စဝ်အောင်မြတ်
စဝ်အောင်မြတ် သို့မဟုတ် ဦးအောင်မြတ် သည် မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ် လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် ယခင်က ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးအောင်မြတ်သည် ဓနုလူမျိုးတစ်ဦး ဖြစ်သည်။[၁] ဦးအောင်မြတ်ကို ၁၉၆၃ ခုနှစ် ဧပြီ ၁၄ ရက်နေ့တွင် ဖခင် ဦးညွန့်အောင်နှင့် မိခင် ဒေါ်ခင်ကြည်တို့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာတွင် မွေးဖွားခဲ့သည်။[၁] သူသည် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့ကာ တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။[၁] ဦးအောင်မြတ်သည် ဒေါ်ဖြူဖြူညွန့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦးရှိသည်။[၁] ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia