အောင်ဆန်း-အက်တလီ စာချုပ်![]() အောင်ဆန်း-အက်တလီ စာချုပ်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် မြန်မာအမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူညီချက်များ ပါသည့် စာချုပ် ဖြစ်သည်။ ဗြိတိသျှ အစိုးရနှင့် မြန်မာခေါင်းဆောင်များ မြန်မာ့လွတ်လပ်ရေးအတွက် ပထမဆုံးချုပ်ဆိုသည့် စာချုပ်ဟု ဆိုနိုင်သည်။ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁ဝ ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်ကို မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီ (Clement Attlee) က ခေါင်းဆောင်၍လည်းကောင်း ဆွေးနွေးပြီး သဘောတူလက်မှတ် ထိုးကြသောကြောင့် အောင်ဆန်း - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်တွင် အချက်ကြီး ၁ဝ ချက် ပါဝင်သည်။ ![]() စာချုပ်ပါ အဓိက အချက်များ၏ အချုပ် သဘောမှာ -
ဤစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်း ခေါ် စက္ကူဖြူအုပ်ချုပ်ရေးသည် လုံးဝ ချုပ်ငြိမ်းသွားသည်။ ဤစာချုပ် အရပင် တိုင်းပြု ပြည်ပြု လွှတ်တော် ခေါ်နိုင်၍ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ထူထောင်ခွင့်ရခဲ့သည်။ ဥပဒေသဘောအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မှ လွတ်လပ်ရေး ရခဲ့သော်လည်း လက်တွေ့သဘောအရ ကြည့်လျှင် ဤစာချုပ်ချုပ်သည့် နေ့မှာပင် လွတ်လပ်ရေးရသည်ဟု ဆိုနိုင်ရာသည်။ အောင်ဆန်း - အက်တလီစာချုပ်ဘုရင်မင်းမြတ်၏ အစိုးရနှင့် မြန်မာနိုင်ငံတော် ဘုရင်ခံမင်းကြီး၏ အမှုဆောင် ကောင်စီမှ ကိုယ်စားလှယ်တော်တို့ ဆွေးနွေး တိုင်ပင်ရာမှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ ကိုယ်စားလှယ်တော်များက အရေးဆိုသော ဂရိတ် ဗြိတိန်နှင့် မြန်မာနိုင်ငံတော်တို့၏ အနာဂတ် ဆက်ဆံရေးနှင့် သက်ဆိုင်သော ကိစ္စအဝဝတို့ကို ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံတော် အမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်တော်များ ဆွေးနွေးတိုင်ပင်ပြီးလျက် ကော်မော်ဝဲလ်သ် (Common Wealth) အတွင်းတွင် ဖြစ်စေ၊ အပြင်မှ ဖြစ်စေ၊ စောလျင် နိုင်သမျှ စောလျင်စွာ မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားများတို့သည် မိမိတို့ လွတ်လပ်ရေးကို ဆွတ်ခူးနိုင်စေမည် ဖြစ်သော နည်းလမ်းများနှင့် စပ်လျဉ်း၍ အောက်ပါ သဘောတူ အဆုံးသတ်ချက်များကို ရောက်ရှိကြလေသည်။ ၁။ တိုင်းပြုပြည်ပြုလွှတ်တော်မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် မိမိတို့ နိုင်ငံ၏ အနာဂတ် အုပ်ချုပ်ရေးကို စောလျင်နိုင်သမျှ လျင်စွာ ဆုံးဖြတ်နိုင်စေသောငှာ ၁၉၃၅ - ခုနှစ် အက်ဥပဒေအရ ဥပဒေပြု အဖွဲ့အစား တိုင်းပြု ပြည်ပြု လွှတ်တော်ကို ရွေးကောက် တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ ခုနှစ် အက်ဥပဒေ ရွေးကောက်နည်းစနစ်ကို အသုံးပြုလိမ့်မည်။ လူမျိုးသီးခြား မထားရှိသော လူစု၊ ကရင် အမျိုးသား လူစု၊ အင်္ဂလိပ် မြန်မာ ကပြား လူစုများ အတွက် ရွေးကောက်ပွဲကို ဧပြီလတွင် ကျင်းပလိမ့်မည်။ လူစု အသီးသီးအတွက် အဖွဲ့ဝင် နှစ်ဦးစီ ရွေးကောက် တင်မြှောက်ရမည်။ အထက်တွက် စာရင်းသွင်းပြီးသော [နောက်ဆက်တွဲ (က) တွင် ရှင်းလင်း ဖော်ပြသည့် အတိုင်း] မြန်မာနိုင်ငံ လူမျိုး တဦးကို လူမျိုးသီးခြား မထားရှိသော လူစုစာရင်းတွင် တင်သွင်းရလိမ့်မည်။ ၂။ ခေတ်ပြောင်းချိန် အစိုးရ အမျိုးအစားခေတ်ပြောင်းချိန် ကာလအတွင်း မြန်မာနိုင်ငံ အစိုးရသည် ယခုအတိုင်း ကဲ့သို့ပင် ၁၉၃၅ ခုနှစ် အက်ဥပဒေ အပိုဒ် ၁၃၉ အရ၊ အပ်နှင်းထားသော အထူး အာဏာများနှင့် ၁၉၄၅ ခုနှစ်၊ ယာယီ စီမံချက် အက်ဥပဒေ နှင့်တကွ ယင်းဥပဒေအရကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့်ဟူသမျှ အတိုင်း ဆောင်ရွက်သွားလိမ့်မည်။ အစိုးရ တဦး တဘက် သဘောတွင် အထူး ဆောင်ရွက်ရန် လိုသည်ဟု ထင်မြင်သော ထူးခြားသည့် အကြောင်းအချက်များ ပေါ်ပေါက်လျှင် ထိုအကြောင်းအချက်များကို လိုက်လျောရန် ပြောင်းလဲနိုင်ချက် ရှိလျှင် မည်သို့သော ပြောင်းလဲ နိုင်ချက် ပြုလုပ်နိုင်သည်ကို ဘုရင်မင်းမြတ် အစိုးရက စဉ်းစားလိမ့်မည်။ ၃။ ကြားဖြတ် ဥပဒေပြု အဖွဲ့ကြားဖြတ်ကာလအတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်သော ဥပဒေပြု ကောင်စီ တခု ရှိလိမ့်မည်။ အခွင့်ပြုထားသော ဦးရေကို ၅ဝ မှ ၁၀ဝ သို့ တိုးမြှင့်ရန် အာဏာကို ဘုရင်မင်းမြတ် အစိုးရက ကောင်စီတွင် ထုတ်ပြန်သော အမိန့်ဖြင့် ဖွေရှာလိမ့်မည်။ တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခြင်းများ ပြီးဆုံးသည်နှင့် တပြိုင်နက် ဘုရင်မင်းကြီးသည် ဦးရေ ၁၀ဝ ပါဝင်သော ဥပဒေပြု ကောင်စီတခုကို အမည်တပ် ခန့်အပ် လိမ့်မည်။ ထိုကောင်စီအဖွဲ့တွင် တိုင်းရင်း မဟုတ်သော လူနည်းစုများ၏ ကိုယ်စား ဆောင်ရွက်ရန် လူဦးရေ အနည်းငယ်ကို ပါဝင်စေလျက် တိုင်းပြု ပြည်ပြု လွှတ်တော်သို့ ရွေးကောက် တင်မြှောက် လိုက်သော သူများထဲမှ ရွေးချယ်လိမ့်မည်။ ဥပဒေပြု ကောင်စီ၏ အာဏာများမှာ မကြာသေးမီက ဖျက်သိမ်းလိုက်သော ဦးရေ ၅ဝ ပါဝင်သည့် ဥပဒေပြုကောင်စီ ရရှိထားသော အာဏာများနှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်။ ၄။ ကြားဖြတ် အစိုးရဘုရင်ခံမင်းကြီး၏ အမှုဆောင် ကောင်စီသည် မြန်မာနိုင်ငံတော်၏ ကြားဖြတ်အစိုးရ ဖြစ်လိမ့်မည်။ အထက်ပါ အပိုဒ် ၂ တွင် ဖော်ပြခဲ့သော အဖြူထည် ဘောင်အတွင်းတွင် ဆက်လက် တည်ရမည် ဖြစ်သော အမှုဆောင်ကောင်စီ၊ သို့မဟုတ် ဘုရင်ခံမင်းကြီး၏ တရားဝင် အာဏာများကို မပြောင်းလဲစေရန် မဖြစ်နိုင်သော်ငြားလည်း ကြားဖြတ်အစိုးရသည် ယခုအခါ အိန္ဒိယ ကြားဖြတ် အစိုးရ နည်းတူ ယေဘုယျအားဖြင့် ဆောင်ရွက် သွားလိမ့်မည့်ပြင်၊ အထူးသဖြင့်
