စာပေဗိမာန်ဆု

၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကို ဖွဲ့စည်းခဲ့ပြီး စာပေဗိမာန်ဆု ဟူသော စာပေဆုတစ်ရပ်ကို တီထွင်ချီးမြှင့်ခဲ့သည်။ []၁၉၄၈ ခုနှစ်မှစ၍ တစ်နှစ်အတွင်း ထွက်ပေါ်ခဲ့သော စာအုပ်များအနက် အကောင်းဆုံးကို ရွေးချယ်ကာ ဆုငွေ ကျပ် ၁၀၀၀ ချီးမြှင့်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် ဆုချီးမြှင့်ရန် သင့်လျော်သော စာအုပ်ဟူ၍ မတွေ့ရှိရသဖြင့် ဆုမချီးမြှင့်ခဲ့ရပေ။ ထို့နောက် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခု နှစ်အထိ အဆက်မပြတ် ချီးမြှင့်ခဲ့သည်။

စာပေဗိမာန်ဆုသည် မူလက ကာလပေါ် မြန်မာဝတ္ထုရှည်ဆု တစ်ဆုသာ သတ်မှတ်ခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ်တွင် စာပဒေသာဆုနှင့် ဘာသာပြန်ဆု၊ ၁၉၅၃ ခုနှစ်တွင် သုတပဒေသာဆု၊ ၁၉၅၉ ခုနှစ်တွင် ဝတ္ထုတိုပေါင်းချုပ်ဆု၊ ပြဇာတ်ဆုနှင့် ကဗျာဆုတို့ကို အသီးအသီး တိုးချဲ့ကာ ခုနစ်ဆုအထိ ဖြစ်လာသည်။ ချီးမြှင့်သော ဆုငွေမှာ ဘာသာပြန်ဆုအတွက် ကျပ် ၇၅ဝ ဖြစ်ပြီး ကျန်ခြောက်ဆုမှာ တစ်ဆုလျှင် ငွေကျပ် ၁ဝဝဝ ဖြစ်၏။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အစိုးရ အပြောင်းအလဲဖြစ်၍ ထိုနှစ်အတွက် စာပေဗိမာန်ဆု မချီးမြှင့်နိုင်သော်လည်း ၁၉၆၂ ခုနှစ် အတွက်ဆုကို အနုပညာ စာပေဆိုင်ရာဆုဟု အမည်ပြောင်းကာ တော်လှန် ရေးအစိုးရက ၁၉၆၄ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။ ၁၉၆၅ ခုနှစ်မှစ၍ အမျိုးသားစာပေဆု ဟူ၍ အမည်ပြောင်းကာ ဆက်လက်ချီးမြင့်ခဲ့ရာ ယနေ့တိုင် ဖြစ်လေသည်။[]


၁၉၄၈ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ကာလပေါ်ဝတ္ထုဆု မိုးအောက်မြေပြင် မင်းအောင်

၁၉၄၉ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ကာလပေါ်ဝတ္ထုဆု ဆုရသူ မရှိ

၁၉၅၀ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ကာလပေါ်ဝတ္ထုဆု မင်းမှုထမ်း တက်တိုး

၁၉၅၁ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ကာလပေါ်ဝတ္ထုဆု တပ်ထဲက မြတ်ကိုကို သာဓု
စာပဒေသာဆု ဆင်ယင်ထုံးဖွဲ့မှုကျမ်း ရွှေကိုင်းသား
ဘာသာပြန်ဆု ဆုရသူ မရှိ

၁၉၅၂ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ကာလပေါ်ဝတ္ထုဆု ဆုရသူ မရှိ
စာပဒေသာဆု သတင်းစာအခြေခံပညာ ဂျာနယ်ကျော် တင့်ဆွေ
ဘာသာပြန်ဆု မြှော်တလင့်လင့် ရွှေဥဒေါင်း

၁၉၅၃ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
စာပဒေသာ ဒေသန္တရ အုပ်ချုပ်ရေး ဦးမျိုးခင်

၁၉၅၄ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ကာလပေါ်ဝတ္ထုဆု ငမဲကျွန် စစ်ကိုင်း ဦးဘိုးသင်း
ဘာသာပြန်ဆု အီစွတ်ပုံပြင်များ မင်းယုဝေငွေတာရီ

၁၉၅၅ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ဝတ္ထုရှည်ဆု မုန်း၍မဟူ ဂျာနယ်ကျော် မမလေး
ဘာသာပြန်ဆု သွေးစုပ်မြေ ရွှေဥဒေါင်း
စာပဒေသာဆု သခင်ကိုယ်တော်မှိုင်းဋီကာ ဇော်ဂျီ
သုတပဒေသာဆု မြန်မာ စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် ဒဂုန်နတ်ရှင်

၁၉၅၆ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ဝတ္ထုရှည်ဆု ကိုယ်တွေ့စုံထောက်မှု ပုလိပ်အရာရှိတဦး
ဘာသာပြန်ဆု ဘဝအထွေထွေ သိပ္ပံစိုးလှ
စာပဒေသာဆု မော်စကိုမှ ရန်ကုန်သို့ မန်းတင်
သုတပဒေသာဆု ဆုရသူ မရှိ

၁၉၅၇ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ဝတ္ထုရှည်ဆု ဂွမ်းပုံ ဓူဝံ
ဘာသာပြန်ဆု လူလော နာနာဘာဝလော ဗိုလ်အေးမောင်
စာပဒေသာဆု ထောင်နှင့် လူသား လူထုဦးလှ
သုတပဒေသာဆု ဝတ္ထုရေးလိုသော် သူရိယကန္တိ

၁၉၅၈ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ဝတ္ထုရှည်ဆု အရှေ့ကနေဝန်း ထွက်သည့်ပမာ သိန်းဖေမြင့်
ဘာသာပြန်ဆု ပျို့တို့အချစ်တော် တင့်တယ်
စာပဒေသာဆု ဆုရသူ မရှိ
သုတပဒေသာဆု ဆုရသူ မရှိ
ဝတ္ထုတိုဆု ဆုရသူ မရှိ
ပြဇာတ်ဆု ဆုရသူ မရှိ
ကဗျာဆု နုယဉ်ကဗျာများ နုယဉ်
ပဒေသာရတုများ လက်ဝဲမင်းညို

၁၉၅၉ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ဝတ္ထုရှည်ဆု ဆုရသူ မရှိ
ဘာသာပြန်ဆု ရော်ဘင်ဆင် ကရူးဆိုး ဒဂုန်ရွှေမျှား
စာပဒေသာဆု မင်းလှခံတပ် နတ်မောက်ဘုန်းကျော်
သုတပဒေသာဆု ဆုရသူ မရှိ
ဝတ္ထုတိုပေါင်းချုပ် ဆရာ့ဇာတ်လမ်းစုံ မောင်သင်
ပြဇာတ်ဆု ဆုရသူ မရှိ
ကဗျာဆု ဖန်မီးအိမ် ကဗျာများ တင်မိုး

၁၉၆၀ ခုနှစ်

စဉ် ဆုအမည် စာအုပ်မည် စာရေးဆရာ
ဝတ္ထုရှည်ဆု အရိုင်းစံပယ် အောင်လင်း
မမကြီး ဗန်းမော်တင်အောင်
ဘာသာပြန်ဆု ဆုရသူ မရှိ
စာပဒေသာဆု ဆုရသူ မရှိ
သုတပဒေသာဆု ဆုရသူ မရှိ
ဝတ္ထုတိုပေါင်းချုပ်ဆု ကြေးမုံရိပ်သွင် ခင်နှင်းယု
ပြဇာတ်ဆု ဆုရသူ မရှိ
ကဗျာဆု ငွေတာရီကဗျာ ၁၀၀ ငွေတာရီ

၁၉၆၁ ခုနှစ်

စဉ် ဆုအမည် စာအုပ်အမည် စာရေးဆရာ
ဝတ္ထုရှည်ဆု သက်ဝေမေကျော့ ဒေါက်တာထွန်းရွှေ
ဘာသာပြန်ဆု ဆုရသူ မရှိ
စာပဒေသာဆု မြန်မာ့မျက်ပွင့် ဇေယျ
သုတပဒေသာဆု တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ရွှေဥဒေါင်း
ရဲဘော်သုံးကျိပ် ပြည်တော်ပြန် ဗိုလ်တာရာ
ဝတ္ထုတိုပေါင်းချုပ်ဆု စံပယ်ဦး ဒဂုန်တာရာ
ဘဝထိုထို သော်တာဆွေ
ပြဇာတ်ဆု ဆုရသူ မရှိ
ကဗျာဆု မဲခေါင်မြစ်မှ အိုရွက်ဝါ ထီလာစစ်သူ

အခြားကြည့်ရန်များ

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya