ကျောက်မဲဆရာတော်
ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (၁၄ နိုဝင်ဘာ ၁၉၄၉ မွေးဖွား) သည် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာတော် ဖြစ်သည်။ ဖွားမြင်ခြင်းဆရာတော်ကို မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၌ ခမည်းတော် ဦးဝန်ဘ+ မယ်တော် ဒေါ်သင်းကြိုင်တို့မှ ၁၃၁၁-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့၊ ခရစ်သက္ကရာဇ် ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သာမဏေ ရှင်စန္ဒ ဘဝ အသက် ၉ နှစ် အရွယ်တွင် မန္တလေး ဝိသုဒ္ဓာရုံတိုက် (ဝါဆိုကျောင်း) သို့ ရောက် ရှိပြီး အနှစ် ၂၀ သီတင်းသုံးခဲ့သည် ။ ရဟန်းအဖြစ်သို့ ရောက်ရှိခြင်းဆရာတော်သည် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုပြီး ခံယူလျက် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့ကိုလည်း စံကင်းဆရာ တော် ကြီးကပင် ၎င်း၏ ဘွဲ့အမည် နှင့် တူနေသည်ဆိုကာ စန္ဒကူးနှစ် ဟု အဓိပ္ပါယ်ရသော စန္ဒနသာရ ဟု ပြောင်းပေးခဲ့သည်။ မူလဘွဲမည် စန္ဒ မှာ လမင်း ဟု အဓိပ္ပါယ်ရသည်။ ပရိယတ္တိစာပေ သင်ယူခြင်းဆရာတော်သည် ငယ်စဉ်အခါ သက်တော် ၉ နှစ်ထိ စကျင်ရွာ၊ မဟာသိမ်ကျောင်းဆရာတော် ဘဒ္ဒန္တတိဿ၊ သက်တော် (၉) နှစ်မှ (၂၉) နှစ်ထိ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သက်တော်ရှည်ကျောင်းဆရာတော် (စံကင်းဆရာတော်ကြီး) ဘဒ္ဒန္တစန္ဒာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဇယမေဒနီဝါဆိုဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဃိယ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ မတ္တရာသူဌေးဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ (ကထိကရဟန်း) (အဂ္ဂမဟာပဏ္ဍိတ)၊ မင်္ဂလာဗိမာန်ဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ ၁၃၄၀ မှ ၁၃၄၅ ခုနှစ်အထိ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ တိပိဋကနိကာယကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက) စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူလေ့လာခဲ့သည်။ သီရိလင်္ကာတွင် မဟာဘွဲ့အတွက် ၅ နှစ်၊ အိန္ဒိယတွင် ပါရဂူဘွဲ့အတွက် ၃ နှစ် သီတင်းသုံးခဲ့ရသည်။ ၁၃၄၅ ခုနှစ်မှ ၁၃၈၆ ထိ ကျောက်မဲမြို့တွင် သီတင်းသုံးသည်။ ပြည်တွင်းစစ်ကြောင့် ၁၃၈၆ မှ ယခုချိန်ထိ ရန်ကုန် ရွှေပြည်သာ၊ ထ (၁၆) ရန်ရှင်းမြို့ပတ်လမ်း မဟာအောင်မြေကျောင်းတိုက် တွင် သီတင်းသုံးသည်။ အောင်မြင်ခဲ့သော စာမေးပွဲများ
သာသနာရေး ဆောင်ရွက်ခြင်းဆရာတော်သည် ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်၊ ပြင်ဦးလွင်မြို့၊ ဇယမေဒနီအောင်မြေကျောင်းတိုက်၊ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ မဟာအောင်မြေကျောင်းတိုက်တို့ကို ပဓာနနာယကဆရာတော်အဖြစ် စီမံအုပ်ချုပ်တော်မူခြင်း၊ ပရိယတ္တိစာပေများ သင်ကြားပို့ချတော်မူခြင်း၊ ဘာသာရေးဆိုင်ရာ စာတမ်းများ၊ ကျမ်းဂန်စာပေများ၊ ဆောင်းပါးများ ရေးသားခဲ့ခြင်း၊ အရဟံဖောင်ဒေးရှင်း၊ အရဟံသာသနာပြုဓမ္မကောလိပ်နှင့် အခြားသော အရဟံသာသနာပြုလုပ်ငန်းများ၏ ဩဝါဒါစရိယဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း၊ သံဃာအဖွဲ့အစည်းအဆင့်ဆင့်တို့၌ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ တွဲဘက်အကျိုးတော်ဆောင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်လျက်ရှိသည်။[၁] ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များ
ကိုးကား
|
Portal di Ensiklopedia Dunia