ကန္ဒီစာချုပ်ကန္ဒီစာချုပ်သည် ဒုတိယကမ္ဘာစစ်ကြီးအပြီး မျိုးချစ်ဗမာ့တပ်တော်ကို မြန်မာပြည် အမြဲတမ်းတပ်မတော်အတွင်းသို့ သွတ်သွင်းရန်ကိစ္စအတွက် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် ဗြိတိသျှအစိုးရအဖွဲ့ ကိုယ်စားလှယ်တို့ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာသမ္မတနိုင်ငံ) ကန္ဒီမြို့၌ ချုပ်ဆိုသောစာချုပ်ဖြစ်သည်။ ဂျပန်တော်လှန်ရေးပြီးဆုံးပြီးနောက် ၁၉၄၅ ခုနှစ်၊ ဩဂုတ်(၁၉) ရက်နေ့တွင် ရန်ကုန်မြို့ နေသူရိန်ရုပ်ရှင်ရုံကြီး ၌ ဖဆပလအဖွဲ့ချူပ်မှ ကြီးမှူး၍ လူထုအစည်းအဝေး ကျင်းပခဲ့သည်။ အဆိုပါ လူထုအစည်းအဝေးကြီးမှ မျိုးချစ်ဗမာ့တပ်မတော်နှင့် ပြောက်ကျားတပ်များအား အမြဲတမ်းစစ်တပ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။ နေသူရိန်အစည်းအဝေးကြီးအပြီး မကြာမီတွင် အာရှအရှေ့တောင်ပိုင်း စစ်သေနာပတိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး လော့လူဝီ မောင့်ဘက်တင် (Admiral Lord Louis Mountbetten)က မျိုးချစ်ဗမာ့တပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် ဖက်ဆစ်တိုက်ဖျက်ရေး ပြည့်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သည်။ ထိုသို့ဖိတ်ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၅ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့တွင် သီဟိုဠ်ကျွန်း(ယခု သီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့သို့ ဗြိတိသျှကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရန် ရန်ကုန်မြို့မှ ထွက်ခွာသွားလေသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်လကျာ်၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ဇော်မင်း(ဦးမောင်မောင်ကျော်ဝင်း)၊ ဗိုလ်ကျော်ဇော၊ ဗိုလ်မောင်မောင်၊ ဦးဘဖေ၊ သခင်သန်းထွန်း၊စောဘဦးကြီးနှင့် ဦးညိုထွန်းတို့ ပါဝင်ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကိုကူညီရန် ဗြိတိသျှအစိုးရဘက်မှ ဗိုလ်မှူးချုပ် ရိုက် ဆိုသူနှင့် ဗိုလ်မှူးကြီးလော့စ် ဆိုသူ တို့ နှစ်ဦး လိုက်ပါသွားကြသည်။ ၁၉၄၅ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာရှအရှေ့တောင်ပိုင်း စစ်သေနာပတိချုပ် ရေတပ်ဗိုလ်မှူးကြီး လော့လူဝီမောင့်ဘက်တင် ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့ကို နှစ်ရက်တိုင်တိုင် ဆွေးနွေးကြပြီးနောက် ဗမာ့မျိုးချစ်တပ်မတော်နှင့်စပ်လျဉ်းသည့် သဘောတူညီချက်များ ပါဝင်သော ကန္ဒီစာချုပ်ကို လက်မှတ်ရေးထိုး၍ ကြေညာခဲ့လေသည်။ ထိုစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ လက်မှတ်ရေးထိုးကြ ၍ အဆုံးသတ် သဘောတူညီချက်အဖြစ်ဖြင့် လက်ခံခဲ့လေသည်။ သဘောတူညီချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၁။ စစ်သည်တော်ဦးရေမြန်မာနိုင်ငံ တပ်မတော်အတွင်းသို့ အများဆုံးထည့်သွင်ရမည့် မျိုးချစ်စစ်တပ် သာမန်တပ်သားဦးရေမှာ (၅,၂၀ဝ) ဖြစ်စေရမည်။ သဘောတူကြသည်။ သို့ရာတွင် မျိုးချစ်မြန်မာ့စစ်တပ်မှ ထပ်မံဝင်လိုသူတို့အဖို့ ကိုယ်လက်ကျန်းမာ၍ ဝင်ခွင့်ရှိခဲ့လျှင် ထပ်မံလူ (၂၀ဝ)၊ (၃၀ဝ)ထက်မများ ဝင်နိုင်ရန် စီစဉ်ပေးထားလျက် ဤဖြည့်စွက်သည့် တပ်မတော်ဦးရေကို စစ်ပညာဌာန၌ သော်လည်းကောင်း၊ ဖြည့်စွက်ရန် တပ်ခွဲတစ်ခု၌ သော်လည်းကောင်း ထားရှိရမည်။ ၂။ မျိုးချစ်မြန်မာတပ်စစ်ဗိုလ်များ
ထို့ပြင် မြန်မာနိုင်ငံသည် ဒိုမီနီယန်အဆင့်အတန်းသို့ ရောက်ရှိသောအခါ ၌ လည်းကောင်း၊ စစ်တပ်ကို ချဲ့ထွင်လိုသည့်အခါ ၌ လည်းကောင်း၊ သို့တည်းမဟုတ် ပြည်သူပြည်သား စစ်တပ်ဖွဲ့စည်းလိုသောအခါ ၌ လည်းကောင်း လိုအပ်မည့် စစ်ဗိုလ်များအတွက် ယခုကပင်ထည့်သွင်း၍ စစ်အတတ်သင်ကြားပေးရန် စစ်ဗိုလ် (၂၀ဝ)ကိုထပ်မံထားရှိရန် သဘောတူညီကြောင်း။ ထိုထပ်မံထားမည့် စစ်ဗိုလ်(၂၀ဝ) နှင့်ပတ်သက်၍ အစိုးရ ပြန်လည်ဖွဲ့စည်းရေးအမှုဆောင်အဖွဲ့က ထပ်မံစဉ်းစားလိမ့်မည်ဖြစ်ကြောင်း၊ယင်းသို့ စစ်ဗိုလ်ရာထူးများ တိုး၍ထားရှိခွင့်ပြုလျှင် အခြားအခြားသော စစ်တပ်များအတွက်လည်း ထပ်တူထပ်မျှ တိုး၍ ထားရှိရမည်ဖြစ်ကြောင်း။ ထိုစစ်ဗိုလ်များ ထပ်မံခန့်ထားရေးကို အစိုးရအမှူဆောင်အဖွဲ့က အကြံပေးထောက်ခံချက်များ မပေးသေး သမျှကာလအတွင်း စဉ်းစားခြင်းမပြုရန် သဘောတူညီကြသည်။
ထိုမှအပ သေနာပတိချုပ်သည် မြန်မာနိုင်ငံတပ်မတော် ၌ ကနဦးတွင်ပါရှိသော စစ်ဗိုလ်များအား သာမန်အားဖြင့် ဝင်ရောက်နိုင်ရန် အရည်အချင်းများ မရှိသော်လည်း သင်ကြားနိုင်ခွင့်ရရန် ကြိုးစား ဆောင်ရွက်ပေးလိမ့်မည်ဟု သဘောတူညီကြသည်။ ၃။ ပေါင်းစည်းရေးစည်းမျဉ်း
