စန္ဒာသွယ်


စန္ဒာသွယ်
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၃ မတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါ်သင်းသင်းနွဲ့
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၃ မတ် ၂၀၂၂
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဒေါ်စန္ဒာသွယ် (၁၉၆၂ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီးတစ်ဦးဖြစ်သည်။[]၎င်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည်။[]ထိုတာဝန်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက် တွင် ပေးအပ်ခံရသည်။[]

ပညာရေး

ရန်ကုန်က္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝနှင့်တရားလွှတ်တော်တရားသူကြီးဘဝ

၁၉၈၄ ခုနှစ်ကစပြီး တရားရေးဌာနသို့ ဝင်ရောက်သည်။စတင်ဝင်ရောက်ချိန်တွင် တရားရေးဝန်ထမ်း အဆင့် (၄) ဖြစ်သည်။သူမသည် ၂၀၁၁ မတ်လ ၃၀ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တာဝန်ပေးအပ်ခံရသည်။ယင်းတာဝန်ကို ၁၀နှစ်ကျော် တစ်ဆက်တည်းတာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူမကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ၄ဦးမြောက် တရားသူကြီးချုပ်တာဝန် အပ်နှင်းသည်။ သူမ၏ တရားရေးလုပ်သက်မှာ (၃၈) နှစ်ကျော်သည်။[]

မိသားစုဘဝ

ဒေါ်စန္ဒာသွယ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီးတစ်ဦးရှိသည်။

ကိုးကား

  1. ရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်များရန်ကုန်တိုင်းတရားလွှတ်တော် ၂၀၂၂ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာ (၂၀၂၃)။ 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့ တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးMyanmar Digital News (၂၆ ဇူလိုင် ၂၀၂၃)။ 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၂၃ မတ် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တရားသူကြီးများရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya