာခွဲအမည်}}
တမ်းပလိတ်ကို ဆောင်းပါးစာမျက်နှာ၏ ထိပ်ဆုံးနှင့် လတ်တလော ဖျက်ရန်အဆိုပြုထားမှု မှတ်တမ်းစာမျက်နှာတို့တွင် ထားရှိရန် မမေ့ပါနှင့်။
အဆိုပြုပြီးနောက် တည်းဖြတ်သူများအား အသိပေးခြင်း
ဆောင်းပါးတစ်ခုအား AfD တွင် ဆွေးနွေးရန် စာရင်းသွင်းပြီးနောက်တွင် ယင်းကိစ္စအား သတိပြုမိလာစေရန်နှင့် အခြားတည်းဖြတ်သူများမှ ပါဝင်ဆွေးနွေးလာစေရန် လိုအပ်သည်။
- ဆောင်းပါးကို အဓိက ပါဝင်ရေးသားထားသူများအား အသိပေးခြင်း
ဆောင်းပါးကို ဖန်တီးခဲ့သူနှင့် ဆောင်းပါးတွင် များများစားစား ပါဝင်ရေးသားထားသူများကို ထိုဆောင်းပါးအား သင့်အနေဖြင့် ဖျက်ပစ်ရန် အဆိုပြုထားကြောင်းကို ပုံမှန်အားဖြင့် အသိပေးရန် စဉ်းစားပါ။ ဘော့အကောင့်များနှင့် အရေးမကြီးသော တည်းဖြတ်မှုများကို ပြုလုပ်ခဲ့သူများ၊ နှင့် ဆောင်းပါးအား တည်းဖြတ်ခဲ့ခြင်း မရှိခဲ့သူများကို အသိပေးရန် မလိုအပ်ချေ။ အဓိက ပါဝင်ရေးသားသူများအား သိရှိနိုင်ရန် ဆောင်းပါး၏ စာမျက်နှာ ရာဇဝင် သို့မဟုတ် ဆွေးနွေးချက် စာမျက်နှာတို့တွင်လည်းကောင်း၊ စာမျက်နှာရာဇဝင်ကိရိယာ သို့မဟုတ် ဝီကီပီးဒီးယား စာမျက်နှာ ရာဇဝင် စာရင်းအင်း တို့တွင် ကြည့်ရှုပါ။ {{subst:AfD-notice|ဆောင်းပါးအမည်|AfD ဆွေးနွေးချက် ခေါင်းစဉ်}}
တမ်းပလိတ် အသုံးပြုပါ။
ဤအဆင့်တွင် သင်သည် အဆိုပြုသူတစ်ဦး လုပ်ဆောင်စရာများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ တစ်ခါတစ်ရံတွင် ခုနစ်အကြာတွင် တစ်စုံတစ်ဦးမှ ဆွေးနွေးချက်ကို ပိတ်သိမ်းခြင်း သို့မဟုတ် လိုအပ်ပါက နောက်ထပ် ခုနစ်ရက် ဆက်လက်ဆွေးနွေးရန် "ပြန်လည်စာရင်းသွင်းခြင်း"တို့ကို လုပ်ဆောင်မည် ဖြစ်သည်။ (ထို"တစ်စုံတစ်ဦး"သည် အဆိုပြုသူ သင်မဟုတ်ရပါ။ သို့သော် မည်သို့မည်ပုံ ဖြစ်ပျက်သည်ကို သိရှိရန်အတွက် အောက်တွင် ဆက်လက် ဖော်ပြထားပါသည်။)
အဆိုပြုခြင်းကို ပြန်လည်ရုပ်သိမ်းခြင်း
အကယ်၍ ဖျက်ပစ်ရန် အဆိုပြုခြင်းအား ထောက်ခံပေးသူမရှိသဖြင့် သင့်အနေဖြင့် အဆိုပြုထားခြင်းတွင် စိတ်ပြောင်းလဲမှုရှိပါက အဆိုပြုထားခြင်းကို ပြန်လည်ရုပ်သိမ်းနိုင်သည်။ ယင်းသည် ဆွေးနွေးချက်ဖြင့် အကြောင်းအရာအတွက် အချက်အလက်အသစ်များ ရရှိလာခြင်း၊ သို့မဟုတ် အဆိုပြုခြင်းသည် မှားယွင်းဆောင်ရွက်မိခြင်းဟု သင်ယူဆမိခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
အဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းရန်အတွက် ဆွေးနွေးချက် ထိပ်ရှိ သင်၏ အဆိုပြုချက်အောက်တွင် "အဆိုပြုသူမှ ပြန်လည်ရုပ်သိမ်းခြင်း" ဟု ရေးကာ အတိုချုံ့ရှင်းပြပြီး လက်မှတ်ထိုး၍ ရုပ်သိမ်းနိုင်သည်။
အကယ်၍ မည်သူကမှ ဖျက်ပစ်ရန်ကို ထောက်ခံခြင်း မရှိပါက ဆွေးနွေးချက်ကို သင်ကိုယ်တိုင် Speedy keep အနေဖြင့် သင်ကိုယ်တိုင် ပိတ်သိမ်း၍သော်လည်းကောင်း၊ သို့မဟုတ် အခြားတစ်စုံတစ်ဦးက ဆွေးနွေးချက်ကို ဝင်ရောက်ပိတ်သိမ်းသွားရန်အတွက် ချန်ထားခဲ့နိုင်သည်။
AfD ဆွေးနွေးချက်တစ်ခုအား ပိတ်သိမ်းခြင်း
စီမံခန့်ခွဲသူ မဟုတ်သူက ပိတ်သိမ်းခြင်းအတွက် လုပ်ထုံးလုပ်နည်း (အဆိုပြုသူမှ ပြန်လည်ရုပ်သိမ်းခြင်း)
အထက်တွင်ဖော်ပြထားသည့်အတိုင်း အခြားသော အမြင်များ အားလုံးသည် ထိန်းသိမ်းထားရန် ကို ညွှန်းဆိုနေပါက အဆိုပြုထားသူအနေဖြင့် အဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းနိုင်ပြီး speedy keep အကြောင်းပြချက် #၁ အနေဖြင့် ဆွေးနွေးချက်ကို ပိတ်သိမ်းနိုင်သည်။
ဤလုပ်ထုံးလုပ်နည်းတွင် အောက်ပါအတိုင်း စာမျက်နှာသုံးခုတွင် ပြင်ဆင်ရန်များ ပါဝင်သည်။
- ဖျက်ပစ်ရန် ဆွေးနွေးချက် စာမျက်နှာတွင်
{{AfDh}}
/{{AfDb}}
/{{Closing}}
တမ်းပလိတ်များ ရှိနေပါက ဖယ်ရှားပါ။
- စာမျက်နှာ ထိပ်ဆုံးတွင် {{subst:Afd top|'''ထိန်းသိမ်းထားရန်'''။ အဆိုပြုခြင်း ပြန်လည်ရုပ်သိမ်းခြင်း ([[WP:NAC|စီမံခန့်ခွဲသူ မဟုတ်သူက ပိတ်သိမ်းခြင်း]])}} ~~~~ ဟု ထည့်သွင်းပါ။
- စာမျက်နှာ အောက်ဆုံးတွင် {{subst:Afd bottom}} ကို ထည့်သွင်းပါ။
- တည်းဖြတ်အကျဉ်းချုပ်တွင် "AfD ကို ထိန်းသိမ်းထားရန် အနေဖြင့် ပိတ်သိမ်းသည် (အဆိုပြုခြင်း ပြန်လည်ရုပ်သိမ်းခြင်း)။" ကဲ့သို့ ရေးသားပြီး စာမျက်နှာကို လွှင့်တင်ပါ။
- ဆောင်းပါးစာမျက်နှာတွင်
- ဆောင်းပါးစာမျက်နှာကို ရှာဖွေပါ
- ဆွေးနွေးချက် စာမျက်နှာရှိ ခေါင်းစဉ်သည် ဆောင်းပါးခေါင်းစဉ်နှင့် ထပ်တူမညီနေနိုင်ပါ
- ရှေ့ဆက် "Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ" သည် "မဲပေးစာမျက်နှာ" ၏ တစ်စိတ်တစ်ပိုင်း မဟုတ်ပါ
- စာမျက်နှာ ထိပ်ဆုံးရှိ <!-- ဤ ဖျက်ပစ်ရန် အဆိုပြုခြင်း စာသားကို ဆွေးနွေးချက် မပိတ်မီ ဖယ်ရှားခြင်း မပြုလုပ်ပါနှင့်။ --> နှင့် စတင်ပြီး <!-- ဖျက်ပစ်ရန် အဆိုပြုခြင်း စာသား ပြီးဆုံးပါပြီ။ ဤနေရာမှ အောက်တွင် လွတ်လပ်စွာ တည်းဖြတ်နိုင်သည် --> နှင့် ဆုံးသော စာပိုဒ်ကို ဖယ်ရှားပါ။
- တည်းဖြတ်ခြင်းအကျဉ်းချုပ်တွင် "AfD ကို ထိန်းသိမ်းထားရန် အနေဖြင့် ပိတ်သိမ်းသည် (အဆိုပြုခြင်း ပြန်လည်ရုပ်သိမ်းခြင်း)။" ကဲ့သို့ ရေးသားပြီး စာမျက်နှာကို လွှင့်တင်ပါ။
- ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာတွင်
- စာမျက်နှာ၏ ထိပ်ဆုံးတွင် {{Old AfD multi|page=စာမျက်နှာအမည်|date=ရက်စွဲ|result='''keep'''}} ဟု ရေးသားပါ။
- တည်းဖြတ်အကျဉ်းချုပ်တွင် "AfD ကို ထိန်းသိမ်းထားရန် အနေဖြင့် ပိတ်သိမ်းသည် (အဆိုပြုခြင်း ပြန်လည်ရုပ်သိမ်းခြင်း)။" ကဲ့သို့ ရေးသားပြီး စာမျက်နှာကို လွှင့်တင်ပါ။
စီမံခန့်ခွဲသူ မဟုတ်သူက ပိတ်သိမ်းခြင်းအတွက် လုပ်ထုံးလုပ်နည်း (အခြား)
အထက်တွင်ဖော်ပြထားသည့်အတိုင်း စီမံခန့်ခွဲသူ မဟုတ်သလို ပါဝင်ပတ်သက်ထားခြင်းမရှိသော နာမည်ကောင်းရှိသည့် တည်းဖြတ်သူတစ်ဦးက အချို့သော အခြေအနေများတွင် AfD ဆွေးနွေးချက်ကို လျော်ကန်စွာ ပိတ်သိမ်းနိုင်သည်။ စီမံခန့်ခွဲသူ မဟုတ်သူက ပြုလုပ်နိုင်သော လျော်ကန်သည့် ပိတ်သိမ်းခြင်းများကို စီမံခန့်ခွဲသူ မဟုတ်သူက ပိတ်သိမ်းခြင်း § လျော်ကန်သော ပိတ်သိမ်းခြင်းများတွင် ဖော်ပြထားသည်။
"ထိန်းသိမ်းထားရန်" ("keep") ရလဒ်အတွက် ဤလုပ်ထုံးလုပ်နည်းသည် အထက်တွင် ဖော်ပြထားသော စီမံခန့်ခွဲသူ မဟုတ်သူက ပိတ်သိမ်းခြင်းအတွက် လုပ်ထုံးလုပ်နည်း (အဆိုပြုသူမှ ပြန်လည်ရုပ်သိမ်းခြင်း) နှင့် ကွဲလွဲသည်။ တမ်းပလိတ်များထဲတွင် အကြောင်းပြချက်များကိုသာ ဖော်ပြရန်ဖြစ်ပြီး တည်းဖြတ်အကျဉ်းချုပ်တွင် သုံးသပ်ချက်ကို မှတ်ချက်ရေးရန် ဖြစ်သည်။ ယင်းလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပြီး "ထိန်းသိမ်းထားရန် (အဆိုပြုသူမှ ပြန်လည်ရုပ်သိမ်းခြင်း)" နေရာတွင် ဆီလျော်သော အကြောင်းပြချက် ထည့်သွင်းရန် ဖြစ်သည်။
အခြားသော လျော်ကန်သည့် ရလဒ်များအတွက် လုပ်ထုံးလုပ်နည်းသည် အခြေခံအားဖြင့် တူညီပြီး ကွဲပြားချက်များကို WP:ဖျက်ပစ်ရမည့်ဆောင်းပါးများ/စီမံခန့်ခွဲသူများအတွက် လမ်းညွှန်ချက်များ#AfD ပိတ်သိမ်းရန် ဆောင်ရွက်ခြင်းတွင် ဖော်ပြထားသည်။