ခင်ဆွေထွန်း
ဒေါ်ခင်ဆွေထွန်း သည် အမျိုးသမီးတရားသူကြီးတစ်ဦး ဖြစ်သည်။ ကရင်ပြည်နယ်တရားလွှတ်တော် ၏ တရားသူ ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၁] ပညာရေးရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ (၁၉၈၁ ) ခုနှစ်တွင် LL.Bဘွဲ့ ရရှိသည်။ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှ Business Law Course (DBL) ကို (၂၀၀၄) ခုနှစ်တွင် ရရှိခဲ့သည်။ ဝန်ထမ်းဘဝဗဟိုတရားရုံးတွင် တရားရေးဝန်ထမ်းအဆင့် (၄)အဖြစ် ၁၉၈၃ ခုနှစ်မှ စတင်ပြီး တာဝန်ထမ်းဆောင်သည်။ လုပ်ငန်းဝင်သင်တန်းများ တက်ရောက်ပြီးနောက် တရားရေးဝန်ထမ်းအဆင့် (၄) ဝန်ထမ်းဘဝ မှတဆင့် တရားရေးဝန်ထမ်းအဆင့်(၁)အဖြစ် အဆင့်ဆင့်ရာထူးတိုးခံရသည်။ သူမသည် တရားရုံးချုပ် (ရန်ကုန်)၊ မော်လမြိုင်ခရိုင် တရားရုံး၊ မြောင်းမြခရိုင်တရားရုံး၊ တွဲဖက်ပြည်နယ်တရားသူကြီးအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တရားရုံး၊ တွဲဖက်တိုင်းတရားသူကြီးအဖြစ် ရန်ကုန်တိုင်းတရားရုံးတို့တွင် (၂၀၁၁) ခုနှစ်၊ မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ဆုံးအနေဖြင့် တရားရုံးချုပ် (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈(ခ)(၄) အရ ပေါ်ပေါက်လာသော ကရင်ပြည်နယ်တရားလွှတ်တော် တွင် တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်တွင် တာဝန်ပေးခံရသည်။ တရားလွှတ်တော်တရားသူကြီးဘဝကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး တာဝန်ကို ၁၂နှစ် နီးပါး တစ်ဆက်တည်း ထမ်းဆောင်ပြီးနောက် သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၃ရက်တွင် ခန့်အပ်သည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia