အရှေ့အဖွင့်နီးပါးအပြန့်သရ
အရှေ့အဖွင့်နီးပါးအပြန့်သရ (အင်္ဂလိပ်: near-open front unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် လက်တင်သရတွဲသံ ⟨Æ⟩ (a နှင့် e ကိုပေါင်းစပ်ထားခြင်း) ၏ အသေးစကားလုံး ⟨æ⟩ ဖြင့် ကိုယ်စားပြုပြဆိုသည်။ ဤသင်္ကေတနှင့် အသံနှစ်မျိုးစလုံးကို ပုံမှန်အားဖြင့် အင်္ဂလိပ်စကားလုံး "ash"[မှတ်စု ၁] အဖြစ် ရည်ညွှန်းကြသည်။ မြန်မာဘာသာစကား၌ ဤသရနှင့်တူညီသော သရသံမရှိပေ။ အသံမှာ "အယ်"သရသံ ⟨ɛ⟩ နှင့် "အာ"သရသံ ⟨a⟩ ကြားရှိ (အဲာ)အသံဖြစ်သည်။ ၎င်းနှင့်တူညီသော အဝိုင်းသရအတွက် နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် စကားလုံးသတ်မှတ်ပေးထားခြင်းမရှိသော်လည်း အရှေ့အဖွင့်နီးပါးအဝိုင်းသရ (near-open front rounded vowel) သည် သံရင်းမျိုးကွဲဆိုင်ရာအနေဖြင့် ဒိန်းမတ်ဘာသာစကားတွင် ရှိသည်ဟု သိရသည်။[၃][၄] လက်တွေ့အားဖြင့် ⟨æ⟩ ကို အရှေ့အဖွင့်အပြန့်သရ ⟨a⟩ ကို ကိုယ်စားပြုရည်ညွှန်းရန်အတွက် ရံခါ၌အသုံးပြုကြသည်။ ဟန်ဂေရီဘာသာစကားနှင့် (စပိန်ရှိ) ဗလဲန်ဆီယန် (Valencian) ဘာသာစကားများ၏ သဒ္ဒဗေဒအက္ခရာ (IPA) အသံဖလှယ်ရာတွင် ဤသရကို ⟨ɛ⟩ အနေဖြင့် ဖော်ပြရေးသားကြသည်။
အင်္ဂါရပ်များ
မှတ်စုကိုးကား
|
Portal di Ensiklopedia Dunia