ကပီဘာရာ ကြွက်ကြီး

ကပီဘာရာ ကြွက်ကြီး
ဘရာဇီးနိုင်ငံ၊ ပန်တံနယ်ဒေသတွင်တွေ့ရသော ကပီဘာရာ ကြွက်ကြီး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Rodentia
မျိုးရင်း: Caviidae
မျိုးရင်းသေး: Hydrochoerinae
မျိုးစု: Hydrochoerus
မျိုးစိတ်:
H. hydrochaeris
ဒွိနာမ
Hydrochoerus hydrochaeris
နေထိုင်ကျက်စားရာ ဒေသရင်းနယ်မြေများ
Synonyms

Sus hydrochaeris လင်းနီးယပ်၊  ၁၇၆၆

ကပီဘာရာ ကြွက်ကြီး (အင်္ဂလိပ်: Capybara (or) Greater Capybara)[မှတ်စု ၁] (မျိုးစိတ်အမည်- Hydrochoerus hydrochaeris) သည် တောင်အမေရိက၏ ဒေသရင်းမျိုးစိတ်ဖြစ်ပြီး ဧရာမကြွက်ကြီးတစ်မျိုးဖြစ်သည်။ ၎င်းသည် အကြီးမားဆုံးသော ရှင်သန်ဆဲ ကိုက်ဖြတ် သတ္တဝါ မျိုးစိတ်[]ဖြစ်သည်။ ကျန်ရှိသော တစ်ခုတည်းသော အဖွဲ့ဝင်မှာ ကပီဘာရာ ကြွက်ငယ် (မျိုးစိတ်- Hydrochoerus isthmius) ဖြစ်သည်။ ၎င်းသည် ပူးများနှင့် မျိုးရိုးနီးစပ်ပြီး အဂူတီချင်ချီလာ ရှဉ့်တို့နှင့် ပိုမိုဝေးကွာစွာ မျိုးရိုးနီးစပ်သည်။ ကပီဘာရာ ကြွက်ကြီးများသည် ဆာဗာနား မြက်ခင်းပြင်များနှင့် ထူထပ်သော သစ်တောများထဲတွင် နေထိုင်ကြပြီး ရေနှင့်နီးသော အရပ်တွင် ကျက်စားလေ့ရှိသည်။ ကပီဘာရာများသည် အုပ်စုဖွဲ့နေထိုင်ခြင်းအား အလွန်နှစ်သက်သော မျိုးစိတ်တစ်ခုဖြစ်ပြီး အကောင်ရေ ၁၀၀ အထိရှိသည့် ကြီးမားသော အုပ်စုများကို တွေ့ရှိနိုင်သော်လည်း အများစုမှာမူ အကောင်ရေ ၁၀ မှ ၂၀ အထိသာ စုဖွဲ့နေထိုင်ကြသည်။

သွင်ပြင်ပုံသဏ္ဌာန် ဖော်ပြချက်

ကပီဘာရာ ကြွက်ကြီး၏ နမူနာပုံစံ

ကပီဘာရာ ကြွက်ကြီးများတွင် ကြီးမားသော စည်ပိုင်း ပုံသဏ္ဌာန် ကိုယ်ထည်နှင့် တိုသော ဦးခေါင်းရှိပြီး ခန္ဓာကိုယ် အပေါ်ပိုင်းတွင် နီညိုရောင်နှင့် အောက်ဘက်တွင် အဝါရောင် အမွေးများရှိသည်။ ကိုက်ဖြတ် သတ္တဝါများထဲတွင် သမရိုးကျမဟုတ်သော သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည့် အရေပြားမျက်နှာပြင်များတွင် ချွေးဂလင်းများရှိသည်ကိုလည်း တွေ့ရသည်။[]

အရွယ်ရောက်ပြီး ကပီဘာရာများသည် ၃.၄၈ မှ ၄.၄၀ ပေ (၁၀၆ မှ ၁၃၄ စင်တီမီတာ) အထိ အရွယ်အစား ကြီးထွားကြသည်။ အရှည်မှာ ၂၀ မှ ၂၄ လက်မ (၅၁ မှ ၆၁ စင်တီမီတာ) အထိ ရှိတတ်ကြသည်။ ကိုယ်အလေးချိန်မှာ ပျမ်းမျှအားဖြင့် ၇၇ မှ ၁၄၆ ပေါင် (၃၅ မှ ၆၆ ကီလိုဂရမ်) ရှိတတ်သည်။ ဗင်နီဇွဲလားနိုင်ငံရှိ ကပီဘာရာများသည် ပျမ်းမျှအားဖြင့် ၄၈.၉ ကီလိုဂရမ် (၁၀၈ ပေါင်) ရှိသည်ဟု သိရသည်။[] အမ များသည် အထီး များထက် အနည်းငယ် ပိုလေးသည်။ စံချိန်တင်ထားသည့် အလေးချိန်မှာ ၂၀၁ ပေါင် (၉၁ ကီလိုဂရမ်) ဖြစ်သည်။

ကပီဘာရာ အရိုးစုတစ်ခု

ကပီဘာရာများ၏ နောက်ခြေထောက်များသည် ရှေ့ခြေများထက် အနည်းငယ်ရှည်သည်။ နောက်ခြေဖဝါးတွင် ခြေချောင်းသုံးချောင်းနှင့် ရှေ့ခြေဖဝါးတွင် ခြေချောင်းလေးချောင်းရှိသည်။[] ၎င်းတို့၏ မျက်နှာများသည် လုံးဝိုင်းကာ နှာခေါင်းပေါက်များရှိပြီး မျက်လုံးများနှင့် နားများသည် ၎င်းတို့၏ ဦးခေါင်းထိပ် အနီးတွင် ရှိနေသည်။


ဓာတ်ပုံပြခန်း

မှတ်စု

  1. နိုင်ငံအလိုက် အသုံးအနှုန်းများ။ ။ Capivara (ဘရာဇီး)။ Capiguara (ဘိုလီးဗီးယား)။ Chigüire , Chigüiro or Fercho (ကိုလံဘီယာ နှင့် ဗင်နီဇွဲလား)။ Carpincho (အာဂျင်တီးနားပါရာဂွေး နှင့် ဥရုဂွေး)။ Ronsoco (ပီရူး)။

ကိုးကား

ပြင်ပလင့်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya