အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် (ပါဠိ: Aggamahāpaṇḍita) သည် စာမေးပွဲဖြေဆို အောင်မြင်၍ရရှိသော ဓမ္မာစရိယ၊ တိပိဋကဓရဘွဲ့မျိုးကဲ့သို့ မဟုတ်ပေ။ စာမေးပွဲမဖြေဆိုရဘဲ နိုင်ငံတော်အစိုးရက ထိုက်တန်သောဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များကို ကပ်လှူပူဇော် ချီးမြှင့်သောဘွဲ့မျိုးဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ၏ အဓိပ္ပာယ်မှာ
ဟု ဆိုလိုသည်။ ဤအဓိပ္ပာယ်အရ ကြီးကျယ်မြင့်မြတ်သော ပညာရှိအား နိုင်ငံတော်အစိုးရက "အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်"ကို ချီးမြှင့်ခြင်း ဖြစ်ပေသည်။ သမိုင်းကြောင်းအင်္ဂလိပ်ခေတ်အင်္ဂလိပ်မင်းလက်ထက်၌မူကား ၁၉၁၅ ခုနှစ်မှစ၍ ကျမ်းဂန်တတ်အကျော်အမော် ဆရာတော်များနှင့် လူပညာရှိတို့အား အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်အပ်နှင်းလျက် စရိတ်လှူဒါန်း ထောက်ပံ့ခြင်းပြုခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဟူသည် ကြီးမြတ်သောပညာရှိဟု အနက်ရသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ်မှု စတင်ဖြစ်ပေါ်လာခြင်းသည် တောင်ခွင်သာသနာပိုင် ဆရာတော်ဘုရားကြီး၏ ဟောပြောညွှန်ကြားမှုကြောင့်ဖြစ်ကြောင်း သိရလေသည်။ တောင်ခွင်သာသနာပိုင်ဆရာတော်ဘုရားကြီးမှာ မြန်မာနိုင်ငံ သာသနာပြုမင်းများလက်ထက် ကျမ်းဂန်တတ် ပုဂ္ဂိုလ်တို့အား "ရာဇဂုရု"၊ "ရာဇာဓိရာဇဂုရု" တံဆိပ်တော်များ ဆက်ကပ်ချီးမြှောက်တော်မူခဲ့ကြသည့်နည်းတူ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းသင့်ကြောင်းကို အင်္ဂလိပ်အစိုးရတို့အား ဟောကြားညွှန်ပြတော်မူခဲ့၏။ ဟောကြားညွှန်ပြတော်မူချက်အတိုင်း သာသနာပိုင်ဆရာတော်ကြီးသည် ဘုရင်ခံဆာနဒ်၏ သဘောတူညီချက် အမိန့်တော်နှင့်တကွ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်များကို အစိုးရကိုယ်စား ကိုယ်တော်တိုင်ဆက်ကပ်တော်မူ၏။ ထိုသို့ဆက်ကပ်ပွဲကိုလည်း တစ်နှစ်လျှင်နှစ်ကြိမ် ပြုလုပ်တော်မူ၏။ ထိုဆက်ကပ်ပွဲအတွက် မဏ္ဍပ်ကန္နားမှစ၍ ဆောင်ရွက်ရန်တာဝန်များကို မဟာမုနိဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင်တို့က အစိုးရထံမှ ထောက်ပံ့လှူဒါန်းသောငွေဖြင့် တာဝန်ယူ၍ ဆောင်ရွက်ကြရလေသည်။ လွတ်လပ်ရေးရပြီးခေတ်လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာသောအခါတွင်လည်း ရှေးထုံးစဉ်လာအရ နိုင်ငံတော်အတွင်း၌ နေလပမာအလွန်ထင်ရှားလျက် ပိဋက၏အရာ၌ ထူးချွန်အောင်တတ်မြောက်တော်မူကြသော
အစရှိသောဂုဏ်တို့ဖြင့် ထုံအပ်သောဆရာတော်များအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ အထူးအားဖြင့် ကိုးကွယ်သောသာသနာ့ဒါယကာတို့ လွတ်လပ်လာသဖြင့် အကိုးကွယ်ခံရသော ဗုဒ္ဓသာသနာတော်ကြီးလည်း လွတ်လပ်လာပြီ ဖြစ်ရကား ရှေးမင်းတို့လက်ထက်၌ ရဟန်းပုဂ္ဂိုလ်တို့အား မင်းဆရာတော်အဖြစ် ရာဇဂုရု၊ ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်တို့ကို လှူဒါန်းပူဇော်ခဲ့သော်လည်း ယခုအခါ လူထု၏အစိုးရသမ္မတနိုင်ငံဖြစ်သည့်အားလျော်စွာ လူထု၏ဆရာတော်(နိုင်ငံတော်ကြီး၏ဆရာတော်)အဖြစ်ဖြင့် "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော်တို့ကို ရွေးချယ်ကာလှူဒါန်းပူဇော်ခဲ့လေသည်။ ဂုဏ်အင်္ဂါ အရည်အချင်းများအဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့်စပ်ဆက်၍ သမိုင်းကြောင်းကို လေ့လာကြည့်သောအခါ မြန်မာသက္ကရာဇ် ၁၂၇၇-ခုနှစ်(ခရစ်နှစ် ၁၉၁၅-ခုနှစ်) မှစ၍ ဆက်ကပ်လာကြောင်းသိရှိရသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ချီးမြှင့်ထိုက်သော ဂုဏ်အင်္ဂါအရည်အချင်းများကို တောင်ခွင်သာသနာပိုင်ဆရာတော်၏ အမိန့်ပြန်တမ်းတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
ဗြိတိသျှအစိုးရ လက်ထက် သက္ကရာဇ် ၁၂၇၇-ခုနှစ်မှစ၍ နှစ်စဉ်ဆက်ကပ်လာသော "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ် ဆက်ကပ်မှုသည် ဒုတိယကမ္ဘာစစ်မီးကြောင့် ၁၃၀၂-ခုနှစ်တွင် နောက်ဆုံးထား၍ ရပ်ဆိုင်းသွားခဲ့ရသည်။ ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေး ကော်မတီလွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့က မြန်မာသက္ကရာဇ် ၁၃၁၂-ခုနှစ်မှ စ၍ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ပြန်လည်ဆက်ကပ်လှူဒါန်းခဲ့သည်။ ဒုတိယကမ္ဘာစစ်မီးကြောင့် ကြားကာလတွင် ၁၀-နှစ်တိတိ ပြတ်တောက်နေခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၁၅-ခုနှစ်(ခရစ်နှစ် ၁၉၅၃-ခု)တွင်-
-တို့ပါဝင်သော ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေး ကော်မတီက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် လှူဒါန်းထိုက်သော အင်္ဂါ ၅-ရပ်ကို သတ်မှတ်ထားသည်။ ယင်းအင်္ဂါ ၅-ရပ်မှာ အောက်ပါတို့ ဖြစ်သည်။ ၁။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စသည်တို့၌ ကျွမ်းကျင်ခြင်း ၁၉၅၃-ခုနှစ်က သတ်မှတ်ထားသော ဤစည်းမျဉ်းပါ အင်္ဂါ ၅-ချက်တို့ကို ယခုအချိန်အထိ ဤမူအတိုင်း ဆက်လက်ကျင့်သုံးဆဲ ရှိသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ စစ်တမ်း၁၂၇၇ခုနှစ်မှစ၍ ဆက်ကပ်လာသော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကပ်လှူခြင်း သမိုင်းကြောင်းသည် ယခုဆိုလျှင် နှစ်ပေါင်း-၁၀၉နှစ် ရှိပြီဖြစ်သည်။ ၎င်း ၁၀၉-နှစ်တွင် ဒုတိယကမ္ဘာစစ်ကြောင့် ၁၀-နှစ် လစ်လပ်ပြီး တော်လှန်ရေးကောင်စီလက်ထက် ၁၇-နှစ် ရပ်နားခဲ့သောကြာင့် အမှန်တကယ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သောနှစ်ပေါင်းမှာ ၈၂ နှစ်သာ ရှိ၏။ ယင်း ၈၂ နှစ်တွင်
စုစုပေါင်း ၃၇၆-ပါး တိတိ ရှိသည်။ ယင်း ၃၇၆-ပါးတွင် မြန်မာပြည်တွင်းမှ ၃၅၀-ပါး၊ ပြည်ပနိုင်ငံမှ ၂၆-ပါး ရှိကြောင်း သိရသည်။ ပြည်ပနိုင်ငံမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ၂၆-ပါးတွင်-
(စာရင်းမှာ ၂၀၁၂ခုနှစ်အထိသာဖြစ်၍ အသစ်ပြင်ဆင်စရာများကျန်ရှိ) လူပညာရှိ ပုဂ္ဂိုလ်(၄)ဦးအဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ရဟန်းပညာရှိများသာမက လူပညာရှိ ပုဂ္ဂိုလ်များလည်း ထူးထူးခြားခြား ရရှိကြသည်။ ထိုလူပညာရှိ ပုဂ္ဂိုလ်များမှာ-
လှူဒါန်းပူဇော် ထောက်ပံ့ချီးမြှောက်မှု
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ပျံလွန်တော်မူလျှင် ဈာပနထောက်ပံ့ငွေ ၂၀ဝ၀-ကျပ် လှူဒါန်းခဲ့ရာ န-ဝ-တ လက်ထက်တွင် အလှူငွေ ၃၀ဝ၀-ကျပ် အထိ တိုးမြှင့် လှူဒါန်းခဲ့သည်။ အထက်ပါ လှူဒါန်းငွေများအပြင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ရရှိသော ဆရာတော်အား ကုန်းနှင့်ရေ ပထမတန်းမှ အခမဲ့ ခရီးသွားလာခွင့် လက်မှတ်ကိုလည်း ဆက်ကပ်ထားသည်။ နောက်ပါတပည့်တယောက်ကိုလည်း ကပ္ပိယကာရကအဖြစ် ခေါ်ဆောင်ခွင့်ပြုပါသည်။ ကိုးကား |
Portal di Ensiklopedia Dunia