ဝီကီပီးဒီးယား:Deletion policy
ဝီကီပီးဒီးယားဆောင်းပါးတစ်ပုဒ်ကို ဖျက်ပစ်ရာတွင် ၎င်းဆောင်းပါး၏ လက်ရှိဗားရှင်းကိုသာမက ယခင် ဗားရှင်းများအားလုံးကို အများပြည်သူမြင်ကွင်းမှ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ စာမျက်နှာ ဗလာလုပ်ခြင်း (သို့မဟုတ် နောက်ပြန်ပြင်ခြင်း)ကို မည်သည့်အသုံးပြုသူမဆို ပြုလုပ်နိုင်သော်လည်း စာမျက်နှာပယ်ဖျက်ခြင်း၊ ဖျက်ထားသည့် စာမျက်နှာများကို ကြည့်ရှုခြင်း၊ နှင့် ဖျက်ထားခြင်းကို ပယ်ဖျက်ခြင်းများကိုမူ အက်ဒမင်များကသာ ဆောင်ရွက်နိုင်သည်။ ထိုသို့သော လုပ်ဆောင်မှုအားလုံးကို ဖျက်ထားသည်များ မှတ်တမ်းတွင် ထိန်းသိမ်းမှတ်သားထားပြီး၊ ဖျက်သိမ်းသည့် မှတ်တမ်းများကို Wikipedia:Statistics တွင် ထိန်းသိမ်းမှတ်တမ်းတင်ထားသည်။ ဖျက်ပစ်ရသည့် အကြောင်းရင်းများ
စာမျက်နှာတစ်ခုကို ဖျက်ပစ်ရသည့် အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်သည်။
ပယ်ဖျက်ခြင်းအတွက် အခြားနည်းလမ်းများတည်းဖြတ်ခြင်းနှင့် ဆွေးနွေးခြင်း
စာမျက်နှာကို ပိုမိုကောင်းမွန်လာအောင် တည်းဖြတ်နိုင်ပါက စာမျက်နှာကို ဖျက်ပစ်မည့်အစား တည်းဖြတ်ပြင်ဆင်ခြင်းကို ပြုလုပ်သင့်သည်။ စာမျက်နှာ၏ အကြောင်းအရာများကို လက်သရမ်းထားခြင်း ကို မည်သည့်အသုံးပြုသူမဆို နောက်ပြန် ပြင်ဆင်နိုင်သည်။ စာမျက်နှာပါ အကြောင်းအရာများအပေါ် အငြင်းပွားဖွယ်ဖြစ်လာပါက အလွန်ဆိုးဝါးသည့် အခြေအနေများမှလွဲ၍ စာမျက်နှာကို ဖျက်ပစ်လေ့မရှိပါ။ စာမျက်နှာပါ အငြင်းပွားဖွယ်အကြောင်းအရာကို သက်ဆိုင်ရာ ဆွေးနွေးချက်စာမျက်နှာတွင် ဆွေးနွေးခြင်း ပြုလုပ်သင့်သည်။ အငြင်းပွားခြင်း ဖြေရှင်းမှု အခြားနည်းလမ်းများဖြစ်သည့် သုံးသပ်ချက်များ တောင်းခံခြင်းများကို ဦးစွာ အသုံးပြုသင့်သည်။ အကြောင်းအရာ အငြင်းပွားမှုကို ဖျက်ပစ်ရန် ဆွေးနွေးခြင်းဖြင့် မဖြေရှင်းနိုင်ခဲ့ပါက ဆွေးနွေးမှုကို အခြားမပါဝင်သည့် တည်းဖြတ်သူမှ ပိတ်ပစ်နိုင်ကာ ဆွေးနွေးချက် စာမျက်နှာ သို့မဟုတ် သင့်လျော်ရာ ဆွေးနွေးခန်းသို့ ညွှန်းဆိုနိုင်သည်။ အကယ်၍ အရေးပါထင်ရှားသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးသည် စိစစ်အတည်ပြုခြင်း