ကုက္ကိုဂွ (အရှေ့စု)ရွာ၊ တောင်တွင်းကြီးမြို့နယ်
ကုက္ကိုဂွ (အရှေ့စု)ရွာ (အင်္ဂလိပ်: Kokekogwa(Ahsheysu))သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုဂွကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၃၀၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုက္ကိုဂွကျေးရွာအုပ်စုတွင် ကျား ၁၂၀၂ ဦး၊ မ ၁၄၀၄ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၀၆ ဦးနေထိုင်သည်။ [၁] ရွာတွင် ရွာအမည်ကို ကုက္ကိုခွရွာ ဟု ရေးသားကြသည်။ အသံထွက်ရာတွင် ကုက္ကိုဂွ ဟု အသံထွက်သည်။ အရှေ့စု နှင့် အနောက်စု ဟု အုပ်ချုပ်ရေးစာရင်း ပေါက် သော် လည်း ရွာမှာ တဆက်တည်းရှိသော ရွာကြီးတစ်ရွာသာဖြစ်သည်။ ပြည်လမ်း ခေါ် မကွေး - တောင်တွင်းကြီး ကားလမ်း ပေါ် ရန်ပယ်ချောင်းကူးတံတားမြောက်ဘက်ထိပ်တွင် ရှိသည်။ ဗိဿနိုးမြို့ဟောင်း၏ တောင် ဘက် မြို့ရိုးအပြင်ဘက်၊ မြို့ရိုး နှင့် ရန်ပယ်ချောင်းကြားတွင် တည်ရှိသည်။ ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီများ ရှိသည်။ အထက်တန်းကျောင်း နှင့် စာတိုက် ရှိသည်။ အိုးလုပ်ငန်း နှင့် စိုက်ပျိုးရေး လုပ်ငန်းများ တွဲဖက်လုပ်ကိုင်ကြသဖြင့် ကုက္ကိုခွသူ ကုက္ကိုခွသားများကို ဘေးရွာများက အိုးတောင်သူများဟု ချစ်စနိုး ခေါ်ကြသည်။ စိုက်ပျိုး ရေး လုပ်ငန်းမှာ ရန်ပယ်ချောင်း ဘေးတလျှောက် နုံးတင်မြေနုများ၊ မြေနုကျွန်းများတွင် ချောင်းရေအတက်အကျ အခြေအနေအပေါ်မူတည်၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြခြင်းဖြစ်သည်။ ကန်စွန်းဥ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ နှမ်း၊ ပဲလက်ကောက်၊ အာလူး များ စိုက်ကြသည်။ [၂] [၃] ကိုးကား
|
Portal di Ensiklopedia Dunia