၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား ပြိုင်ပွဲသည် အသက် ၂၂ နှစ်အောက် အာရှဖလား ပြိုင်ပွဲများ၏ ပထမဆုံး ပွဲဦးထွက် ဖြစ်သည်။ အိမ်ရှင်နိုင်ငံကို အိုမန်နိုင်ငံ အဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား အရည်ချင်းပြည့်မီချက် ခြေစစ်ပွဲများကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက် မှ ဇူလိုင်လ ၃ ရက်နေ့ အထိ ပြုလုပ်ခဲ့သည်။ နောက်ဆုံးပွဲများကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် မှ ၂၆ ရက်နေ့ အထိ ကျင်းပခဲ့သည်။ ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား အရည်ချင်းပြည့်မီချက်ပြိုင်ပွဲပုံစံ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား ပြိုင်ပွဲပုံစံ မှာ အောက်ပါအတိုင်းဖြစ်သည်။
မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်မဲခွဲပွဲကို အိမ်ရှင်အိုမန်နိုင်ငံ၏မြို့တော်မတ်စကတ်တွင် ၂၀၁၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်က မဲခွဲခဲ့သည်။
အုပ်စုရလဒ်များအကယ်၍အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီနေပါက အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။ ၁။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှရမှတ်အများဆုံးရသောအသင်းသည်အသာရမည်။ ၂။ ထိုထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ဂိုးကွာခြားချက်(+)ပိုရသောအသင်းသည် အသာရမည်။ ၃။ ထိုထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ သွင်းဂိုးအများဆုံးရအသင်းသည် အသာရမည်။ ၄။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် ဂိုးကွာခြားချက်(+)ပိုရသောအသင်းသည် အသာရမည်။ ၅။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် သွင်းဂိုးအများဆုံးရအသင်းသည် အသာရမည်။ ၆။ အကယ်၍အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စုနောက်ဆုံးပွဲတွင် ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အပေါ်အချက်များအားလုံးတူညီနေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ အနိုင်ရသောအသင်းသည် အသာရမည်။ ၇။ အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု အနည်းဆုံးအသင်းသည် အသာရမည်။ ၈။ ထိုအသင်းများ သည် အပေါ်အချက်များ အားလုံးတူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။ ပွဲကစားချိန်အားလုံးမှာ အိုမန် စံတော်ချိန် (UTC+4) ဖြစ်သည်။ အုပ်စု (က)
အုပ်စု (ခ)
အုပ်စု (ဂ)
အုပ်စု (ဃ)
ရှုံးထွက်အဆင့်ရလဒ်များရှုံးထွက်အဆင့်ပွဲစဉ်များတွင် သာမန်ပွဲကစားချိန်အတွင်းသရေကျနေပါက အချိန်ပို၊ပင်နယ်တီများဖြင့် အနိုင်၊အရှုံးဆုံးဖြတ်သည်။ ကွာတားဖိုင်နယ်ရလဒ်များ
အကြိုဗိုလ်လုပွဲရလဒ်များ
တတိယနေရာလုပွဲရလဒ်
ဗိုလ်လုပွဲရလဒ်
|
Portal di Ensiklopedia Dunia