ချစ်နိုင် (စိတ်ပညာ)
ချစ်နိုင် (စိတ်ပညာ) ( ဒီဇင်ဘာ ၁၉၄၈ မွေးဖွား) သည် အာဏာသိမ်းစစ်အစိုးရ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး ရာထူးများဖြင့် လုပ်ကိုင်ခဲ့သူဖြစ်သည်။ စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေခဲ့၍ စာရေးဆရာတစ်ဦးအဖြစ် ထင်ရှားခဲ့သော်လည်း၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီးတွင် စစ်ကောင်စီမှ ခန့်အပ်သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကို လက်ခံခဲ့သောကြောင့် စာရေးဆရာနှင့် စာဖတ်သူများ၏ ကန့်ကွက်ရှုတ်ချမှုကို ခံခဲ့ရသည်။ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော ဆန္ဒပြပွဲများတွင် ချစ်နိုင်(စိတ်ပညာ)၏ စာအုပ်အများအပြားအား လူပုံအလယ်တွင် မီးရှို့ဖျက်စီးခဲ့ကြသည်။ စာဖတ်သူ လူထုက လက်မခံသဖြင့် စာအုပ်ထုတ်ဝေသူနှင့် ဖြန့်ချိသူများကလည်း ချစ်နိုင်(စိတ်ပညာ)၏ စာအုပ်များအား ဆက်လက်ထုတ်ဝေဖြန့်ချိခြင်း မပြုတော့ပေ။[ကိုးကားချက်လိုသည်] ဘဝအကျဉ်းငယ်ဘဝမကွေးတိုင်း ချောက်မြို့နယ် ကြီးနီးကျေးရွာတွင်အဖ ဦးမာတင် အမိဒေါ်အေးသ တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ တွင်မွေးဖွားခဲ့သည် အမည်ရင်းဦးချစ်နိုင်ဖြစ်သည်။ ကြေးနီရွာအလယ်တန်း ကျောင်းချောက်မြို့အမှတ် (၁၁) အထက်တန်းကျောင်းနှင့် မန္တလေး ဝိဇ္ဇာ၊သိပ္ပံ၊ တက္ကသိုလ် တို့တွင်ပညာသင်ယူခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် စိတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ အမှုထမ်းဘဝ၁၉၇၁ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်အမှု့ထမ်းခဲ့သည်။ လားရှိုး၊မင်္ဂလာဒုံ၊ နောင်ချို၊ ဗထူးတပ်မြို့ နှင့် ကလောမြို့များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းပြည်နယ် အတွင်း ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့တော်ရှိ တပ်မတော်ဦးစီးတက္ကသိုလ်သို့ (၁)နှစ်ကြာ တက်ရောက်ခဲ့ဖူးသည်။ ဝန်ကြီးရာထူး၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်မှ နိုင်ငံတော်အာဏာများကို သိမ်းယူပြီးနောက် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ စာရေးဆရာတစ်ဦးပင်ဖြစ်သော်လည်း ဝန်ကြီးဖြစ်လာသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ လည်ပတ်လှုပ်ရှားနေသော သတင်းမီဒီယာများ၊ သတင်းထောက်များကို စတင်ဖြိုခွင်းခဲ့သည်။ ဒီဗီဘီ၊ မဇ္ဈိမ အပါအဝင် သတင်းမီဒီယာငါးခုကို ပိတ်ပင်ခဲ့၏ ။ ထို့အပြင် နိုင်ငံတော်ပိုင်၊ စစ်တပ်ပိုင်မီဒီယာများမှ သတင်းတုသတင်းမှားများကို ဖြန့်ချိခဲ့သည်။ ထို့အတွက်ကြောင့် ယူနက်စကိုတွင် တာဝန်ထမ်းဆောင်နေသော သမီးဖြစ်သူ နိုင်နိုင်အေးကို သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများက အလုပ်ထုတ်ရန်တောင်းဆိုခဲ့ကြရာ ယူနက်စကိုရုံးမှ သူမကို အလုပ်တာဝန်ယာယီရပ်နားပေးခဲ့ရသည်။ ဧပြီ ၁၉ ၌ ဥရောပသမဂ္ဂ (အီးယူ) က ချစ်နိုင် (စိတ်ပညာ) ကို မြန်မာနိုင်ငံရှိမီဒီယာများကို ဖြိုခွင်းမှု၊ သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့်မှု စသည်တို့တွင် တိုက်ရိုက်တာဝန်ရှိခြင်းတို့ကြောင့် အရေးယူဒဏ်ခတ်ခဲ့သည်။[၂][၃] ၂၀၂၁ခုနှစ် အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းလိုက်ချိန်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂) ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။[၁] ထင်ရှားသောစာအုပ်များ၁၉၉၅ ခုနှစ် ဩဂုတ်လမှ ၁၉၉၇ ခုနှစ်နိုဝင် ဘာလ အထိ မြဝတီစာပေတိုက် တွင်အမှု့ဆောင်အရာရှိ စာတည်းမှူးချုပ်တာဝန် များကိုထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစ၍ စိတ်ပညာဆိုင်ရာ လူမှုရေး နှင့်လူငယ်အကြံပေးဆောင်းပါးများကို စာနယ်ဇင်းများတွင်ရေးသားခဲ့ရာ ယနေ့ထိဖြစ်သည်။ အာဏာသိမ်းမှု နောက်ပိုင်းတွင်၊ အစိုးရထုတ် သတင်းစာများ၌ အာဏာသိမ်းစစ်ကောင်စီဘက်မှ ဝါဒဖြန့်ဆောင်းပါးများ ရေးသားလျက်ရှိသည်။ ၁၉၉၆ ခုနှစ် လူငယ်ဆိုင်ရာအမျိုးသား စာပေဆုကို ချစ်လို့ပြောတာ မှတ်ပါ စာအုပ်အတွက် ချီးမြင့်ခံရသည်။ ရေးသားခဲ့သည့် စာအုပ်များအနက် ချစ်လို့ပြောတာမှတ်ပါ-တွဲ(1-2)၊ သားအတွက် ဓားတစ်လက်၊ လောကကိုအလှမြင်ပါ ၊ ပညာသည် တန်ခိုးဖန်ဆင်း၏ ၊လက်တစ်ကမ်းရှိတက်လမ်း အောင်မြင်မှုနှင့် စိတ်ခွန်အား ၊စက္ကန့် တိုင်းကိုစိန်စီထားတယ်။ စေတနာသည်ကံဖြစ်၏ အောင်မြင်ခြင်းရွှေစည်းမျဉ်း ၊ ခေါင်းဆောင်မှုအရည်အသွေး စာအုပ်များမှာထင်ရှားလှသည်။ စာပေနယ်ပယ်၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးသွားရောက်ခဲ့သည်။ စာပေတာဝန်အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှု့ဆောင် ကော်မတီတာဝန်ကို ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တာဝန်များကို ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia