ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ
ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ခွဲများဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) ခုနစ်ခုနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ (တစက) ခုနစ်ခု ရှိသည်။ စီမံအုပ်ချုပ်ရေးကောင်စီများကို ဥက္ကဋ္ဌနှင့် ကောင်စီဝင်များဖြင့် ဖွဲ့စည်းထားသည်။ ယခင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကဲ့သို့ပင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာ ကောင်စီများ၏ အတွင်းရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ ပြည်နယ်/တိုင်း စီမံအုပ်ချုပ်ရေးကောင်စီများကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။[၁] သမိုင်းကြောင်း၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပိုက်ပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို တာဝန်မှ ရပ်စဲခဲ့သည်။ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကာ ၎င်းကောင်စီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ကောင်စီခွဲများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ယခင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများသည် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးများဖြစ်လာသည်။ ဖွဲ့စည်းပုံနှင့် အခွင့်အာဏာ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၆/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား အပ်နှင်းခဲ့သည်။
ကောင်စီဥက္ကဋ္ဌများ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ကောင်စီများ၏ ဥက္ကဋ္ဌများကို ယခင် နအဖလက်ထက်ကကဲ့သို့ တပ်မတော်စစ်တိုင်းမှူးများကို ခန့်အပ်ခြင်းမပြုဘဲ တပ်မတော်နှင့် နီးစပ်သော အခြား ပြင်ပပုဂ္ဂိုလ်များကို ခန့်အပ်ခဲ့သည်။ ယခင် နအဖအစိုးရလက်ထက်တွင် သက်ဆိုင်ရာ စစ်တိုင်းမှူးများသည် ပြည်နယ်နှင့် တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများ၏ ဥက္ကဋ္ဌများဖြစ်ကြသည်။[၂][၃][၄]
ကောင်စီဝင်များ[၅]ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
ချင်းပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
ရန်ကုန်တိုင်းဒေသကြီး
ရှမ်းပြည်နယ်
ဧရာဝတီတိုင်းဒေသကြီး
ပြင်ဆင်ဖွဲ့စည်းခြင်း၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အိမ်စောင့်အစိုးကို ပြင်ဆင်ဖွဲ့စည်းလိုက်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့" များအဖြစ် အမိန်အမှတ် ၁၅၃/၂၀၂၁ အားဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia