နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
မြန်မာနိုင်ငံရှိ သံဃာများအစိုးရအဖွဲ့အစည်း
ကောင်စီ အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂၄ မေ ၁၉၈၀; ၄၄ နှစ် အကြာက (၁၉၈၀-၀၅-24)
ယခင်အဖွဲ့အစည်းသာသနာပိုင်
အဖွဲ့အစည်းအမျိုးအစားကော်မတီ
ဌာနချုပ်ကမ္ဘာအေးကုန်းမြေရန်ကုန်မြို့
16°51′29″N 96°09′15″E / 16.85798°N 96.15422°E / 16.85798; 96.15422ကိုဩဒိနိတ်: 16°51′29″N 96°09′15″E / 16.85798°N 96.15422°E / 16.85798; 96.15422
ဌာနအကြီးအမှူးများစန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်)၊ ဥက္ကဋ္ဌ
မိခင်ဌာနသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mahana.org.mm

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (အတိုကောက် မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရက ခန့်အပ်ထားသည့် အဆင့်အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်သည်။ ဤအဖွဲ့၏ မူလအမည်မှန်မှာ "သံဃခေါင်းဆောင်ကြီးအဖွဲ့" တနည်း "သာသနာပိုင်အဖွဲ့"ဖြစ်သည်။[]

သမိုင်းကြောင်း

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၄၂ ခု၊ နယုန်လ (ခရစ်နှစ် ၁၉၈၀ ပြည့်နှစ် မေလ) တွင် တစ်နိုင်ငံလုံးရှိ သံဃဂိုဏ်းပေါင်းစုံမှ သံဃာတော် အပါး ၁၂၀၀ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်အတွင်း၌ စတင်ဖွဲ့စည်းခဲ့သည်။

သံဃာ့ကိုယ်စားလှယ် အပါး ၁၂၀၀ အနက်မှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အပါး ၃၀၀ ကို ကနဦး ရွေးချယ်ခဲ့သည်။ ၎င်းတို့အနက်မှ သံဃမဟာနာယက ဆရာတော် ၃၃ ပါး (နောက်ပိုင်းတွင် ၄၇ ပါး) ကို ထပ်မံရွေးချယ်ကာ ရန်ကုန်မြို့၌ ရုံးထိုင်စေခဲ့သည်။

အဖွဲ့ဝင်များ

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနက ခန့်အပ်သည့် ဥက္ကဋ္ဌဆရာတော် တစ်ပါး၊ ဒုတိယဥက္ကဋ္ဌဆရာတော် ခြောက်ပါး၊ အထွေထွေအတွင်းရေးမှူး တစ်ပါး၊ တွဲဖက်အတွင်းရေးမှူး ခြောက်ပါး၊ အဖွဲ့ဝင် ၃၃ ပါး၊ စုစုပေါင်း သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားရှိသည်။ အဖွဲ့ဝင်သက်တမ်းမှာ ၁၉၉၅ မတိုင်ခင်ထိ ငါးနှစ်ဖြစ်သော်လည်း၊ ၁၉၉၅ ခုနှစ်မှစ၍ သုံးနှစ်ဖြစ်သည်။

စတုတ္ထမြောက်ဥက္ကဋ္ဌမှာ နဝမမြောက်ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ ဖြစ်ပြီး လက်ရှိ ပဉ္စမမြောက်ဥက္ကဋ္ဌမှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ စန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်)သည်။

မဟနဥက္ကဋ္ဌစာရင်း

စဉ် အဆောင်အယောင် ပုံတော် ဘွဲ့တော် အကြိမ် တာဝန်စတင် တာဝန်ပြီးဆုံး
ဘဒ္ဒန္တဣန္ဒာစာရ (ပဲခူးမြို့မ ဆရာတော်) ပထမ ၁၉၈၀ ၁၉၉၃
ဘဒ္ဒန္တသောဘိတ (မြင်းခြံဆရာတော်) ဒုတိယ ၁၉၉၄ ၂၀၀၄
ဘဒ္ဒန္တကုမရ (မကွေးဆရာတော်) တတိယ ၂၀၀၄ ၂၀၁၀
ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်) စတုတ္ထ ၂၀၁၀ ၂၀၂၄
စန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်) ပဉ္စမ ၂၀၂၄ မတ်လ ၈ရက်

ဆောင်ရွက်ချက်များ

ဓမ္မဝါဒ အဓမ္မဝါဒဆိုင်ရာအဓိကရုဏ်းများ

ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေသော အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့သည်။

  1. ကျောက်သင်္ဘောဝါဒ၊
  2. လူသေလူဖြစ်ဝါဒ၊
  3. ကျောက်ပုံတောရဝါဒ၊
  4. ကြောင်ပန်းတောရဝါဒ၊
  5. ဓမ္မနီတိဝါဒ၊
  6. မိုးညိုဆရာတော်ဝါဒ (မြောက်ဥက္ကလာ)၊
  7. ဦးမာလာဝါဒ (ရေတာရှည်) စသည့် မတူကွဲပြားသော ဝါဒများကို ဓမ္မ၊ အဓမ္မ စိစစ်ဆုံးဖြတ်ခဲ့သည်။ သာသနာတော်တွင်း သို့လော သို့လော ဖြစ်ပေါ်နေသည့် ဝါဒများကို မှန်ကန်စွာ ဖြေရှင်းပေးသည့်အတွက် အဓမ္မဝါဒများ အထိုက်အလျောက် ငြိမ်သွားကာ သာသနာတော်အတွက် အကျိုးရှိခဲ့သည်။

ဝိနည်းဆိုင်ရာအဓိကရုဏ်းများ

ရဟန်းတော်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ဝိနည်းဆိုင်ရာ အဓိကရုဏ်း၊ ကျောင်းပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော အဓိကရုဏ်းများကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ဗဟို သံဃမဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ်ရသည်။

သို့သော် ထိုသို့ စီမံဆုံးဖြတ်ရာ၌ ပြည်ကျောင်းအမှု၊ ကောလင်းကျောင်းအမှုကဲ့သို့ လာဘ်စားမှုများတွင် လက်မှတ်အတုများသုံးကာ မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုများ ရှိခဲ့သည်။

မင်းကွန်း တိပိဋကဓရဆရာတော် က “ ဒါလား သံဃမဟာနာယကအဖွဲ့ ” ဟု ပြစ်တင်ရှုတ်ချခဲ့ဖူးသည်။



  1. ဗုဒ္ဓဘာသာဘုန်းတော်ကြီးများတွင် သာသနာတော်တည်မြဲစေရန် ထေကြီးဝါကြီးဆရာတော်များကို ကိုးကွယ်ကြစမြဲဖြစ်၍ အဆိုပါထေကြီးဝါကြီးများတွင် ဝါဖြင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးရသော်လည်းကောင်း သာသနာတော်၏ မဏ္ဍိုင်အုပ်ချုပ်ရေးအတွက် အာဏာ ခန့်အပ်ခြင်းခံရသောသူတို့ကို သာသနာပိုင်အဖွဲ့ ဝါ သံဃမဟာနာယကအဖွဲ့ဝင်များဟုခေါ်သည်။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya