သိန်းစိန် (နိုင်ငံတော်သမ္မတ)
ဦးသိန်းစိန် (၁၉၄၅ မွေး) သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်ပြီးနောက် ပထမမြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ သမ္မတတာဝန်အား ထမ်းဆောင်ခဲ့သည်။ နအဖအစိုးရလက်ထက်တွင် ၂ဝဝ၇-ခုနှစ် မေလတွင် ယခင်ဝန်ကြီးချုပ် ဦးစိုးဝင်း ကျန်းမာရေး အခြေအနေ ကျဆင်းလာပြီးနောက် ဝန်ကြီးချုပ်တာဝန်များကို စတင်ထမ်းဆောင်ရပြီး အောက်တိုဘာလတွင် တရားဝင် ခန့်အပ်ခြင်းခံရသည်။[၁][၂] မြန်မာနိုင်ငံ၏ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်သည်။ ၂၀၀၈-ခု၊ မေလ ဆိုင်ကလုံးနာဂစ် ဖြစ်ပွားပြီးသည့်နောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မီတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[၃] စစ်အစိုးရ၏ လမ်းစဉ် (၇)ရပ်မှ တစ်ရပ်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို အမည်ပြောင်းလဲထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုခေါင်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရပြီး ၂၀၁၀ ခုနှစ် ဧပြီလ မကုန်မီတွင် အခြားသော စစ်အရာရှိ ဝန်ကြီး ဒုဝန်ကြီး (၂၇) ဦးနှင့်အတူ အရပ်ဝတ် လဲလှယ်ပြီး ပါတီကို ထူထောင်ခွင့် လျှောက်ထားခဲ့သည်။ ၂၀၁၀-ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကို ကိုယ်စားပြုလျက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်တွင် ပါဝင်အရွေးချယ်ခံခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ငယ်ဘဝဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ (၂ဝ)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖ ဦးမောင်ဖြိုး (ကွယ်လွန်)၊ အမိ ဒေါ်ခင်ညွန့် (ကွယ်လွန်)တို့မှ မွေးဖွားခဲ့သည်။[၄] ငယ်နာမည်မှာ မောင်သိန်းစိန် ပင်ဖြစ်သည်။ မွေးချင်း (၃)ယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင် ဖြစ်ပြီး အကိုကြီးဖြစ်သူမှာ ဦးမြင့်ထွန်း ဖြစ်လေ၏။ ပညာသင်ဘဝငယ်စဉ်က အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့နယ်၊ ကျုံကူးရွာမူလတန်းကျောင်း၊ ချောင်း၀ရွာ အလယ်တန်းကျောင်းနှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။ အစိုးရအထက်တန်းအောင်မြင်ပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၈-ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် (၉) ၌ ဝိဇ္ဇာဘွဲ့အထူးပြုဖြင့် အောင်မြင်၍ စစ်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ စစ်မှုထမ်းဘဝစစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိပြီးနောက် တပ်မတော်သို့ ဝင်ရောက်ခဲ့ကာ ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် (၁) တွင် ဒုတိယဗိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရပြီး ၁၉၇၀ မှ ၁၉၇၃ ခုနှစ်အထိ ဗိုလ်ကြီးအဆင့်ဖြင့်လည်းကောင်း၊ ၁၉၇၃ မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်ဝန်းကျင်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီး) အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် စစ်ရုံးသို့ ပြောင်းရွှေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈ ခုနှစ်၊ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကက(ကြည်း)တွင် စစ်ဦးစီး (ဗိုလ်မှူးကြီး)နှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ (၄) တွင် စကခမှူး ဖြစ်လာခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီးအဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့် တသခ (တြိဂံဒေသတိုင်းစစ်ဌာနချုပ်) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့် ကကရေးတို့၌ တာဝန်ယူခဲ့ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။ တြိဂံဒေသတိုင်းအား တာဝန်ယူစဉ် ဘိန်းဘုရင်များနှင့် ထိုင်းလူမျိုးများ ဆက်စပ်သည့် ကိစ္စရပ်များကို ဖြေရှင်းခဲ့ရပြီး နယ်စပ်ဒေသရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂၀၀၁ ခုနှစ်တွင် စစ်ရေးချုပ်တာဝန်တို့ကို ရယူခဲ့သည်။ ထို့နောက် ၂၀၀၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည့်အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ အတွင်းရေးမှူး (၂) တာဝန်ကိုပါ ပေးအပ်ခြင်းခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး (၁) ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ ထပ်မံတိုးမြှင့်ခြင်းခံရသည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ကျန်းမာရေးချို့ယွင်းလာသည့်အတွက် ယာယီဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ ပြည်သူများထံသို့ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ၎င်းသည် ပထမဆုံးဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားသဘာဝဘေးကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အဆင့် အခြားလုပ်ငန်းကိစ္စရပ်များတွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ၌ ကျင်းပသည့် ရွေးကောက်ပွဲတွင် ၎င်းဦးဆောင်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများစုဖြင့် အနိုင်ရရှိပြီးနောက် သမ္မတဖြစ်လာခဲ့သည်။ နိုင်ငံရေးဘဝပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအဖွဲ့ ခေါင်းဆောင်အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် စတင်လှုပ်ရှားကာ ဝင်ရောက်ခဲ့သည်။[၅] ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရီ မဲဆန္ဒနယ်ကို ကိုယ်စားပြုကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ဦးကျော်အေး နှင့် ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ကာ မဲအရေအတွက် ၆၅,၆၂၀ (၉၁.၂%) ဖြင့် အနိုင်ရရှိခဲ့သည်။[၆] ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်မှ မြန်မာနိုင်ငံအတွက် သမ္မတအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ ဒုသမ္မတများ ဖြစ်ကြသော သီဟသူရ ဦးတင်အောင်မြင့်ဦး နှင့် ဒေါက်တာစိုင်းမောက်ခမ်း တို့နှင့်အတူ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၇] ရာထူးအဆင့်ဆင့် မြင့်တက်လာခြင်း![]()
နိုင်ငံတကာ ဆက်ဆံရေး![]() ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။[၁၁][၁၂][၁၃] ထို့အပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ် ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရ အရာရှိများထဲတွင် ပထမဆုံး ဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သည်။[၁][၂] ၂၀၀၉ ခုနှစ် မတ်လအတွင်း သွားရောက်ခဲ့သော စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံက သစ်ခွတစ်မျိုးကို "ဒမ်ဒရိုဗီယမ်သိန်းစိန်" ဟု အမည်ပေး ဂုဏ်ပြုခြင်းခံရသည်။[၁၄][၁၅] ၂ဝ၁ဝ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကာ ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကိုယ်တိုင်လည်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲတွင် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ ၁၉၈၈- ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိခဲ့သည်။ ၂၀၁၁- ခုနှစ်၊ အောက်တိုဘာလ(၁၂) ရက်တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာခဲ့သည်။ ဂုဏ်ပြုချီးကျူးခံရခြင်း
ပြည်ပခရီးများဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ်များ အဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။ နိုင်ငံတကာ အစည်းအဝေးများသို့ မြန်မာအစိုးရ ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။ မိသားစုဦးသိန်းစိန်၏ ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး သမီး သုံးဦး ထွန်းကားခဲ့သည်။[၄] ဦးသိန်းစိန်သည်၂၀၁၂-ခု၊ ဇန်နဝါရီလ၊ ၃၁-နေ့တွင် စင်္ကာပူနိုင်ငံ Mt. Elizabeth ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သည်။ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစ၍ နှလုံးခုန်စက် တပ်ဆင်ထားရသည်ဟု ဆိုသည်။[၁၇][၁၈] ဓာတ်ပုံများ
ကိုးကားဝီကီမီဒီယာ ကွန်မွန်းစ်တွင် Thein Sein
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
|
Portal di Ensiklopedia Dunia