ဂလိုဘယ်လိုက်ဇေးရှင်းဂလိုဘယ်လိုက်ဇေးရှင်း ( globalization ) ဆိုသည်မှာ ကမ္ဘာကြီးကို ဖြန့်ကျက်လွှမ်းခြုံထား သော ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကွန်ယက်မှတစ်ဆင့် ဒေသတွင်းဆိုင်ရာ စီးပွားရေးများ၊ လူ့အ ဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုများသည် စတင်၍ပေါင်းစည်းလာသည့် ဖြစ်စဉ်တစ်ရပ်ကို ဖော်ပြခြင်းဖြစ်သည်။ ထိုစကားရပ်ကိုအထူးသဖြင့် စီးပွားရေးဆိုင်ရာဂလိုဘယ်လိုက်ဇေးရှင်း ကို ရည်ညွှန်းရန် တစ်ခါတစ်ရံ အသုံး ပြုသည် - နိုင်ငံတွင်း စီးပွားရေးများကို ကူးသန်းရောင်းဝယ်ရေး ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၊ ငွေအရင်း အနှီး စီးဆင်းခြင်း ၊ ရွှေ့ပြောင်းခြင်း နှင့် နည်းပညာ ပျံ့နှံ့ခြင်းတို့မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဆီသို့ ပေါင်းစည်းခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဂလိုဘယ်လိုက်ဇေးရှင်းသည် စီးပွားရေး ၊ နည်းပညာ ၊ လူမှု ယဉ်ကျေးမှု ၊ နိုင်ငံရေးနှင့် ဇီဝဗေဒဆိုင်ရာအချက်များ ပေါင်းစုထားခြင်း၏ မောင်းနှင်ခြင်းခံရသည်ဟု အသိ အမှတ်ပြုခြင်း ခံရသည်ထိုအသုံးအနှုန်းသည် ယဉ်ကျေးမှု ပြောင်းလဲရွေ့လျားခြင်းမှတစ်ဆင့် နိုင်ငံများကို ကျော်ဖြတ်၍ အတွေးအခေါ်များ ၊ ဘာသာစကားများ သို့မဟုတ် လူသိများသော ယဉ်ကျေးမှုများ ပျံ့နှံ့လည် ပတ်ခြင်းကိုလည်း ရည်ညွှန်းနိုင်သည်။ အဓိပ္ပာယ် သတ်မှတ်ချက်များ![]() ၁၈၉၇ တွင် `ပေါင်းစည်းထားသော ကော်ပိုရေးရှင်း အကြီးစားများ´ဟူသော အသုံးအနှုန်းကို ထွင်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်မှ ဝန်ကြီးဖြစ်လာသူ အမေရိကန် နိုင်ငံသား Charles Taze Russell (ချား(စ်) တေ့(ဇ်) ရာဆယ်) သည် ဂလိုဘယ်လိုက်ဇေးရှင်း၏ အစောပိုင်း ဖော်ပြချက်ကို ရေးသားခဲ့သော်လည်း ၁၉၆၀ နှစ် များ တိုင်အောင် ထိုအသုံးအနှုန်းကို စီးပွားရေးပညာရှင်များနှင့် အခြားသော လူမှုရေး သိပ္ပံပညာရှင်များက ကျယ် ကျယ်ပြန့်ပြန့် စတင်အသုံးပြုခဲ့ခြင်း မရှိပါ။ ထိုအသုံးအနှုန်းသည် ခေတ်ရေစီးကြောင်း သတင်းစာများတွင် ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုခြင်းကို ၁၉၈၀ နှစ် နောက်ပိုင်းနှစ်ဝက်များတွင်ရရှိခဲ့သည်။၎င်း၏အစပိုင်းကတည်းကဂလိုဘယ်လိုက်ဇေးရှင်း အယူအဆသည်မြောက်မြားစွာသောပြိုင်ဆိုင်နေသည့် အဓိပ္ပာယ်သတ်မှတ်ချက်များနှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ ကို တွေးခေါ်ခဲ့သည်။ သမိုင်း![]() ဂလိုဘယ်လိုက်ဇေးရှင်း ၏အစနှင့် ပတ်သတ်ပြီး သမိုင်းဆရာများက သဘောတူညီမှုမရှိကြပေ။ အများစုက ဂလိုဘယ်လိုက်ဇေးရှင်းသည် မျက်မောက်ခတ်တွင် စတည်သည်ဟုမှတ်ယူပြီး အချို့က ရှေးယခင်ကတည်းက အစတည်သည်ဟုမှတ်ယူကြသည်။ [၁] ခေတ်ဟောင်းပိုင်းကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှင့် ယဉ်ကျေးမှုသည် ဂရိခေတ်နှောင်းပိုင်း (Hellenistic Age: 323 BC- 146 BC) တွင်ထွန်းကားခဲ့သည်။ ထိုအချိန်က စီးပွားရေးဖွင့်ဖြိုးသော မြိုကြီးများသည် အိန္ဒိယမှ စပိန် အထိသွယ်တန်းတည်ရှိသည်။ ထိုမြို့များထဲတွင် Alexandria (အလက်ဇန်းဒရီးရား), Athens (အေသင်), Antioch (အန်တီရိုး) တို့အပါအဝင် ဖြစ်သည်။ ရောမအင်ပါယာ ခေတ်တွင် ပါရှား၊ တရုတ်ဟန်မင်းဆက် တို့နှင့် ကုန်သွယ်ပြီး စီးပွားရေး နည်းပညာနှင့် ယဉ်ကျေးမှု များဖလှယ်ခဲ့သည်။ ထိုအချိန်က ပိုးထည်လမ်း (Silk road)သည် ပင်မကုန်သွယ်ရေးကွန်ရတ်ကြီးဖြစ်ပြီး တရုတ်အနောက်ပိုင်းမှ ပါရှားအင်ပါယာအထိ၊ ထိုမှဆက်လတ်၍ ရောမနိုင်ငံ Rome မြို့တော် အထိရှည်လျားခဲ့သည်။[၂] နှစ်စဉ် ဂရိသင်္ဘော ၃၀၀ခန့်သည် မြေထဲပင်လယ်အတွင်းမှ တောင်အာရှအထိ ကုန်သွယ်ခဲ့ကြသည်။ နှစ်စဉ်စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ တန်ချိန် ၃၀၀၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။[၃] အစ်စလမ်ရွှေခေတ် (Islamic Golden Age c.750 CE - c.1258 CE)သည် ဂလိုဘယ်လိုက်ဇေးရှင်းအတွက် အရေးပါသော ခေတ်တခေတ် ဖြစ်သည်။ မူဆလင်ကုန်သယ်များသည် ကမ္ဘာဟောင်း (Old World; အာရှ၊ အာဖရိက နှင့် ဥရောပ တို့ကိုဆိုလိုသည်) တလျှောက် ကုန်သွယ်ရေးလမ်းကျောင်းများကို တည်ထောင်ခဲ့ကြသည်။ ထိုလမ်းကျောင်းများ မှတဆင့် ကမ္ဘာစိုက်ပျိုးသီးနှံများ၊ အတတ်ပညာနှင့် နည်းပညာ များဖလှယ်ခဲ့ကြသည်။[၄] ၁၃ရာစုအစတွင် မွန်ဂိုအင်ပါယာ ပေါ်ပေါက်လာပြီး စစ်ပွဲများကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းသည် အနည်းငယ်နှောက်နှေးခဲ့သောလည်း တချိန်က နာမည်ကြီး ပိုးခြည်လမ်းသည် မွန်ဂိုတို့၏ ထိန်းသိမ်းမှုအောက်တွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ မွန်ဂိုရွှေခေတ် (Pax Mongolica) တွင် မြောက်မြားစွာသော ဂလိုဘယ်လိုက်ဇေးရှင်း အကျိုးသက်ရောက်မှုများကို တွေနိုင်သည်။ ကမ္ဘာ့ပထမဆုံး ကမ္ဘာလုံးဆိုင်ရာစာတိုက်၊ ကုန်သွယ်မှုကွန်ရက်များ သည်မွန်ဂိုခေတ်တွင် ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် ရောဂါဘယများလဲ စတင်ဖြစ်ပွားသောနိုင်ငံတွင်သာမက ကမ္ဘာအဝန်း ကူးစက်ပြန့်ပွားခဲ့သည်။ (ဥပမာ: မဲသေရောဂါ Black Death)[၅] ![]() ![]() ထို့နောက်တွင်မူ ဥရောပနိုင်ငံများ အင်အားကြီးထွားလာပြီး ပြင်သစ်၊ စပိန်၊ ပေါ်တူဂီနှင့် အင်္ဂလိပ် တို့ကဦးဆောင်၍ ကမ္ဘာ့ပထမဆုံး ပင်လယ်ဖြတ်ကူး ကုမ်ပဏီများ တည်ထောင်ခဲ့ကြသည်။ ၁၄၉၂ခုနစ်တွင် ကိုလန်ဘက်(စ်)က အမေရိကတိုက် ကိုရှာဖွေတွေ့ရှိပြီးနောက် ဂလိုဘယ်လိုက်ဇေးရှင်း သည်အသွင်သစ်တစ်မျိုး ဖော်ဆောင်ခဲ့သည်။ ဥရောပနိုင်ငံများက အမေရိကကိုသိမ်းယူပြီး ကိုလန်ဘီယာဖလှယ်ခြင်း(Columbian Exchange) ကိုစတင်ခဲ့သည်။[၆] ကိုလန်ဘီယာဖလှယ်ခြင်းတွင် ယဉ်ကျေးမှု၊ သစ်ပင်မျိုးစေများ၊ တိရစ္ဆာန်များ၊ အစေခံများ မှ ရောဂါဘယများအထိ ပါဝင်သည်။ နဂိုက အမေရိကတွင်သာပေါက်ရောက်သော သစ်ပင်မျိုးစိပ်များသည် ကမ္ဘာအဝန်းသို့ ပြန့်ပွားခဲ့သည်။ ထိုစားသုံးသီးနှံမျိုးစိပ်တို့သည် ကမ္ဘာ့လူဦးရေတိုးပွားရေးအတွက် များစွာအထောက်အကူပြုခဲ့သည်။[၇] ၁၉ရာစုတွင် ဥရောပကိုအခြေပြု၍ ခေတ်သစ် ဂလိုဘယ်လိုက်ဇေးရှင်း ပေါ်ပေါက်ခဲ့သည်။ စက်မှုတော်လှန်ရေးများကြောင့် ဥရောပတွင် ပြည်သူများ အိမ်တွင်းသုံး ပစ္စည်းများကိုဈေးနှုန်းချိုချိုသာသာဖြစ် ဝယ်ယူသုံးစွဲနိုင်လာကြသည်။ လူဦးရေတိုးပွားလာမှုက လူသုံးကုန်ပစ္စည်းများလိုအပ်ချက်ကို မြင့်တင်ပြီး စက်မှုတော်လှန်ရေးကိုအားပေးသည်။ ထို့ပြင် ဂလိုဘယ်လိုက်ဇေးရှင်း သည် ၁၉ရာစုအလယ်တွင် အင်ပါယာမူဝါဒကြောင့် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲသည်။ ဂျပန်သည် မေဂျိတော်လှန်ရေး(၁၈၆၈)ကြောင့် လျင်လျင်မြန်မြန် ဖွင့်ဖြိုးတိုးတက်လာပြီး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် ပထမဘိန်းစစ်၊ ဒုတိယဘိန်းစစ် များတွင်ပါဝင်ပြီး တရုတ်နိုင်ငံကို ဂလိုဘယ်လိုက်ဇေးရှင်းထဲ ပါဝင်အောင်ခေါ်သွင်းခဲ့သည်။ အင်္ဂလိပ်တို့ကလည်း အိန္ဒိယနှင့် အဖရိက ကိုသိမ်းယူပြီး ကမ္ဘာ့ကုန်သွယ်ရေးကွန်ရက်အတွင်းပါဝင်အောင် ခေါ်ဆောင်ခဲ့သည်။ အမေရိကန်သည်လည်း ပြည်တွင်းစစ်အပြီးတွင် လျင်မြန်စွာ ဖွင့်ဖြိုးတိုးတက်လာပြီး ဂလိုဘယ်လိုက်ဇေးရှင်းတွင် အရေးပါသော အခန်းမှပါဝင်ခဲ့သည်။[၈] ၂၀ရာစုသည် မျက်မှောက်ခေတ်ဂလိုဘယ်လိုက်ဇေးရှင်း၏ အစဖြစ်သည်။ ၂၀ရာစုတွင် သိပ္ပံတော်လှန်ရေးသည် တီထွင်မှုများစွာကိုအထောက်အကူ ဖြစ်စေခဲ့သည်။ ၂၀ရာစု၏ တီထွင်မှုများဖြစ်သော ကွန်ပျူတာ တယ်လီဖုန်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ဂျက်လေယာဉ်နှင့် ဂြိုဟ်တု တို့သည် ဂလိုဘယ်လိုက်ဇေးရှင်းကို များစွာအထောက်အကူပြုသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့ကုလသမဂ္ဂ ပေါ်ပေါက်လာပြီး ကမ္ဘာ့အဝန်း ညီညွတ်စေရန် ထိန်းသိမ်းပေးသည်။ ကုလသမဂ္ဂ၏အဖွဲ့အစီးများဖြစ်သော ကမ္ဘာ့ဘဏ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့တို့သည် ကူးသန်းရောင်းဝယ်ရေးမြင့်တင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမြင့်တင်ရန်နှင့် ကုန်သွယ်ရေးအတားအဆီးများဖယ်ရှားရန် တို့အတွက်ဆောင်ရွက်ခဲ့သည်။ [၉] ၁၉၉၀နောက်ပိုင်းတွင် ဖိုင်ဖာအော့တစ်နည်းပညာ(Fiber-optic communication)ခေတ်စားလာပြီး အလွန်များပြားသောအချက်အလက်များကို တခဏအတွင်းကမ္ဘာအရပ်ရပ်သို့ ပေးပို့နိုင်သည်။ အင်တာနက် သည်လျင်မြန်စွာဖွံ့ဖြူးလာပြီး လူနေမှုဘဝအတွက် မရှိမဖြစ်အရေးပါသော ဆက်သွယ်ရေးကွန်ရက်ကြီး ဖြစ်လာသည်။ ၂၁ရာစု အစတွင် အင်တာနက်ကို လူသန်းပေါင်း ၂၀၀၀ကျော် အသုံးပြုနေပြီဖြစ်သည်။[၁၀] ကုလသမဂ္ဂ မှ ဂလိုဘယ်လိုက်ဇေးရှင်းကုလသမဂ္ဂ (အီးအက်စ်စီဒဗလျူအေ) မှ ဂလိုဘယ်လိုက်ဇေးရှင်း သည် "ကွဲပြားခြားနားသော နည်းမျိုးစုံဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော ကျယ်ပြန့်သည့် အသုံးအနှုန်းဖြစ်သည်။ စီးပွားရေး အကြောင်းအ ရာ တွင် အသုံးပြုသောအခါ ထိုအရာသည် အလုပ်သမား စီးဆင်းမှုတွင် အတားအဆီးများ အများအပြား ရှိနေ ဆဲဖြစ်သော်လည်း ကုန်ပစ္စည်းများ၊ ငွေအရင်းအနှီး ၊ ဝန်ဆောင်မှုများနှင့် အလုပ်သမား စီးဆင်းခြင်းကို လွယ်ကူ ချောမောစေရန် နိုင်ငံများ၏ နယ်စပ်များအကြားတွင် ရှိသော အတားအဆီးများကို လျှော့ချခြင်းနှင့် ဖယ်ရှားခြင်း ကို ရည်ညွှန်းသည်... ဂလိုဘယ်လိုက်ဇေးရှင်း သည် ဖြစ်စဉ် အသစ်တစ်ရပ် မဟုတ်ပါ။ ၎င်းသည် ဆယ့်ကိုးရာစု နောက်ပိုင်းတွင် စတင်ခဲ့သော်လည်း ပထမ ကမ္ဘာစစ်စတင်ချိန်မှ နှစ်ဆယ်ရာစု၏ လေးပုံ သုံးပုံ အချိန်ကာလ အတောအတွင်းတိုင်အောင် နှေးကွေးကျဆင်းခဲ့သည်။ ထိုကဲ့သိ့ု နှေးကွေးကျဆင်းခြင်းသည် နိုင်ငံအရေအတွက် အတော်များများမှ ၎င်းတို့၏ စက်မှုလုပ်ငန်းများ အသီးသီးကို ကာကွယ်ရန် နိုင်ငံတွင်းကိုသာ ကြည့်သည့် မူဝါဒ များကိုသာ လက်ကိုင်ပြု လုပ်ဆောင်ခြင်းကြောင့်ဟု မှတ်ယူနိုင်သည်… မည်သို့ပင်ဖြစ်စေ နှစ်ဆယ်ရာစု၏ လေးပုံ တစ်ပုံ အတွင်း ဂလိုဘယ်လိုက်ဇေးရှင်း ခြေလှမ်းများသည် လျင်မြန်စွာ မြင့်တက်လာသည်။ Saskia Sassen (စာကိုင်အာ စေဆန် ) မှ " ဂလိုဘယ်လိုက်ဇေးရှင်း၏ ကောင်းမွန်သော အစိတ်အပိုင်းတစ်ခု တွင် မြောက်မြားစွာသော သေးငယ်သည့် ဖြစ်စဉ် အမျိုးစုံ ပါဝင်ပြီး ထိုအရာသည် နိုင်ငံတော် နှင့်ဆိုင်သော ဟု တည်ဆောက်ထားသော အရာကို နိုင်ငံပိုင်အဖြစ်မှ ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းသည် — မူဝါဒများ ၊ ငွေအရင်း အနှီး ၊ နိုင်ငံရေး ဆိုင်ရာ ပုဂ္ဂလ အဓိဋ္ဌာန်ကျခြင်း ၊ မြို့ပြနေရာလွတ်များ ၊ လောကီ ရေးရာကန့်သတ်ချက်များ သို့ မဟုတ် အခြားသော မည်သည့်အင်အားများနှင့် နယ်ပယ်များမဆို။ " ![]() ဂလိုဘယ်လိုက်ဇေးရှင်း အားအမျိုးမျိုးသတ်မှတ်ကြပုံCato (ကာတို) တက္ကသိုလ် မှ Tom J. Palmer (တွမ် ဂျေ ပါ(လ်)မာ) သည် ဂလိုဘယ်လိုက်ဇေးရှင်း အား "နယ်စပ်များကို ဖြတ်ကျော်၍ အလဲအလှယ် ပြုလုပ်ခြင်းများပေါ်တွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော တားမြစ် ချက်များကို လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားပစ်ခြင်းနှင့် အကျိုးရလဒ်အားဖြင့် ပို၍ တိုးပြီး ပေါင်းစည်းလာခြင်း နှင့် အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ခြင်းနှင့် အလဲအလှယ်ပြုလုပ်ခြင်း စနစ် တစ်ခုကို ပေါ်ထွက်လာစေသည်ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုသည်။ (သောမတ်(စ်) အယ် ဖရိုင်းမန်း) သည် ကမ္ဘာကြီး၏ "တစ်ပြန့်တည်း ဖြစ်ပေါ်ခြင်း" ၏ အကျိုးသက်ရောက်မှုကို စစ်ဆေးပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ၊ လုပ်ငန်းများကို အခြား သူများအား ပေးအပ်ဆောင်ရွက်စေခြင်း ၊ အထောက်အပံ့ပေးခြင်း ကွင်းဆက်များနှင့် နိုင်ငံရေးအင်အားများသည် ကမ္ဘာကြီးအား ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ နှစ်မျိုးစလုံးအတွက် အမြဲတမ်း ပြောင်းလဲခဲ့သည်ကို အ ငြင်းပွားသည်။״ ဂလိုဘယ်လိုက်ဇေးရှင်း၏ ခြေလှမ်းများသည် အရှိန်မြင့်လာပြီး စီးပွားရေး အဖွဲ့အစည်းများနှင့် ဓလေ့ထုံးစံများအပေါ်တွင် ကြီးထွားလာသော အကျိုးသက်ရောက်မှုများ ဆက်လက်၍ တည်ရှိနေမည်ကိုလည်း သူသည် ငြင်းဆန်သည်။ (နွမ်ချုံစကီး) သည် စီးပွားရေးဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း ၏ လစ်ဘရယ် လက်သစ် ပုံစံကို ဖော်ပြရန် အယူဝါဒဆိုင်ရာ သဘောတရားတွင် ဂလိုဘယ်လိုက်ဇေးရှင်း စကားလုံးကိုလည်း အသုံးပြု ခြင်းအား ကန့်ကွက်သည်။ (ဟာမန် အီး ဒယ်(လ်)လီ) သည် အပြည်ပြည်ဆိုင်ရာ ပူးတွဲထိန်းသိမ်းခြင်း နှင့် ဂလိုဘယ် လိုက်ဇေးရှင်း အသုံးအနှုန်းများတွင် သိသာထင်ရှားသော သတ်သတ်မှတ်မှတ်ဖြစ်သည့် ခြားနားချက် ရှိသော် လည်း ထိုစကားလုံးများကို အချင်းချင်းဖလှယ်၍ တစ်ခါတစ်ရံ အသုံးပြုနေခြင်းကို ကန့်ကွက်သည်။ "အပြည် ပြည်ဆိုင်ရာ ပူးတွဲထိန်းသိမ်းခြင်း" အသုံးအနှုန်း (သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ပူးတွဲထိန်းသိမ်းခြင်း) သည် နိုင်ငံများအကြား သို့မဟုတ် နိုင်ငံ အတွင်း အလုပ်သမားနှင့် ငွေအရင်းအနှီး မရွေ့လျားနိုင်မှုကြောင့် (အဆိုကြမ်း အယူအဆကို အခြေခံသော) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ၊ ဆက်သွယ်မှုများ ၊ စာချုပ်များ စသည်တို့၏ အရေးပါမှုကို ရည်ညွှန်းသည်။ နောက်ဆုံးတွင် (တကစ် ဖိုတိုပိုးလော့(စ်)) သည် နိုင်ငံတစ်ရပ်ရပ်တွင် ရုံးချုပ်အတည်တ ကျစိုက်မထားသော နိုင်ငံတကာ ကော်ပိုရေးရှင်းများ၏ လျင်မြန်စွာ ချဲ့ထွင်လာခြင်း နောက်တွင် ဖြစ်ပေါ်လာ သော ဈေးကွက် စီးပွားရေး၏ ကြီးထွားခြင်း သို့မဟုတ် ကျဆုံးခြင်း အင်အားကို ပေါ်လွင်စေသည့် ပျံ့နှံ့နေသော ဦးတည်ရာများ၏ ရလဒ်မှာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်သည်ဆိုသော အချက်ကို ကျိုးကြောင်းပြ၍ ပြောဆိုသည်။ အလုပ်သမား အစည်းအရုံး လှုပ်ရှားမှုနှင့် အခြားသော နိုင်ငံရေးလှုပ်ရှားမှု ပုံစံများမှ ပေါ်ထွက်လာနိုင်သော တန်ပြန် ဖြစ်တတ် မှုများကြောင့် ထိုလမ်းကြောင်းများကို ထိရောက်စွာ ချေဖျက်နိုင်ခြင်းမရှိခြင်း၏ ရလဒ်သည် ဂလိုဘယ် လိုက်ဇေရှင်းဖြစ်သည်။ ထိုအရာသည် ဈေးကွက် စီးပွားရေး၏ စနစ်အတွင်းတွင် ရှုထောင့်များစွာ ပါဝင်ပြီး မူလ အတိုင်း ပြန်၍မဖြစ်နိုင်သော ဖြစ်ရပ်တစ်ခု ဖြစ်ကာ ၎င်းကို- စီးပွားရေး ဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း၊ အမည် အားဖြင့်၊ ယခုလက်ရှိ လစ်ဘရယ် လက်သစ် ဂလိုဘယ်လိုက်ဇေးရှင်း ပုံစံသို့ ဦးတည်စေခဲ့သော လူသုံးကုန် ၊ ငွေအရင်းအနှီး ၊ အလုပ်သမားဈေးကွက်များကို ဖွင့်လှစ်ခြင်းနှင့် ကန့်သတ်ထိန်းချုပ်ထားခြင်းမှ ကင်းလွတ်စေ ခြင်း ၊ နိုင်ငံရေးဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း ၊ ဆိုလိုသည်မှာ နိုင်ငံများကို ဖြတ်ကျော်၍ အထက်တန်းလွှာ တစ်ရပ် ပေါ်ထွက်လာပြီး တည်ငြိမ်မှုအရှိဆုံးအချိန်တွင် အင်အားကြီးမားသော နိုင်ငံများအားလုံးကို အဆင့်ဆင့် ရပ်ဆိုင်းသွားစေခြင်း ၊ ယဉ်ကျေးမှုဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း ၊ ဆိုလိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု တစ်သားတည်းဖြစ်ခြင်း ၊ အတွေးအမြင်စနစ်ဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း ၊ နည်းပညာဆိုင်ရာ ဂလိုဘယ် လိုက်ဇေးရှင်း ၊ လူမှုရေးဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း ဟူ၍ ဖော်ပြသည်။
မျက်မှောက်ခေတ် ဂလိုဘယ်လိုက်ဇေးရှင်းဒုတိယ ကမ္ဘာစစ်မှစတင်၍ ဂလိုဘယ်လိုက်ဇေးရှင်းသည် ချမ်းသာကြွယ်ဝခြင်းနှင့် တစ်ဦးကိုတစ်ဦး အမှီပြု ခြင်းကို တိုးမြှင့်ရန် ကူးသန်းရောင်းဝယ်ရေးများကို ဟန့်တားသည့် နယ်နိမိတ်များကို ပယ်ဖျက်သည့် နိုင်ငံရေး သမားများရေးဆွဲသော အစီအစဉ်၏ ကြီးမားသော ရလဒ်ဖြစ်ပြီး ထိုနည်းအားဖြင့် အနာဂတ်စစ်ပွဲ ဖြစ်ပွားနိုင်သည့် အခွင့် အလမ်းကို လျော့ကျစေသည်။ ထိုသူတို့၏ လုပ်ဆောင်ချက်သည် Bretton Woods conference (ဘရီတန် ဝုဒ်(စ်) အစည်းအဝေး) ကို ဦးတည်စေခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် နိုင်ငံရေးသမားများသည် အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးအတွက် ကန့်သတ်ချက်တစ်ခုကို ချမှတ်ရန် သဘောတူညီချက် တစ်ရပ်ဖြစ်ပြီး ဂလို ဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်များကို ကြီးကြပ်ရန် ရည်ရွယ်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများစွာကို ထူ ထောင်ခဲ့သည်။ ထိုအဖွဲ့အစည်းများတွင် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာဘဏ် (ကမ္ဘာ့ဘဏ်) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ပါဝင်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းသည် မူလ က (GATT) အခွန်အကောက်များနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခြေခံ သဘောတူညီချက်များ၏ ဦး ဆောင်မှု အောက်တွင် ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ်များ နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘော တူညီချက် ပုံမှန်လုပ်ငန်းစဉ်များကို လျှော့ချသောနည်းပညာ တိုးတက်မှုများဖြင့် အဆင်ပြေချောမွေ့စေရန် ပြု လုပ်ခြင်းခံရပြီး လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး အပေါ်တွင် ထားရှိသော တားမြစ်ချက်များကို ဖယ်ရှားရန် သဘောတူညီချက်များ အစဉ်လိုက်ဆီသို့ ဦးတည်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မှစတင်၍အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအတွက် အတားအဆီးများသည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များမှတစ်ဆင့် အတော်အတန်လျော့စေခဲ့သည် — GATT သီးခြား စတင်ခြင်းများ ကို GATT နှင့် (ကမ္ဘာ့ ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်း) ၏ ရလဒ်အဖြစ် ဆောင် ရွက်ခဲ့ပြီး ၎င်းအတွက် GATT သည် အခြေခံ ဖြစ်ကာ အောက်ပါအချက်တို့ ပါဝင်သည်-
