ပျားတု (ရွာမ)ရွာ၊ တောင်တွင်းကြီးမြို့နယ်
ပျားတု (ရွာမ)ရွာ (အင်္ဂလိပ်: Pyartu(Ywarma))သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပျားတုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၃၀၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပျားတုကျေးရွာအုပ်စုတွင် ကျား ၄၈၄ ဦး၊ မ ၅၇၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၆၂ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွာပြီ။[၁] ပျားတု(ရွာမ)ကျေးရွာ၏ အရှေ့ဘက်တွင် ပျားတု(အရှေ့) ကျေးရွာ၊ တောင်ဘက်တွင် လက်ပံတောကျေးရွာ၊ အနောက်ဘက်တွင် ရန်ပယ်ခွကျေးရွာနှင့် ကျောက်ပစ်ကုန်းကျေးရွာ၊ မြောက်ဘက်တွင် ညောင်ကုန်းကျေးရွာတို့တည်ရှိသည်။
လမ်းပန်းဆက်သွယ်ရေးလမ်းပန်းဆက်သွယ်ရေးအနေဖြင့် တောင်တွင်းကြီး-မကွေး၊ တောင်တွင်းကြီး-အထက်မင်းလှ(မလွန်) မီးရထားလမ်းလမ်းပိုင်း၊ တောင်တွင်းကြီး-မကွေး ကားလမ်း နှင့် ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြို့ဟောင်းပတ်လမ်းဆုံရာတွင် တည်ရှိပြီး ရာသီမရွေး မြို့ရွာများနှင့်ချိတ်ဆက်သွားလာနိုင်သည်။ လူဦးရေ၊လူမျိုးနှင့်ကိုးကွယ်မှုဘာသာအိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်မှီတင်းနေထိုင်ကြသည်။ ဗမာလူမျိုးအများစုဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။
ကိုးကား
|
Portal di Ensiklopedia Dunia