ကချင်ပြည်နယ် အစိုးရအဖွဲ့

ကချင်ပြည်နယ်အစိုးရအဖွဲ့
ကချင်ပြည်နယ် လွှတ်တော် လက်အောက်ရှိအစိုးရအဖွဲ့အစည်း
ပြည်နယ်အစိုးရအဖွဲ့ အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၃၀ မတ် ၂၀၁၁ (၂၀၁၁-၀၃-၃၀)
ဌာနချုပ်မြစ်ကြီးနားမြို့ကချင်ပြည်နယ်
ဌာနအကြီးအမှူးများဦးခက်ထိန်နန်၊ ဝန်ကြီးချုပ်
မိခင်ဌာနပြည်ထောင်စုအစိုးရအဖွဲ့
ဝက်ဘ်ဆိုက်kachinstate.gov.mm

ကချင်ပြည်နယ် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်သည်။

လက်ရှိ ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် ဦးခက်ထိန်နန် ဖြစ်သည်။​

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အခန်းကဏ္ဍ

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုအခွင့်အာဏာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သည်။ အစိုးရအဖွဲ့ဝင်များကိုမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဟု သတ်မှတ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-

  1. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်
  2. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ
  3. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်

နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် တိုးခြင်း၊ လျှော့ခြင်းတို့ကို ပြုလုပ်နိုင်သည်။

အုပ်ချုပ်မှုအခွင့်အာဏာနှင့် တာဝန်များ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ သက်ဆိုင်ရာလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် ပြည်ထောင်စုဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့ သက်ရောက်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများသည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်-

  • နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်ထောင်စုအစိုးရကို ကူညီရန် တာဝန်ရှိသည်။
  • ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် ပြည်ထောင်စုဥပဒေများနှင့် မဆန့်ကျင်ဘဲ ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်။
  • ပြည်ထောင်စု၏ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းရမည်။ အကယ်၍ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ဥပဒေကြမ်းကို ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် နောက်ဆုံးပြဋ္ဌာန်းထားသည့် ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဇယား ၂ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းနိုင်သည်။
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။
  • မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
  • နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ပြီး လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။
  • သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မိမိ၏အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။
  • မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။
  • ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

အခွန်အခ ကောက်ခံခွင့်နှင့် ဘဏ္ဍာရန်ပုံငွေ သုံးစွဲခွင့်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၎င်းဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။

အစိုးရအဖွဲ့ရုံး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်း ဖြစ်သည်။


ခေတ်အလိုက် အစိုးရအဖွဲ့များ

ပြည်ထောင်စုလွှတ်တော်ခေတ် (၂၀၁၁-၂၀၂၁)

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလ (၂၀၁၁-၂၀၁၆)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလ (၂၀၁၆-၂၀၂၁)

ဒုတိယကြိမ်မြောက် ကချင်ပြည်နယ်အစိုးရအဖွဲ့
စဉ် အမည် နိုင်ငံရေးပါတီ ဝန်ကြီးဌာန
(၁) ဒေါက်တာခက်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝန်ကြီးချုပ်                   
(၂) ဗိုလ်မှူးကြီး သူရမျိုးတင် (၅.၄.၂၀၁၆-၂၈.၁၁.၂၀၁၈) တပ်မတော် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
ဗိုလ်မှူးကြီးနေလင်းထွန်း
ဗိုလ်မှူးကြီးကျော်လင်းအောင်(၂၇.၈.၂၀၂၀-လက်ရှိ)
(၃) ဦးဝေလင်း ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန
(၄) ဦးဝင်းညွန့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန
(၅) ဦးမြသိန်း (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဦးကျော်ကျော်ဝင်း (၃၀.၁.၂၀၁၉-လက်ရှိ)
(၆) H လအောင် (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဦးလဆိုင်း (၃၀.၁.၂၀၁၆-လက်ရှိ)
(၇) ဦးနေဝင်း (၅.၄.၂၀၁၆-၃၀.၁.၂၀၁၉) စည်ပင်သာယာရေးဝန်ကြီးဌာန
ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ် (၃၀.၁.၂၀၁၆-လက်ရှိ)
(၈) ဒေါက်တာသင်းလွင် (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) လူမှုရေးဝန်ကြီးဌာန
ဦးနေဝင်း (၃၀.၁.၂၀၁၉- လက်ရှိ)
(၉) ဦးခင်မောင်မြင့် (ခ) ဦးဒိတ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၀) ဦးစိုင်းစိန်လင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၁) ဦးအားတီယောဟန် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၂) ဦးရန်နမ်းဖုန် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၃) ဦးဒီဆင်ရမ် ပြည်နယ်ဥပဒေချုပ်
(၁၄) ဦးတင်လှိုင် ပြည်နယ်စာရင်းစစ်ချုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် (၂၀၂၁-လက်ရှိ)