မြန်မာနိုင်ငံတွင် မြို့ပြအုပ်ချုပ်ရေးအစိုးရ ပြန်လည်ထူထောင်ပြီးသောအခါ ၌လည်း ဤအစဉ်အလာအတိုင်း မြန်မာနိုင်ငံ ဘုရင်ခံမင်းကြီးထံ တင်ပြ၍ ၎င်းင်း၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်စေရမည်ဟူ၍ သဘောတူကြသည်။
၄။ စုံစမ်းရေးနှင့် မှတ်ပုံစာရင်းတင်သွင်းရေး
(က) မိမိတို့နေရပ် သို့မဟုတ် စာရင်းသွင်းဌာနသို့ အသွားအပြန်ခရီးစရိတ် သို့မဟုတ် အခမဲ့ သွားလာနိုင်ရေးရရန်။ (ခ) နေရပ်သို့အပြန်တွင် ရိက်ခာအလုံအလောက် သို့မဟုတ် စားစရိတ်ရရန်။ (ဂ) အဝတ်အစား အလုံအလောက် သို့မဟုတ် ၎င်းင်းအဝတ်အစားဖိုး ငွေကြေးရရန်။
(၃) ဆက်လက်၍ အမှုထမ်းဖြင်းငှာ မစွမ်းဆောင်နိုင်လောက်အောင် ကိုယ်အဂငါ်ချွတ်ယွင်းသဖြင့် တပ်မှထွက်ခွင့်ရသူတို့သည် နှစ်လအတွက် လစာငွေဆုငွေရရှိမည့်အပြင် ဆေးအဖွဲ့က ချင့်ချိန်ဆုံးဖြတ်သည့်အတိုင်း အဂငါ်ချွတ်ယွင်းသလောက် ထိုက်သင့်သော လျော်ကြေးငွေများကိုလည်း ရရှိလိမ့်မည်။ လျော်ကြေးနှုန်းများမှာ စစ်အတွင်းတွင် တိုက်ခိုက်ခဲ့သော မျိုးချစ်မြန်မာတပ်များ၊ကရင်တပ်များ၊ ချင်း အစရှိသည့်မြန်မာတိုင်းရင်းသားအားလုံးအတွက် တညီတညွတ်တည်း ဖြစ်စေရမည်။ ထိုနှူန်းများကို ဘဏ်ဍာရေး အတိုင်ပင်ခံအရာရှိနှင့် ထပ်မံ ကြည့်ရှုစစ်ဆေး၍ စစ်သားမဟုတ်သူတို့အား ပေးသောနှုန်းများထက် ပိုမို၍ပေးနိုင်ရန် ကြံဆောင်ကြိုးပမ်းလိမ့်မည်။ ၅။ လခနှုန်းများမျိုးချစ်မြန်မာစစ်တပ်တွင် ရရှိမည့် လခနှုန်းထားများမှာ အခြေခံသဘောအားဖြင့် အိန်ဒိယတပ်မတော်တွင် ရရှိသော လခနှုန်းထားများအတိုင်းဖြစ်၍ တသီးပုဂ်ဂလ ရာထူးအလျောက်မဟုတ်ဘဲ ရာထူးအဆင့်အတန်း အတိုင်း ဖြစ်စေရမည်။ ဤကိစ်စနှင့် ပတ်သက်၍ ဂျင်နရယ်သောမတ်(စ်)အမှူးထား၍ အမှုဆောင်အဖွဲ့ငယ်တစ်ဖွဲ့က စိစစ်ထောက်ခံချက်များ တင်သွင်းရေးရမည်ဟု သဘောတူညီကြသည်။ ၆။ တိုင်းရင်းသားဘာသာစကားကိုသာတတ်သော စစ်ဗိုလ်များတိုင်းရင်းသားဘာသာစကားကိုသာတတ်သော စစ်ဗိုလ်တို့သည် သာမန်အားဖြင့် လက်ဖတင်နင်(ဗိုလ်) ရာထူးအဆင့်အတန်းထက် ပိုမို၍ ရနိုင်လိမ့်မည်မဟုတ်ချေ။ သို့ရာတွင် ထူးခြားသည့် ပုဂ်ဂိုလ်များအတွက်မူကား အမှုဆောင်အဖွဲ့က ရာထူးအဆင့်အတန်း တိုးမြှင့်ပေးရန် ထောက်ခံချက်များ တင်သွင်းနိုင်လိမ့်မည်။ တိုင်းရင်းသားဘာသာစကားကိုသာတတ်သော စစ်ဗိုလ်တို့သည် ရာထူးတိုးမြှင့်ခြင်းခံလိုက နှစ်နှစ်အတွင်း အဂင်လိပ်ဘာသာကို လိုအပ်သည့် အဆင့်အတန်းအထိ တတ်မြောက်ရန် ကြိုးစားရမည်ဟု သဘောတူညီကြသည်။ ၇။ မြန်မာနိုင်ငံတော်စောင့်တပ်မြန်မာနိုင်ငံတော်စောင့်တပ် ဖွဲ့စည်းရေးကိစ်စကား မြန်မာနိုင်ငံတပ်မတော် ပြန်လည်ဖွဲ့စည်းရေးအမှုဆောင်အဖွဲ့က စိစစ်ဆုံးဖြတ်ရမည့် ကိစ်စတစ်ရပ်ပင် ဖြစ်သည်။ ထိုပြန်လည်ထူထောင်ရေးအဖွဲ့က ယခုခန့်ထားရန်လျာထားသည့် စစ်ဗိုလ်(၂၀ဝ)တို့မှာ နိုင်ငံတော်စောင့်တပ်အတွက် ခန့်အပ်ခြင်းခံထိုက်သော စစ်ဗိုလ်များဖြစ်သည်ဟု လျာထားသည့်အကြောင်းကို ထည့်သွင်း စဉ်းစားရမည်ဟု သဘောတူညီကြသည်။ ၈။ စစ်ဆင်ရေး ဒုတိယမင်းကြီး၏တာဝန်မြန်မာနိုင်ငံတပ်မတော်တွင် တပ်မတော်များစစ်ဆေးရေး ဒုတိယမင်းကြီးနှစ်ဦး ရှိသင့်သည်ဟု အကြမ်းသဘောအားဖြင့် သဘောတူညီကြသည်။ တစ်ဦးမှာ မြန်မာလူမျိုး စစ်ဗိုလ်ဖြစ်၍ အခြားတစ်ဦးမူကား မြန်မာလူမျိုးမဟုတ်သော တိုင်းရင်းသားလူမျိုးများမှ ရွေးကောက်ခန့်ထားရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ထိုပုဂ်ဂိုလ်တို့သည် မိမိတို့သည် မိမိတို့လူမျိုးတပ်များနှင့်သာ သက်ဆိုင်သည်ဟူ၍ သဘောမထားဘဲ နှစ်ဦးစလုံးပင် မြန်မာနိုင်ငံ တပ်မတော် တစ်ခုလုံး၏တာဝန်ကို ရွက်ဆောင်ရလိမ့်မည်ဟု သဘောတူညီကြသည်။ ၉။ စစ်သည်တော်စုဆောင်းရေးစစ်သည်တော်စုဆောင်းရေးတွက် မဟာမိတ်တို့နှင့်ယှဉ်တွဲ၍ ဤစစ်တွင် တိုက်ခိုက်ခဲ့သော မြန်မာအဖွဲ့အစည်းများအား ပိုမို အခွင့်အရေးပေးရမည်ဟု သဘောတူညီကြသည်။
ယင်းကိုယ်စားလှယ်အဖွဲ့မှာ အောက်ပါအတိုင်းဖြစ်သည် - (၁) ဗိုလ်ချုပ်အောင်ဆန်း (၂) ဦးဘဖေ (ဘကြီးဘဘေ၊ ကွယ်လွန်) (၃) စောဘဦးကြီး(တောခို၊ ကေအင်(န်)ယူ၊ အသေမိ) (၄) ဦးညိုထွန်း (အငြိမ်းစား သံအမတ်ကြီး) (၅) ဗိုလ်လကျာ် (တောခို၊ ပြည်ပြေး၊ သေဆုံး) (၆) ဗိုလ်နေဝင်း(လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း) (၇) ဗိုလ်ဇေယျ (တောခို၊ ဗကပ၊ အသေမိ) (၈) ဗိုလ်ဇော်မင်း(ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ကျော်ဝင်း) (၉) ဗိုလ်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း၊ တောခို) (၁၀) ဗိုလ်မောင်မောင် (ဗိုလ်မှူးချုပ်ဟောင်း) (၁၁) သခင်သန်းထွန်း(ဗကပ ဥက္ကဋ္ဌ သေဆုံး) တို့ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia