ကဘူးလ်မြို့
ကဘူးလ်မြို့ သည် အာဖဂန်နစ္စတန်နိုင်ငံ ၏ မြို့တော် နှင့် အကြီးဆုံးမြို့ ဖြစ်ပြီး နိုင်ငံ၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ ၎င်းသည် စည်ပင်သာယာနယ်နိမိတ် တစ်ခုလည်း ဖြစ်ပြီး မဟာကဘူးလ်ခရိုင်၏ တစိတ်တပိုင်း အဖြစ်တည်ရှိသည်။ ၂၀၁၅ ခုနှစ် ခန့်မှန်းချက် အရ ကဘူးလ်မြို့တွင် လူဦးရေ ၄.၆၃၅ သန်း ရှိပြီး ၎င်းတွင် အဓိကလူမျိုးစု အားလုံး ပါဝင်သည်။[၁]မြို့ပြ အလျင်အမြန် ဖွံ့ဖြိုးလာခြင်းကြောင့် ကဘူးလ်သည် ကမ္ဘာပေါ်တွင် ၇၅ ခုမြောက် အကြီးဆုံး မြို့ ဖြစ်လာခဲ့သည်။ [၂] ကဘူးလ်သည် ဟိန္ဒူကွတ်ရှ် တောင်တန်း၏ ကျဉ်းမြောင်းသော တောင်ကြားအတွင်းတည်ရှိ၍ အမြင့် ၅၈၇၃ ပေ (၁၇၉၀ မီတာ) တွင် တညရှိသဖြင့် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး တည်ရှိသော မြို့တော်စာရင်းတွင် ပါဝင်သည်။ မြို့တော်သည် အနည်းဆုံး သက်တမ်း နှစ်ပေါင်း ၃,၅၀၀ မျှ ရှိသည်ဟု ဆိုကြပြီး အာချိမိနစ် အင်ပိုင်ယာခေတ်ကပင် မြို့အကြောင်း ဖော်ပြခြင်းများ ရှိခဲ့သည်။ ၎င်း၏ နေရာသည် တောင်အာရှ နှင့် အလယ်အာရှတို့ ကုန်သွယ်ရာလမ်းကြောင်း၏ မဟာဗျူဟာ ကျသော နေရာတွင် တည်ရှိပြီး ရှေးခေတ် ပိုးသားလမ်းမကြီး ၏ အဓိက နေရာ ဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia