စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Agriculture, Livestock and Irrigation) သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဆည်မြောင်းကဏ္ဍ၊ လယ်ယာမြေကဏ္ဍများအတွက် တာဝန်ရှိသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးမင်းနောင် ဖြစ်သည်။ သမိုင်းကြောင်းယခင်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် သမဝါယမ ဝန်ကြီးဌာန ဟူ၍ သီးခြားတည်ရှိခဲ့ရာမှ ၂၀၁၆ခုနှစ်တွင် သမ္မတ ဦးထင်ကျော်က ထိုဝန်ကြီးဌာန (၃) ခုကိုပူးပေါင်း ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[၁] ဝန်ကြီးဌာန လက်အောက်တွင် ဦးစီးဌာန (၁၁)ခု၊ တက္ကသိုလ်များနှင့် ကောလိပ်များစွာ တည်ရှိသည်။[၂] ၂၀၂၁ခုနှစ် မေလတွင် သမဝါယမ ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ကို ခွဲထုတ်ကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[၃] အကြီးအကဲများပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၆ - လက်ရှိ)
ဌာနများ![]()
ကိုးကားပြင်ပလင့်ခ် |
Portal di Ensiklopedia Dunia