တရားဝင် အခြေအနေတွင် သက်ရောက်သော ကန့်သတ်ချက်များမှ အပ အမှုဆောင် ကောင်စီ အဖွဲ့သည် စီမံကိန်းနှင့် အုပ်ချုပ်မှု နယ်ပယ်တွင် ပေါ်ပေါက်သော ကိစ္စ ဟူသမျှကို အရေးဆိုရန်လည်းကောင်း၊ စဉ်းစားရန်လည်းကောင်း၊ ဆွေးနွေးရန်လည်းကောင်း၊ ဆုံးဖြတ်ရန်လည်းကောင်း လုံးဝ လွတ်လပ်ခွင့် ရှိလိမ့်မည်။ ၅။ နိုင်ငံခြားရေး ကိစ္စများလန်ဒန် မြို့တော်တွင် မြန်မာအစိုးရ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် အတွက် မဟာမင်းကြီး တပါး ခန့်ထားစေလိမ့်မည်။ မြန်မာ နိုင်ငံတော်က တိုင်းရေးပြည်မှု စေ့စပ် ပြောဆိုသူ ကိုယ်စားလှယ် လဲလှယ်လိုသော နိုင်ငံများ၏ အစိုးရများအား ထိုကဲ့သို့ လဲလှယ်ခြင်းကို သဘောတူရန် ဘုရင်မင်းမြတ် အစိုးရက တောင်းဆိုလိမ့်မည်။ ၆။ ပြည်ထောင်ချင်းချင်း အဖွဲ့အစည်းများ၏ အဖွဲ့ဝင် အဖြစ်ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တွင် အဖွဲ့ဝင် တဦး အဖြစ်ဖြင့် ပါဝင်ရန် မြန်မာနိုင်ငံတော်၏ လျှောက်ထားချက်ကို မြန်မာနိုင်ငံတော်၏ တိုင်းပြု ပြည်ပြုရေး အခြေအနေသည် ထိုလျှောက်ထားချက်မျိုးကို လက်ခံနိုင်လောက်အောင် ဖြစ်သည်နှင့် တပြိုင်နက် ဘုရင်မင်းမြတ် အစိုးရက လုံးဝ ထောက်ခံချက် ပေးလိမ့်မည်။ ဤအတော အတွင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က ကြီးမှူးသော အစည်းအဝေးများတွင် မြန်မာနိုင်ငံတော်က မည်မျှလောက် ပါဝင် ဆောင်ရွက်နိုင်သည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးနှင့် စုံစမ်း ညှိနှိုင်းလိမ့်မည်။ မြန်မာနိုင်ငံတော်က ချဉ်းကပ် ဆက်သွယ်စေလိုသော အခြားအခြားသော ပြည်ထောင် အချင်းချင်း အဖွဲ့အဝင်များသို့လည်း ထိုအဖွဲ့များ၏ အလုပ်တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ်ဖြင့်၊ သို့မဟုတ် အခြားနည်းဖြင့် မြန်မာနိုင်ငံတော်က ပါဝင် ဆောင်ရွက်နိုင် မနိုင်ကို ထောက်လှမ်း စစ်ရှောက်သော သဘောနှင့် ချဉ်းကပ် ဆက်သွယ်လိမ့်မည်။ ၇။ ကာကွယ်ရေး
၈။ နယ်ခြားဒေသများနယ်ခြားဒေသများနှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဖက်၏ သဘော တူပြီးသော ရည်ရွယ်ချက် ဖြစ်သည်။ ဤအတောအတွင်း နယ်ခြားရှိ လူများသည် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော နည်းဖြင့် မြန်မာ နိုင်ငံတော် အစိုးရတို့နှင့် ရင်းနှီးစွာ ပေါင်းသင်း တွဲဖက်ရာသည်။ ဤသည်တို့ကို မြှော်ကိုး၍ သဘော တူညီကြသည်မှာ
၉။ ဘဏ္ဍာရေးဘဏ္ဍာရေး ပြဿနာများ အတော်အတန် စဉ်းစားခဲ့ပြီး၍ ဤကိစ္စများကို မည်သို့စီမံခန့်ခွဲရန် သဘောတူညီချက် တခု ဆိုက်ရောက်ခဲ့ပြီး ဖြစ်သည်။ သဘောတူချက်ကိုမူ ပူးတွဲပါ နောက်ဆက်တွဲတွင် ဖော်ပြထားသည်။ နောက်ဆက်တွဲ (က)လာမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒပေး ရွေးကောက်ခြင်း ခံနိုင်ခွင့် အလို့ငှာ မြန်မာနိုင်ငံတော်တွင် မွေးဖွား၍ ၁၉၄၂ ခု၊ ဇန်နဝါရီလ ၁ ရက်၊ သို့မဟုတ် ၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့ မရှေးမနှောင်း ဖြစ်သော ၁ဝ နှစ် အတွင်းတွင် စုစုပေါင်း ၈ နှစ်ထက် မနည်း၊ မြန်မာနိုင်ငံတော်တွင် နေထိုင်ခဲ့သော ဗြိတိသျှ လက်အောက်ခံ၊ သို့မဟုတ် အိန္ဒိယနယ် လက်အောက်ခံ နိုင်ငံသားကို မြန်မာ အမျိုးသားဟု အဓိပ္ပာယ် ဖော်ပြသည်။ နောက်ဆက်တွဲ (ခ)ဘဏ္ဍာရေး။
၁၀။ အခြားကိစ္စများမြန်မာနိုင်ငံတော်၏ အဆင့်အတန်း ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဘုရင်မင်းမြတ်၏ အစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရတို့ သဘောတူ ဆိုက်ရောက်ရန် အခြားပြဿနာ ပေါ်ပေါက် လိမ့်မည်။ ဤပြဿနာများကို ပေါ်ပေါက်လာသည့် အလျောက် လက်ခံ၍ ယခု ဆွေးနွေးပွဲများတွင် ထင်ရှားခဲ့သော မိတ်ဆွေရင်းချာများ သမဝါယမ နှလုံးထားဖြင့် ဆောင်ရွက်လိမ့်မည်။ ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာ အမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်များသည် တိုင်ပင် နှီးနှောခြင်းနှင့် ကူညီ ရိုင်းပင်းခြင်း၊ ယခုနည်းကို ဆက်လက်စေသောအားဖြင့် ဗြိတိသျှ ‘ကော်မော်ဝဲလ်သ်’ အတွင်းတွင် ဖြစ်စေ၊ အပြင်အပမှ ဖြစ်စေ၊ ကိုယ်ပိုင် လွတ်လပ်သော မြန်မာနိုင်ငံတော် ဘဝသို့ ရောက်စေလိုသော နှစ်ဦးနှစ်ဖက် ရည်ရွယ်ချက်ကို ချောမော လျင်မြန်စွာ တိုးတက်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု တထစ်ချ ယုံကြည်ကြသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးသစ် မရောက်မီ ခေတ်ပြောင်း ခေတ်လွှဲတလျောက် ပေါ်ပေါက်လိမ့်မည် ဖြစ်သော အနာဂတ် ကိစ္စများကို သဘောတူ ဆိုက်ရောက်ရေးတွင် တဦးကို တဦး ယိုင်းပင်း ကူညီရန် သဘောတူလေသည်။
အောင်ဆန်း
စီ၊ အာ၊ အက်တလီ ၁၀၊ ဒေါင်းနင်းလမ်း ဇန်နဝါရီလ ၂၇ ရက်၊ ၁၉၄၇။
မှတ်ချက်။ ။ ဝန်ကြီး သခင်ဗစိန်နှင့် ဝန်ကြီး ဦးစော တို့သည် ဤအဆုံးသတ်ချက်များတွင် ဘက်စပ်ရန် မတတ်နိုင်ကြချေ။ အောင်ဆန်း - အက်တလီစာချုပ်ကို ၁၉၄၇ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်၊ နှစ်ဦးနှစ်ဖက် ခေါင်းဆောင်ကြီးများသည် လက်မှတ် ရေးထိုးကြလေသည်။ ထိုသို့ လက်မှတ် ရေးထိုးရာတွင် မြန်မာနိုင်ငံမှ တက်ရောက်ကြသော ကိုယ်စားလှယ်များတွင် အပါအဝင် ဖြစ်သည့် ဂဠုန် ဦးစောနှင့် သခင်ဗစိန်တို့သည် လက်မှတ် ရေးထိုးခြင်း မပြုကြချေ။[၁] ကိုးကား
|
Portal di Ensiklopedia Dunia