သို့မဟုတ် ဘက်မလိုက်သော အမြင် မူဝါဒများနှင့် ဆိုးဆိုးဝါးဝါး မကိုက်ညီပါက ထိုဆောင်းပါးကို ဆောင်းပါးတိုအဆင့်သို့ သတ်မှတ်ခြင်း သို့မဟုတ် WP:AFDတွင် အများသဘောဆန္ဒအရ လုံးဝဖျက်ပစ်နိုင်ပါသည်။ တဖက်စောင်းနင်း ရေးသားထားသော ဆောင်းပါးများကို ဆက်တိုက်ဖန်တီးသော တည်းဖြတ်သူများအား ခုံသမာဓိ ကော်မတီက သက်ဆိုင်ရာ ခေါင်းစဉ်ကို တည်းဖြတ်ခြင်းအား ပိတ်ပင်နိုင်သည်။ မူဝါဒ သို့မဟုတ် လမ်းညွှန်ချက်ကို သဘောထားကွဲလွဲခြင်းအပေါ် ဖျက်ပစ်ခြင်း ဆောင်ရွက်လေ့မရှိပါ။ အလားတူ အသုံးပြုသူစာမျက်နှာနှင့် လျော်ညီမှုမရှိခြင်းများကို အသုံးပြုသူနှင့် ဆွေးနွေးခြင်းဖြင့် ရံဖန်ရံခါ ဖြေရှင်းနိုင်ပါသည်။ Tag တွဲခြင်းမြောက်မြားစွာသော tag များကို ဆောင်းပါးစာမျက်နှာတွင် ထည့်သွင်းခြင်းဖြင့် ပြဿနာကို မှတ်သားထားနိုင်သည်။ Tag များသည် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းအဖြစ် မရည်ရွယ်သော်လည်း ၎င်းတို့သည် စာဖတ်သူများကို သတိပေးနိုင်ရန်နှင့် စိတ်ဝင်စားသည့် တည်းဖြတ်သူများအား ပြဿနာကို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရန်နှင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်သည်။ Tag များကို ဤနေရာတွင် စာရင်းပြုစုထားပါသည်။ ၎င်းတို့အနက် အသုံးများသည်တို့မှာ -
မှားယွင်းနေသည့် အမည်များနှင့် စာမျက်နှာများကို စာမျက်နှာရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ်ဖြင့် အလွယ်တကူ အမည်ပြောင်းနိုင်သည်။ အငြင်းပွားဖွယ် အမည်များကို ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာများတွင် ဆွေးနွေးခြင်း သို့မဟုတ် ပြောင်းရွှေ့ရန် တောင်းဆိုခြင်း ပြုလုပ်နိုင်ပါသည်။ သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကို tag တွဲခြင်းအတွက် သတိရှိပါ။ ပေါင်းစပ်ခြင်းတိုတောင်းသည့် ဆောင်းပါးများနှင့် ချဲ့ထွင်ရေးသားနိုင်ချေမရှိသည့် ဆောင်းပါးများကို ဆောင်းပါးကြီးများ သို့မဟုတ် စာရင်းများအတွင်းသို့ ပေါင်းစပ်နိုင်ပါသည်။ ဥပမာအားဖြင့် ထင်ပေါ်ကျော်ကြားသူများ၏ မိသားစုဝင်များအကြောင်းသည် ထင်ရှားအရေးပါခြင်း မရှိပါက ထိုထင်ပေါ်ကျော်ကြားသူအကြောင်း ဆောင်းပါးနှင့် ပေါင်းစပ်ရေးသားနိုင်ပါသည်။ ထင်ရှားအရေးပါခြင်းမရှိသည့် စိတ်ကူးယဉ်အကြောင်းအရာများအကြောင်း စာမျက်နှာများကို ယေဘုယျအားဖြင့် ဆောင်းပါးများစာရင်း သို့မဟုတ် ထိုစိတ်ကူးယဉ်ဆိုင်ရာ ဆောင်းပါးများအတွင်းသို့ ပေါင်းစပ်လေ့ရှိသည်။ အကယ်၍ စာမျက်နှာနှစ်ခုသည် ပုံတူဖြစ်နေခြင်း သို့မဟုတ် အပိုဖြစ်နေပါက ပိုမို ယေဘုယျကျသော ဆောင်းပါးတစ်ခုတွင်းသို့ ကျန်တစ်ခုကို ပေါင်းစပ်သင့်သည်။ ဤအတွက် လုပ်ရိုးလုပ်စဉ် သို့မဟုတ် တရားဝင် ကြိုတင်၍ ဆွေးနွေးရန် မလိုအပ်ပေ။ အကယ်၍ ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ကြောင့် ပေါင်းစပ်လိုက်သည့် အကြောင်းအရာများ ဆုံးရှုံးခဲ့ပါက ပေါင်းစပ်ခြင်းနှင့် ဖျက်ပစ်ခြင်းများ၏ အကျိုးဆက်အနေဖြင့် လိုင်စင်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ကို မှတ်သားထားရန် ဖြစ်သည်။ Wikipedia:Merge and delete ဆောင်းပါးသည် ယင်းပြဿနာကို ဆွေးနွေးပြထားပြီး Wikipedia:Delete or merge ဆောင်းပါးသည် ထိုလိုင်စင် ပြဿနာများ မဖြစ်ပေါ်နိုင်သည့် အခြားအခြေအနေကို ဆွေးနွေးထားပါသည်။ ပြန်ညွှန်းခြင်းတစ်ခါတစ်ရံတွင် ပြန်ညွှန်းရာတွင် အသုံးတည့်နိုင်မည့် ခေါင်းစဉ်ရှိပြီး လျော်ညီမှုမရှိသော ဆောင်းပါးမျိုးလည်း ရှိနိုင်ပါသည်။ ထိုအခါတွင် ဖျက်ပစ်ရန် မလိုအပ်ပဲ၊ မည်သည့် အသုံးပြုသူမဆို စာမျက်နှာကို ရဲရဲရင့်ရင့် ဗလာပြုလုပ်ပြီး အခြားစာမျက်နှာသို့ ပြန်ညွှန်းနိုင်ပါသည်။ အကယ်၍ ပြောင်းလဲမှုသည် အငြင်းပွားဖွယ်ဖြစ်နေပါက ပြန်ညွှန်းကို ပြန်လည်မပြုပြင်မီ ဆွေးနွေးချက်စာမျက်နှာတွင် အများသဘောဆန္ဒကို မေးမြန်းသင့်ပါသည်။ လုပ်ငန်းစဉ်များ
ပယ်ဖျက်ရန်အတွက် အခြေခံလုပ်ငန်းစဉ် လေးခုရှိသည်။ မူပိုင်ခွင့် ချိုးဖောက်ခြင်းများဥပဒေဆိုင်ရာ အကြောင်းပြချက်များအရ ဝီကီပီးဒီးယားသည် မူပိုင်ခွင့် ချိုးဖောက်ထားသော အကြောင်းအရာများကို လွှင့်တင်ခြင်း မပြုလုပ်နိုင်ပါ။
အလျင်အမြန် ဖျက်ပစ်ခြင်းမဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ တစ်ခုခုနှင့် ကိုက်ညီနေသည့် စာမျက်နှာများသည် ဆွေးနွေးခြင်း မပြုလုပ်ပဲ ချက်ခြင်း ဖျက်ပစ်ခြင်း ခံရနိုင်သည်။ အလျင်အမြန်ဖျက်ပစ်ခြင်းဆိုသည်မှာ ဝီကီပီးဒီးယားနှင့် ကိုက်ညီမှုမရှိသော စာမျက်နှာများသည် ဖျက်ပစ်ရန် ဆွေးနွေးမှုကို ကျော်ဖြတ်နိုင်ရန် အခွင့်အရေးမရှိသောကြောင့် ယင်းတို့ကို ဖယ်ရှားခြင်း ဖြစ်သည်။ အလျင်အမြန်ဖျက်ပစ်ခြင်းကို ထင်ရှားသိသာသည့် အခြေအနေများတွင် အလွန်အကျူး အသုံးမပြုသင့်ပေ။ အကယ်၍ စာမျက်နှာတစ်ခုသည် ဖျက်ပစ်ရန် ဆွေးနွေးခြင်းကို ကျော်ဖြတ်နိုင်ပါက မူပိုင်ခွင့် ချိုးဖောက်မှုအသစ်များမှလွဲ၍ အလျင်အမြန်ဖျက်ပစ်ရန် မဟုတ်ပေ။ ဖျက်ပစ်ရန် အကြံပြုထားသည့် စာမျက်နှာများ သို့မဟုတ် ဖျက်ပစ်ရန် ဆွေးနွေးနေသည့် (အောက်တွင် ကြည့်ပါ) စာမျက်နှာများသည် အလျင်အမြန် ဖျက်ပစ်ခြင်း ခံရနိုင်သည်။
ဖျက်ပစ်ရန် အဆိုပြုခြင်းတည်းဖြတ်သူတစ်ဦးက စာမျက်နှာတစ်ခုသည် စွယ်စုံကျမ်းတစ်ခုနှင့် မသက်ဆိုင်ကြောင်းကို သိသိသာသာနှင့် အငြင်းပွားဖွယ်မရှိ ယုံကြည်ပါက ထိုစာမျက်နှာကို ဖျက်ပစ်ရန် အဆိုပြုခြင်း ပြုလုပ်နိုင်သည်။ ခုနှစ်ရက်ကြာပြီးနောက်ပိုင်း ဖျက်ပစ်ခြင်းကို မည်သူကမျှ ကန့်ကွက်ရန်မရှိပါက မည်သည့်အက်ဒမင်မဆို ထိုစာမျက်နှာမျိုးကို ဖျက်ပစ်နိုင်သည်။ ကန့်ကွက်ချက်တစ်ခုရှိခြင်း သို့မဟုတ် ဖျက်ပစ်ရန် ဆွေးနွေးခြင်း ရှိလာပါက စာမျက်နှာကို ဖျက်ပစ်ရန် အဆိုပြုခြင်း တဖန်ပြုလုပ်ကောင်း ပြုလုပ်မည် မဟုတ်ပေ။ ဤလုပ်ငန်းစဉ်မျိုးကို အဓိက namespace (ဆောင်းပါးနေရာ) တွင်ရှိသော စာမျက်နှာများကိုသာ ပြုလုပ်နိုင်သည်။ ပြန်ညွှန်းများသည် ဖျက်ပစ်ရန် အဆိုပြုခြင်းနှင့် မသင့်တော်ပေ။
သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအား ဖျက်ပစ်ရန် အဆိုပြုခြင်း၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက်နောက်ပိုင်း ဖန်တီးထားသော သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအနေဖြင့် အကြောင်းအရာပါ အချက်အလက် အနည်းဆုံးတစ်ခုကို ထောက်ခံပေးမည့် စိတ်ချယုံကြည်ရသော ရင်းမြစ် အနည်းဆုံးတစ်ခု ပါရှိရန်လိုအပ်ကြောင်း ရင်းမြစ်မရှိသော အတ္ထုပ္ပတ္တိများကို ဖျက်ပစ်ရန် အဆိုပြုခြင်းကို ၂၀၁၀ ဧပြီ ၃ ရက်နေ့မှစ၍ အကောင်အထည်ဖော်ခဲ့သည်။ ဆောင်းပါးတစ်ခုအား ယင်းကဲ့သို့ အဆိုပြုခံရပါက {{prod blp}} tag ကို ရင်းမြစ်တစ်ခုခု ပေးနိုင်သည့် အချိန်ထိ မဖယ်ရှားပဲ ထားရှိရမည်ဖြစ်သည်။ ၇ ရက်နောက်ပိုင်း မည်သည့်ရင်းမြစ်မှ မရရှိခဲ့ပါက ဆောင်းပါးသည် ဖျက်ပစ်ခြင်းခံရမည်ဖြစ်သည်။ ဖျက်ပစ်ရန် ဆွေးနွေးခြင်းအထက်ပါ ကဏ္ဍသုံးခုတွင်း မကျရောက်သာ စာမျက်နှာများအား အများနှင့် ဖျက်ပစ်ရန် ဆွေးနွေးခြင်း ပြုလုပ်ပြီးနောက် ဖျက်ပစ်ကောင်း ဖျက်ပစ်နိုင်သည်။ ရလာဒ်ကို နောက်ပိုင်းတွင် ဖျက်ပစ်ခြင်းကို ပြန်လည်သုံးသပ်ခြင်း (အောက်တွင် ကြည့်ပါ) ပြုလုပ်သည်။ ဤသုံးသပ်ခြင်းတွင် အလျင်အမြန် သို့မဟုတ် ဖျက်ပစ်ရန် အဆိုပြုခံထားရခြင်းများ ပါဝင်သည်။ ဤနေရာတွင် ပါဝင်သော တည်းဖြတ်သူများအနေဖြင့် စာမျက်နှာကို မည်သို့ပြုလုပ်သင့်သည်ကို ဆွေးနွေးအကြံဉာဏ်ပေးနိုင်သည်။ ဤလုပ်ငန်းစဉ်များသည် လူမည်ရွေ့မည်မျှပါဝင်ခြင်းနှင့် ဆုံးဖြတ်သည် မဟုတ်ပေ။ ထို့ကြောင့် ပါဝင်သူများအနေဖြင့် မူဝါဒကို ရည်ညွှန်းဖော်ပြခြင်းနှင့် ထင်မြင်ချက်သဘောထားကို ရှင်းပြနိုင်ရန် တိုက်တွန်းပါသည်။ ဆွေးနွေးချက်ကို အနည်းဆုံး ၇ ရက်အပြည့်ထားပြီး အကယ်၍ အများဆန္ဒအရ ဖျက်ရန် လိုအပ်ပါက အက်ဒမင်သည် ထိုစာမျက်နှာကို ဖျက်မည် ဖြစ်သည်။ ဆွေးနွေးမှုကာလ ပြီးဆုံးပြီးနောက် အနည်းငယ်သာ တုံ့ပြန်ဆွေးနွေးမှုရှိသော အဆိုပြုချက်များအား ဆွေးနွေးချက်ကို ပိတ်သိမ်းလိုက်သော တည်းဖြတ်သူအနေဖြင့် ပိုမိုရှင်းလင်းသော သဘောဆန္ဒရယူရန် အချိန်ပိုလိုအပ်သည်ဟု ယုံကြည်ပါက ပြန်လည်စာရင်းတင်သွင်းခြင်း ပြုလုပ်နိုင်သည်။ ဝီကီပီးဒီးယားပြင်ပ ပုဂ္ဂိုလ်များအား ဝင်ရောက်ဆွေးနွေးရန် မေးမြန်းခြင်းသည် မသင့်လျော်ဟု ယူဆထားသည်။ ထိုဆွေးနွေးချက်များကို ဖယ်ရှားမည်မဟုတ်သော်လည်း အသုံးပြုသူသည် "တည်းဖြတ်မှု လုံးဝ သို့မဟုတ် အနည်းငယ်သာ ပြုလုပ်ထားကြောင်း"ကို {{spa}} ဖြင့် tag တွဲထားမည် ဖြစ်သည်။ ရှားပါးဖြစ်စဉ်များတွင် ဖျက်ပစ်ရန် ဆွေးနွေးငြင်းခုံမှုကို တစ်စိတ်တစ်ပိုင်း ကာကွယ်ထားခြင်း ဖြစ်တတ်သည်။ တည်းဖြတ်သူ၏ စောဒကတက် ငြင်းခုံမှုကြောင့် ဖျက်ပစ်ရန် တောင်းဆိုခြင်းသည်လည်း မသင့်တော်ပေ။ စာမျက်နှာတစ်ခုလုံးကို ဖျက်ခြင်းဖြင့် ဖြေရှင်းမှု အစား အငြင်းပွားမှု ဖြေရှင်းခြင်း ကို အသုံးပြုသည်။
ဆောင်းပါးများ ဖျက်ခြင်းစာမျက်နှာတစ်ခုကို ဖျက်ပစ်ခြင်းသည် အများဆန္ဒအရ ဖျက်ပစ်ရန် ဆွေးနွေးခြင်းများကို အခြေတည်သည်။ သို့အတွက်ကြောင့် အကြမ်းဖျင်း ဆန္ဒသဘောထားမရှိပါက စာမျက်နှာကို ထိန်းသိမ်းထားကာ ပုံမှန်အတိုင်း ပြင်ဆင်တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း သို့မဟုတ် သင့်လျော်ရာသို့ ပြန်ညွှန်းခြင်းတို့ကို ပြုလုပ်သည်။ အတ္ထုပ္ပတ္တိများနှင့် BLP များအား ဖျက်ခြင်းသေချာစွာ မသိရှိရသော အတ္ထုပ္ပတ္တိ ဆောင်းပါးများ၊ မထင်ရှားသည့် ပုဂ္ဂိုလ်များ ဆောင်းပါးများနှင့် ပတ်သက်၍ ဖျက်ပစ်ရန် အဆိုပြုထားခြင်းခံရပြီးလျှင် အကြမ်းဖျင်း ဆန္ဒသဘောထားလည်း မရှိပါက ဆောင်းပါးကို ဖျက်ကောင်း ဖျက်ပစ်ခြင်းဖြင့် အဆုံးသတ်လေ့ရှိသည်။ လူမသိရှိသော အတ္ထုပ္ပတ္တိ ဆောင်းပါးများနှင့် မထင်ရှားသည့် ပုဂ္ဂိုလ်များ ဆောင်းပါးများသည် ကိုးကားရင်းမြစ် အလွန်နည်းပါးပြီး ဖျက်ရန် အဆိုပြုထားခြင်းကို ခေျပမည့် တည်းဖြတ်သူလည်း မရှိပါက ဆွေးနွေးခြင်းပြီးဆုံးပြီးနောက် စာမျက်နှာကို ဖျက်ကောင်း ဖျက်ပစ်နိုင်သည်။ အကယ်၍ မည်သည့် အတ္ထုပ္ပတ္တိ ဆောင်းပါးမဆို (လူသိများသူ ဖြစ်စေ လူသိနည်းသူဖြစ်စေ) ဆွေးနွေးချက်တွင် မူရင်းတည်းဖြတ်သူထံမှ သုံးသပ်ဖြေရှင်းချက် လုံးဝ သို့မဟုတ် အနည်းငယ်သာ ရရှိခဲ့ပါက ဆွေးနွေးခြင်းကို ပိတ်သိမ်းမည့်သူ၏ လိမ္မာပါးနပ်မှုနှင့် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြင့်သာ အဆုံးသတ်သည်။ ဖျက်ပစ်ခြင်းကို ပြန်လည်သုံးသပ်ခြင်းစာမျက်နှာတစ်ခုသည် မှားယွင်းစွာ ဖျက်ခံရသည် သို့မဟုတ် ဖျက်သင့်သော်လည်း မဖျက်ခဲ့ခြင်း သို့မဟုတ် ဖျက်ရန်ဆွေးနွေးခြင်းသည် နည်းလမ်းမကျစွာ ပိတ်သိမ်းသည်ဟု သင့်အနေဖြင့် ယုံကြည်ပါက ဖျက်ခြင်းကို လုပ်ဆောင်သူ၊ သို့မဟုတ် ဆွေးနွေးခြင်းကို ပိတ်သိမ်းသူများအား သူတို့၏ ဆွေးနွေးချက်စာမျက်နှာတွင် သွားရောက်ဆွေးနွေးသင့်သည်။ ကိစ္စကို မဖြေရှင်းနိုင်ခဲ့ပါက Wikipedia:Deletion review တွင် ပိတ်သိမ်းခြင်းကို ပြန်လည်သုံးသပ်ရန် တောင်းဆိုနိုင်ပါသည်။ အကယ်၍ စာမျက်နှာတစ်ခုသည် (ဤမူဝါဒ အရ) လုပ်ငန်းစဉ်နှင့်လွဲချော်စွာ ဖျက်ပစ်ခြင်းခံခဲ့ရပါက အက်ဒမင်တစ်ဦးအနေဖြင့် ထိုစာမျက်နှာအား ဖျက်ထားခြင်းကို ချက်ခြင်း ပြန်လည်ပယ်ဖျက်နိုင်သည်။ ထိုကိစ္စမျိုးတွင် စာမျက်နှာကို ဖျက်လိုက်သော အက်ဒမင်အား သတင်းပို့သင့်ပါသည်။ သို့သော်လည်း ထိုသို့သော ဖျက်ထားခြင်းကို ပယ်ဖျက်ခြင်းသည် အများဆန္ဒမပါဝင်ပါက အငြင်းပွားဖွယ်ကိစ္စအဖြစ် ရှုမြင်နိုင်သဖြင့် ဂရုစိုက်ပြုလုပ်ရန် လိုအပ်ပါသည်။ ဆောင်းပါးတစ်ပုဒ်သည် အကြောင်းအရာ မပါဝင်ခြင်း သို့မဟုတ် မသင့်တော်သော အကြောင်းအရာများ ပါဝင်ခြင်း (မဆိုင်းမတွ ဖျက်ပစ်ခြင်းနှင့် အများဆုံးကိုက်ညီ) များအတွက် သင်သည် တူညီသော အကြောင်းကိစ္စအတွက် ပိုမိုကောင်းမွန်သည့် ဆောင်းပါးတစ်ပုဒ်ကို ဖန်တီးရန် ဆန္ဒရှိပါက သင့်အနေဖြင့် ပြန်လည်သုံးသပ်ရန် မလိုအပ်ဘဲ ရှေ့ဆက်လုပ်ဆောင်နိုင်ပါသည်။ မစီစဉ်ရသေးသော ဆောင်းပါးတိုကို ကိုးကားရင်းမြစ်များဖြင့် ဆောင်းပါးဖန်တီးနိုင်သောကြောင့် ဖျက်ရန် ပြန်လည်သုံးသပ်ခြင်းသည် အချိန်ဖြုန်းတီးခြင်း တစ်ခုပင်ဖြစ်သည်။ ဖျက်ရန် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်ကို လူမည်ရွေ့မည်မျှ ပါဝင်ခြင်းနှင့် မဆုံးဖြတ်ဘဲ အများဆန္ဒဖြင့်သာ ဆုံးဖြတ်သည်။ ပြန်လည်သုံးသပ်ခြင်းသည် ပုံမှန်အားဖြင့် အနည်းဆုံး ၇ ရက်ကြာမြင့်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ရလာဒ်သည် ရှင်းလင်းပြတ်သားမှုမရှိပါက ထို့ထက်ပို၍ ကြာမြင့်တတ်သည်။
ဖျက်ထားသည်ကို ပယ်ဖျက်ခြင်းအများနှင့် ဆွေးနွေးခြင်းမှုရလာဒ်ကို မယူပဲ အကျဉ်းချုံးဆုံးဖြတ်ချက်အရ ဖျက်ခြင်းခံထားရသည့် စာမျက်နှာများအား Wikipedia:Requests for undeletion တွင် ဖျက်ထားသည်ကို ပယ်ဖျက်ပေးရန် တောင်းဆိုနိုင်သည်။ အဓိက လုပ်ဆောင်ချက်နှစ်ခုရှိရာတွင် - ဖျက်ထားသည့် အကြောင်းအရာများအား ဆွေးနွေးခြင်း မပြုလုပ်ပဲ ပြန်လည်ရယူခြင်း၊ နှင့် အကြောင်းအရာများသည် ပြန်လည်ရယူရန် မသင့်တော်ပါက အသုံးပြုသူ၏ စာမျက်နှာခွဲအနေဖြင့် ရွှေ့ပြောင်းခြင်းတို့ ဖြစ်သည်။
အခြားကြည့်ရန် |
Portal di Ensiklopedia Dunia