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကာလ

ဖွဲ့စည်းပုံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၆/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား အပ်နှင်းခဲ့သည်။

၁) စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဥက္ကဋ္ဌ
(၂) တပ်မတော်အရာရှိကြီး (၁) ဦး အဖွဲ့ဝင်
(၃) ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး အဖွဲ့ဝင်
(၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူး

အဖွဲ့ဝင်
(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
(၆) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး အတွင်းရေးမှူး
ဥက္ကဋ္ဌများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၀/၂၀၂၁) ဖြင့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပကစ) ဥက္ကဋ္ဌအဖြစ် ဦးခက်ထိန်နန်အား ခန့်အပ်တာဝန်ပေးလိုက်သည်။[]

ပကစဥက္ကဋ္ဌများ
စဉ် အမည် ရာထူး တာဝန်သက်တမ်း ရင်းမြစ်
၁။ ဦးခက်ထိန်နန် ဥက္ကဌ ၂ ဖေဖော်ဝါရီ ၂၀၂၁ - ၁ ဩဂုတ် ၂၀၂၁ []




အစိုးရအဖွဲ့ (ဩဂုတ် ၂၀၂၁ - လက်ရှိ)

စဉ် အမည် တာဝန်ထမ်းဆောင်ခြင်း ဝန်ကြီးဌာန
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဦးခက်ထိန်နန် ၁ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၄၂၀


ဝန်ကြီးချုပ်
ဗိုလ်မှူးကြီး ​ကျော်လင်း​အောင် ၁ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၄၂၀


လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန
ဦးမျိုး​ဆွေ ၁ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၄၂၀


စီးပွားရေးရာ ဝန်ကြီးဌာန
ဦးတိန့်​ဆောင် ၁ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၄၂၀


သယံဇာတရေးရာ ဝန်ကြီးဌာန
ဦးဝင်းရဲထွန်း ၁ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၄၂၀


လူမှုရေးရာ ဝန်ကြီးဌာန
ရဲမှူးကြီး ဉာဏ်မြင့်​ကျော် ၁ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၄၂၀


လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန
ဦး​ကျော်မင်းခိုင် ၁ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၄၂၀


တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန
ဒေါ်နန်းလှလှအေး [] ၄ မတ် ၂၀၂၁ ဥပဒေချုပ်

အစိုးရအဖွဲ့ (၂၀၁၆- ၂၀၂၁)

အစိုးရအဖွဲ့အပြောင်းအလဲ

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဝန်ကြီးချုပ်မှ ဝန်ကြီး ၃ ဦးကို ခေါ်ယူတွေ့ဆုံကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့်ဟုဆိုကာ နုတ်ထွက်စေပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဦးမြသိန်းနှင့် ဒေါက်တာသင်းလွင်ကို ရာထူးမှနုတ်ထွက်ခွင့်ပြုကြောင်းနှင့် ဦးHလအောင်ကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။[] [][] ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှု လက် မှု ဝန်ကြီး ဌာနကို ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဟူ၍ ၂ ခုခွဲပြီး ပြန်လည်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သဝဏ်လွှာပေးပို့၍ အဆိုတင်သွင်းခဲ့သော်လည်း ယင်းအဆိုမှာရှုံးနိမ့်ခဲ့သည်။[] အကြောင်းမှာ ပြင်ပမှ ပုဂ္ဂိုလ်များဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဇန်နဝါရီ ၃၀ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၃ ဦးကို ဝန်ကြီးခန့်အပ်ခဲ့သည်။[]

အခြားဖတ်ရှုရန်

ကိုးကား

  1. ၁.၀ ၁.၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း။ Wikisource။ 2025-6-1 တွင် ပြန်စစ်ပြီး။
  2. https://cincds.gov.mm/node/10988?d=1
  3. "ကချင် ဝန်ကြီး သုံးဦးကို ဘာကြောင့် နုတ်ထွက်စာ တင်ခိုင်းသလဲ"၊ ဧရာဝတီဂျာနယ်၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ 
  4. "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၂/ ၂၀၁၉ ကချင်ပြည်နယ် ဝန်ကြီး ရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။ 
  5. "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၃/ ၂၀၁၉ ကချင်ပြည်နယ်ဝန်ကြီး တာဝန်မှရပ်စဲခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။ 
  6. "သမ္မတ တင်သွင်းသည့် ကချင်ပြည်နယ် ဝန်ကြီးဌာန ၂ ခု တိုးချဲ့ရေး မဲခွဲရာ ရှုံးနိမ့်"၊ ဧရာဝတီဂျာနယ်၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ 
  7. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၅ /၂၀၁၉ ကချင်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၃၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya