ကျောက်ဖယားမြစ်
ကျောက်ဖယားမြစ်(အင်္ဂလိပ်: Chao Phraya၊/ˌtʃaʊ prəˈjɑː/ CHOW-_-PRƏ-yah၊ထိုင်း: แม่น้ำเจ้าพระยา RTGS: မေေ့နာံ့ ကျော့ ဗြးယာ, အသံထွက် [mɛ̂ːnáːm tɕâːw pʰráʔjaː] သို့မဟုတ် [tɕâːw pʰrajaː][၁])(စော့ဗရယာမြစ်)သည် ထိုင်းနိုင်ငံ၏ အဓိကမြစ်ကြီးတစ်စင်းဖြစ်သည်။[၂]မြို့တော်ဘန်ကောက်ကို ဖြတ်၍ စီးဆင်းကာ ထိုင်းပင်လယ်ကွေ့အတွင်း စီးဝင်သည်။ အမည်နာမရှေးကျလှသော ဥရောပမြေပုံများတွင် ကျော့ဗြးယာမြစ်အား (မေနမ်မြစ်) သို့မဟုတ် (မေဵနာံ့)(Thai: แม่น้ำ)ဟု တွေ့နိုင်သည်။ ထိုင်းမြေတိုင်းဌာန မတည်ထောင်မီကရှိခဲ့သော သယာမ်အစိုးရမြေတိုင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဂျိမ်း အမ်စီ ကာသရီက ပြောကြားခဲ့သည်မှာ မိနမ်မှာ ယေဘူယျ အမည်ဖြစ်ကြောင်း၊ (မေ) မှာ အမေဟု အဓိပ္ပာယ်ဖွင့်နိုင်ပြီး (နမ်)မှာ ရေဟု အဓိပ္ပာယ်ရသည်။ "သယာမ်တိုင်းပြည်၏ အဓိကအကျဆုံးမြစ် ဖြစ်သည်။[၂] သယာမ်၏ မိုင်းတွင်းဌာနတွင် ၁၈၉၁ ခုနှစ်မှ ၁၈၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဟားဘတ်ဝါတန်စမစ်[၃] မှ ၁၈၉၈ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏စာအုပ်တွင် မေနမ်ကျော့ဗြးယာ ဟု ရည်ညွှန်းပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ အတွင်းရှိ အင်္ဂလိပ်ဘာသာ မီဒီယာတွင် ကျောက်ဖယားမြစ်ကို မြစ်ဘုရင်ဟု ရံဖန်ရံခါ ဘာသာပြန်တတ်ကြသည်။[၄] ![]() မြေမျက်နှာသွင်ပြင်ကျောက်ဖယားမြစ်မှာ နခွန်စဝမ်ဒေသ (ပတ်နမ်ဖို) တွင် ပင်မြစ်နှင့် နမ်မြစ်တို့ ပေါင်းဆုံကာ မြစ်ဖျားခံလာသည်။ ထို့နောက်တွင် တောင်ဘက်သို့ အလယ်ပိုင်းလွင်ပြင်များမှ ဘန်ကောက်မြို့သို့ ၃၇၂ ကီလိုမီတာ (၂၃၁ မိုင်) စီးဆင်းကာ ထိုင်းပင်လယ်ကွေ့အတွင်း စီးဝင်သည်။ ချနတ်ဒေသတွင် သချင်းမြစ်လက်တက် စီးဆင်းသည်။ သချင်းမြစ်မှာ ပင်မမြစ်ကြီးနှင့်အပြိုင် စီးဆင်းကာ ဘန်ကောက်မြို့၏ အနောက်ဘက် ၃၅ ကီလိုမီတာ (၂၂ မိုင်)ခန့်အကွာ စမွတ်ဆခွန်ဒေသတွင် ထိုင်းပင်လယ်ကွေ့အတွင်း စီးဝင်သည်။ ချိုင်းနတ်ဆည် အောက်ပိုင်းမှစသော အနိမ့်ပိုင်းလွင်ပြင် ဒေသမှစ၍ ခလွန်ဟုခေါ်သော တူးမြောင်း များစွာရှိသည်။ ထိုတူးမြောင်းများမှာ ဒေသတွင်း ကောက်ပဲသီးနှံ စိုက်ပျိုးရေးအတွက် ရေသွင်း တူးမြောင်းများဖြစ်သည်။ ကျောက်ဖယားမြစ်၏ ယေဘူယျ ကိုဩဒိနိတ်အညွှန်းမှာ 13N၊ 100E ဖြစ်သည်။ ဤဒေသတွင် မုတ်သုံရာသီဥတုရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ၁,၄၀၀ မီလီမီတာ (၅၅ လက်မ) ခန့်ရှိသည်။ ဘန်ကောက်မြို့တွင် အပူချိန် ၂၄ to ၃၃ ဒီဂရီ စင်တီဂရိတ် (၇၅ to ၉၁ ဒီဂရီ ဖာရင်ဟိုက်) ရှိသည်။ မြစ်ကြောင်း ပြုပြင်ခြင်းများ![]() အယုဓယခေတ်က ကျောက်ဖယားမြစ် အောက်ပိုင်းတွင် လူလုပ်ပြုပြင်မှုများ ရှိခဲ့သည်။ တူးမြောင်း တော်တော်များများမှာ မြစ်ဘေးတွင် ကြီးမားသော ကွင်းများအဖြစ် တည်ရှိသည်။
မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသများကျောက်ဖယားမြစ်ကြောင်းတစ်လျှောက် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းရာဒေသများမှာ နခွန်စဝမ်ဒေသ၊ အုတုန်သနီဒေသ၊ ချနတ်ဒေသ၊ စင်ဘူရီဒေသ၊ အန်သန်းဒေသ၊ အယုဓယဒေသ၊ ပသွန်သနီဒေသ၊ နော့သဘူရီဒေသ၊ ဘန်ကောက်နှင့် စမွတ် ဖယာခန်ဒေသတို့ ဖြစ်သည်။ ထိုမြို့များမှာ သမိုင်းကြောင်းအရ အရေးပါသောမြို့များဖြစ်ကာ ရေကြောင်းခရီးကြောင့် လူဦးရေ ထူထပ်ရာမြို့များဖြစ်သည်။ သယ်ယူပို့ဆောင်ရေး![]() ![]() ![]() ![]() ဘန်ကောက်မြို့တွင် ကျောက်ဖယားမြစ်ကိုဖြတ်၍ တည်ဆောက်ထားသော အဓိကတံတားကြီးများမှာ ရာမ ၆ သံလမ်းတံတား၊ နန်းတော်အနီးမှ ဗြးဖင်ခလိုတံတား၊ ရာမ ၈ တံတား၊ ရာမ ၉ တံတား၊ မီဂါတံတား တို့ဖြစ်သည်။ ဘန်ကောက်တွင် ကျောက်ဖယားမြစ်မှာ ရေကြောင်းဘတ်စ်များ၏ အဓိကသွေးကြောဖြစ်သည်။ နေ့စဉ်နှင့်အမျှ မြစ်ကြောင်းတစ်လျှောက် ဖယ်ရီများ၊ မြစ်တစ်ဖက်ကမ်းကူး ဖယ်ရီများ၊ ဝါးတားတက္ကဆီများ စသည်တို့ဖြင့် ကျောက်ဖယားမြစ်အတွင်းတွင် ကူးလူးသွားလာနေသည်။ ယာဉ်ကြောပိတ်ဆို့မှုများသော ဘန်ကောက်မြို့တွင် မိုးပျံရထား၊ မြေအောက်ရထားများအပြင် ဤရေကြောင်းသယ်ယူရေးများဖြင့်လည်း သွားလာကြသည်။ မြစ်နှင့် မြို့တွင်းရှိ တူးမြောင်းများတွင် လှေလိုင်းပေါင်း ၁၅ ခုထက်မက ရှိသည်။ ညပိုင်းတွင် ကျောက်ဖယားမြစ်အတွင်း ညစာသင်္ဘော၊ နေဝင်ချိန်ကြည့်သင်္ဘောများစွာ ရှိတတ်သည်။ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာလည်း ဖြစ်သည်။
မြစ်လက်တက်များကျောက်ဖယားမြစ်၏ အဓိကမြစ်လက်တက်များမှာ ပစပ်မြစ်၊ သောက္ကဲခရမ်မြစ်၊ နမ်မြစ်၊ The principal ပင်မြစ်နှင့် သချင်မြစ်တို့ ဖြစ်သည်။[၆][၇][၈] ကျောက်ဖယား ရေဝေရေလဲ![]() ကျောက်ဖယားမြစ်နှင့် သူ၏မြစ်လက်တက်များပါဝင်သော စနစ်အရ ကျောက်ဖယား ရေဝေရေလဲစနစ် ရှိသည်။ ဤစနစ်မှာ ထိုင်းနိုင်ငံတွင် အကြီးမားဆုံး စနစ်ဖြစ်သည်။ နိုင်ငံ၏ ၃၅ ရာခိုင်နှုန်းခန့် ဖြန့်ကျက်ထားသည်။ မြစ်ဝကျွန်းပေါ်သချင်းမြစ်မှာ ကျောက်ဖယားမြစ်မှ ခွဲထွက်၍ အပြိုင်စီးကာ ထိုင်းပင်လယ်ကွေ့အတွင်းသို့ စီးဝင်သည်။ ကျောက်ဖယားမြစ်နှင့် သချင်းမြစ်နှင့် မြစ်လက်တက်များရှိသော ထိုကြားဒေသသည် မြစ်ဝကျွန်းပေါ်ဖြစ်သည်။ ဇီဝမျိုးကွဲများ![]() ကျောက်ဖယားစနစ်၏ အောက်ပိုင်းဒေသများဖြစ်သော နိုင်ငံအလယ်ပိုင်းတွင် စိမ့်မြေတောများ၊ အပူပိုင်းနှင့် စိမ့်သမနွေရွက်ကြွေတောများ ရှိသည်။ မြောက်မှတောင်သို့ ၄၀၀ km (၂၄၉ mi) ရှည်ကာ၁၈၀ km (၁၁၂ mi) ကျယ်သည်။ မူလ စိမ့်မြေတောများမှာ ဖယ်ရှားခြင်းခံခဲ့ရပြီး လွင်ပြင်များအဖြစ်ပြောင်းလဲကာ စပါး၊ ကောက်ပဲသီးနှံ၊ အခြား စိုက်ပျိုးရေးလုပ်ငန်းများ၊ ဘန်ထိုဒေသတွင် ကျက်စားသော သားရဲတိရစ္ဆာန်များပါ ပျောက်ကွယ်ကုန်သည်။ ထိုအထဲတွင် ငါးများ၊ ငှက်များပါ ပါဝင်သည်။ ငါးများ![]() ကျောက်ဖယား ရေဆင်းစနစ်အတွင်း ငါးမျိုးစိတ်ပေါင်း ၂၈၀ ခန့်ရှိသည်။ ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia