ပင်လုံစာချုပ်![]() ![]() ပင်လုံစာချုပ်သည် ဖဆပလဦးဆောင်သော ဗြိတိသျှမြန်မာပြည်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ချင်း၊ ကချင်နှင့် ရှမ်းမျိုးနွယ်စုခေါင်းဆောင်များအကြား ၁၉၄၇ခုနှစ် ဖေေဖာ်ဝါရီလ၁၂ရက် ချုပ်ဆိုခဲ့သော သဘောတူညီချက်ဖြစ်သည်။ ပင်လုံစာချုပ်သည် လွတ်လပ်ရေးရသည့် ၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။ မြန်မာအစိုးရက အစောပိုင်းတွင် ပင်လုံစာချုပ်ပါအချက်ကို လိုက်နာခဲ့သော်လည်း ၁၉၅၉ခုနှစ်တွင်စာချုပ်ပါအချက်အလက်များကို ဖောက်ဖျက်ကာ စော်ဘွားများအား အတင်းအဓမ္မ အာဏာစွန့်လွှတ်စေခဲ့သည်။ ၁၉၆၂တွင် မြန်မာစစ်တပ်မှ စစ်အာဏာသိမ်းသောအခါ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ပင်လုံစာချုပ်ကိုပါဖျက်သိမ်းလိုက်သဖြင့် နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သော တိုင်းရင်းသားမျိုးနွယ်စုများ၏ ပဒေသရာဇ်စနစ် အဆုံးသတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံး (ပြည်နယ်နှင့် တိုင်းအားလုံး)ကို မြန်မာအစိုးရမှ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်မှာ ယနေ့ထိတိုင်အောင်ပင်ဖြစ်သည်။ မြန်မာအစိုးရအာဘော် ပင်လုံသမိုင်းပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှက်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ အချိန်ကား လွန်ခဲ့သော ၇၀ နှစ်တာကာလ။ အတိအကျဆိုရသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။ နေရာမှာ ရှမ်းပြည်နယ်တောင်ပိုင်းလဲချားစော်ဘွားအပိုင် နယ်အတွင်းရှိ ပင်လုံမြို့ကလေးတွင် ဖြစ်၏။ စင်စစ်ပင်လုံဟု နှုတ်ကျိုးခေါ်ဝေါ်နေ သော်လည်း ရှမ်းဘာသာစကားဖြင့် ‘ပန်လုံ’ ဟု ခေါ်၍ ‘လွင်ပြင်ကြီး’ ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ပန်လုံ ခေါ် ပင်လုံ သည် လွင်ပြင်မြို့ ဟု အနက်ပေးသော်ရသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ-ဦးသန်းကြွယ်[၁]၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော မြန်မာကိုယ်စားလှယ်များသည် လည်းကောင်း တက်ရောက်ခဲ့ကြသလို ဗြိတိသျှတို့ဘက်မှ ဒိုမီနီယန်အတွင်း ဝန်ကလေး ဘော့တွမ်လေ၊ မစ္စတာ လက်ဝဒ်ချ် (Mr. W.B.T.Leduidge)၊ ဇွန်လေဒင် အမှူးသော အရာရှိကြီးများနှင့် တောင်တန်းဒေသ မင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှ ဖဒိုဝိရီကျော်၊ သထုံဦးလှဖေ၊ စောစံကေးနှင့် ဦးချစ်တီး တို့လည်းလေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။[၂] ဗြိတိသျှတို့၏ ခြေထိုးသွေးခွဲမှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကြိုးပမ်းမှုမှာ လိပ်ခဲတင်းလင်းဖြစ်နေသော်လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့သည် သဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။[၃][၄][၅] မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စဝ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။ ပင်လုံစာချုပ် (၁၉၄၇)
လက်မှတ်များမြန်မာနိုင်ငံတော်အစိုးရ
ကချင်ကော်မတီ
ချင်းကော်မတီ
ရှမ်းကော်မတီ
ကိုးကား
ဝီကီရင်းမြစ်တွင် ဤဆောင်းပါးနှင့် ပတ်သက်သော စာတမ်းများ ရှိသည် –
|
Portal di Ensiklopedia Dunia