ဆက်သွယ်ရေး နည်းပညာ နှင့် အနောက်တိုင်း ယဉ်ကျေးမှုဆိုင်ရာစက်မှု လုပ်ငန်းများ၏ တစ်ကမ္ဘာလုံးတွင် ဈေးကွက် ဖြစ် တည်မှုတို့၏ မောင်းနှင်မှုကြောင့် ဖြစ်ပေါ်လာသော ယဉ်ကျေးမှုဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်းသည် ပထမတွင် တစ်သားတည်း ဖြစ်တည်ခြင်း လုပ်ငန်းစဉ်အဖြစ် နားလည်ခြင်းခံသည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန် ယဉ်ကျေးမှု၏ တစ်ကမ္ဘာလုံးတွင် လွှမ်းမိုးခြင်းသည် အစဉ်အလာအရ အမျိုးအစားကွဲပြားခြင်းကို အထိခိုက်ခံပြီး ဖြစ်ပေါ်လာ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဆန့်ကျင်ဘက် လမ်းကြောင်းတစ်ရပ်သည် မကြာမီ ဂလိုဘယ်လိုက် ဇေးရှင်းအား ဆန့်ကျင်သည့်လှုပ်ရှားမှုများ ထွက်ပေါ်လာခြင်းတွင် ထင်ရှားလာပြီး ပြည်တွင်းပြိုင်ဘက်ကင်းခြင်း ၊ ပင်ကို လက္ခဏာ နှင့် မည်သည့်အရာဖြစ်ကြောင်း အထောက်အထားတို့ကို ကာကွယ်ရန် အရှိန်အဟုန် အ သစ်များ ပေးလိမ့်မည်ဖြစ်သော်လည်း အဓိကအားဖြင့် အောင်မြင်မှု ရှိမည်မဟုတ်ပါ။ ဥရုဂွေး အလှည့် (၁၉၈၆ မှ ၁၉၉၄) သည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို ဖျန်ဖြေပေးရန် နှင့် ကူးသန်းရောင်းဝယ်ရေး၏ တူညီသော အခြေခံတစ်ရပ်ကို ချမှတ်ရန်အတွက် WTO ကို ထူထောင်ရန် သဘောတူညီချက် စာချုပ်တစ်ရပ်ကို ဦးတည် ဖြစ်ပေါ်စေခဲ့သည်။ အခြားသော နှစ်ဦးနှစ်ဖက် နှင့် ဘက်ပေါင်းစုံ ပါဝင်သောကူးသန်းရောင်းဝယ်ရေးသဘောတူညီချက်များဖြစ်ကြသည့် ဥရောပ Maastricht Treaty (မာစထရစ် စာချုပ်) နှင့် (NAFTA) မြောက် အမေရိက လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် ၏ အခန်း ကဏ္ဍများကို အခွန် အကောက်များနှင့် ကူးသန်းရောင်းဝယ်ရေးကို အတားအဆီးဖြစ်စေသော အရာများအား လျှော့ချရန်ဟူသော ရည်မှန်းချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ္ဘာ့ ပို့ကုန်များသည် ၁၉၇၀ ခုနှစ် တွင် ၈.၅ ရာခိုင်နှုန်းမှ ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ ထုတ်ကုန်၏ ၁၆.၂ ရာခိုင်နှုန်း သို့ တက်ခဲ့သည်။ ဂလိုဘယ်လိုက်ဇေးရှင်း ၏ အကျိုးသက်ရောက်မှုများဂလိုဘယ်လိုက်ဇေးရှင်းသည် ကမ္ဘာကြီးအား အောက်ဖော်ပြပါ များကဲ့သို့ ခြားနားသော နည်းလမ်းအမျိုးမျိုးဖြင့် ကဏ္ဍမျိုးစုံမှ နေ၍ သက်ရောက်မှုရှိသည်-
![]()
![]()
![]()
ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia