၂၀၂၀ ကဘူးလ်တက္ကသိုလ် တိုက်ခိုက်ခံရမှု
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ရှိ ကဘူးလ်တက္ကသိုလ်၏ ကျောင်းပရဝှဏ်အား သေနတ်သမား ၃ ဦးမှ စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ထိုတိုက်ခိုက်ခံရမှုကြောင့် ၃၂ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။[၁][၂][၃] ထိုတိုက်ခိုက်မှုသည် အီရန်စာအုပ်အရောင်းပွဲတော်ဖွင့်ပွဲအတွက် အစိုးရအရာရှိကြီးများ ကျောင်းဝန်းသို့ ရောက်ရှိလာမည် မနက်ပိုင်း ၁၁ နာရီအချိန်လောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖတ်တိုက်ခိုက်ခဲ့သူ သေနတ်သမား ၃ ဦးသည် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိထွေ့တိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သည်။[၄] ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများအဖြစ် အစ္စလာမ်မစ်တပ်မတော်(Islamic State of Iraq and the Levant – Khorasan Province (ISIL))မှ ဝန်ခံခဲ့သည်။[၄][၅] လွန်ခဲ့သော လအနည်းငယ်မှစ၍ အာဖဂန်အစိုးရ၊ တာလီဘန်နှင့် အစ္စလာမ်တပ်မတော်တို့အကြား တင်းမာမှုမှာ မြှင့်တက်လာခဲ့ခြင်းကြောင့် ထိုကဲ့သို့သော တိုက်ခိုက်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။[၄] နောက်ခံအခြေအနေကိုးကား
|
Portal di Ensiklopedia Dunia