မောင်မောင်အုန်း

ဦး

မောင်မောင်အုန်း
ပြန်ကြားရေးဝန်ကြီး[]
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဦးချစ်နိုင်
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၇ ​ဖေ​ဖော်ဝါရီ ၂၀၂၁ – ၅ ဩဂုတ် ၂၀၂၁
ယခင်လူဦးအုန်း​မောင်
ဆက်ခံသူဦး ဌေးအောင်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁ ဇူလိုင် ၂၀၁၄ – ၂၅ ဩဂုတ် ၂၀၁၅
ယခင်လူဦးလှမောင်တင်
ဆက်ခံသူဦးညီပု
ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
ကြင်ဖော်အေးအေးသိန်း
သားသမီးဒေါက်တာ အိမို့မို့အောင်၊ ရန်လင်းမောင်မောင်၊ ဉာဏ်လင်းမောင်မောင်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်

ဦးမောင်မောင်အုန်း (၁၈ မေ ၁၉၅၀ မွေးဖွား) သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသူဖြစ်သည်။ သူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်လည်း​ကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိလည်း​ကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် တပ်မတော် (ကြည်း)မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

နိုင်ငံရေးသမားဘဝ

၂၀၁၄

၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[] ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအား ခန့်အပ်ခဲ့သည်။[] ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။[]

၂၀၂၁

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၇ ဖေဖော်ဝါရီ ၂၀၂၁ မှ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်စေခဲ့သည်။ [] ထို့နောက် ၂၀၂၁ ဩဂုတ် ၅ ရက်တွင် ဦးဌေးအောင်က ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်ခံခဲ့သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးမောင်မောင်အုန်း အပါအဝင် စကစနှင့် စကစအစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။

အရေးယူသည့် နိုင်ငံများ ပိတ်ဆို့အရေးယူသည့် ရက်စွဲ ရင်းမြစ်
၁။  ဥရောပသမဂ္ဂ ၂၀၂၂ ဖေဖော်ဝါရီ ၂၁ []
၂။  ပြင်သစ်
၃။  ဘယ်လ်ဂျီယမ်
၄။  မိုနာကိုနိုင်ငံ
၅။   ဆွစ်ဇာလန် ၂၀၂၂ မတ် ၇ []
၆။  ကနေဒါ ၂၀၂၂ ဒီဇင်ဘာ ၇ []

ကိုးကား

  1. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၅ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) ပြည်ထောင်စုဝန်ကြီးပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း"။ 
  2. Lawi Weng။ "General Appointed Arakan Chief Minister, Govt Tells Local MPs"၊ The Irrawaddy၊ ၂၅ ဇွန် ၂၀၁၄။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး 
  3. Mratt Kyaw Thu။ "Rakhine State Chief Minister resigns"၊ Mizzima၊ 20 June 2013။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 22 November 2014။ 
  4. "New Chief Minister for Myanmar’s Rakhine State to Serve for Only a Year"၊ Radio Free Asia၊ 27 June 2014။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး 
  5. Wa Lone၊ 4 July 2014။ "New chief minister to face close scrutiny from MPs"၊ Myanmar Times။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး 
  6. ပြည်ထောင်စုဝန်ကြီးပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ CINCDS။ 2025-7-1 တွင် ပြန်စစ်ပြီး။
  7. COUNCIL IMPLEMENTING REGULATION (EU) 2022/239 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 2022-02-212025-07-01 တွင် ပြန်စစ်ပြီး
  8. Massnahmen gegenüber Myanmar (Burma)။ State Secretariat for Economic Affairs။ 2025-7-1 တွင် ပြန်စစ်ပြီး။
  9. Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations။ 2025-07-01 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya