သမဝါယမ ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ သမဝါယမအဓိပ္ပါယ် သမဝါယမဟူသော စကားရပ်သည် ပါဠိစကားဘာသာစကားဖြစ်သည့် သမနှင့် ဝါယမ ပေါင်းစပ်ထားသော ဝေါဟာရ ဖြစ်သည်။
ထို့ကြောင့် သမဝါယမမှာ “အတူတကွပူးပေါင်းဆောင်ရွက်ခြင်း ဟု အဓိပ္ပါယ် ရပါသည်။ သမဝါယမ၏ ဆောင်ပုဒ်မှာ “One for all, All for one” ဖြစ်၍ အဓိပ္ပါယ်အားဖြင့် “တစ်ဦးစီ၏အကျိုးကို အများက၊ အများအကျိုးကို တစ်ဦးစီက ပူးပေါင်းဆောင်ရွက်ခြင်း” ပင် ဖြစ်သည်။ သမိုင်းကြောင်းသမဝါယမဝန်ကြီးဌာနကို ၁၉၅၁ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့တွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ(၂၆)ရက် တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာန ဟူ၍ ပြုပြင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၅ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် ကုန်သွယ်ရေး ဝန်ကြီးဌာန ဟူ၍ သီးခြားဝန်ကြီးဌာန ဖွဲ့စည်း တည်ထောင်သောအခါ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနသည် သမဝါယမ ဝန်ကြီးဌာနအဖြစ် ပေါ်ပေါက်လာခဲ့သည်။ [၁] ဖွဲ့စည်းပုံသမဝါယမ ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာန(၃) ခုရှိသည်။ ၎င်းတို့မှာ - တို့ဖြစ်သည်။ သမဝါယမဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ
လုပ်ငန်းစဉ်များ
စည်းရုံးခြင်းစည်းရုံးခြင်းနှင့်ပတ်သတ်၍
ပညာပေးခြင်းသမဝါယမကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမတက္ကသိုလ် (၂)ကျောင်း၊ သမဝါယမဒီဂရီကောလိပ် (၂)ကျောင်း၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း (၃)ကျောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း (၄)ကျောင်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ရန်ကုန်သမဝါယမဒီဂရီကောလိပ် (ယခုသမဝါယမတက္ကသိုလ်(သန်လျင်))မှ ဘွဲ့ရရှိသူ (၃၄၁၅) ဦးနှင့် သမဝါယမကောလိပ်များမှ ဒီပလိုမာရရှိသူ (၇၉၀၀) ဦးနှင့် သင်တန်း ကျောင်း များမှ သင်တန်းအောင်မြင်သူ (၂၉၇)ဦး ရှိခဲ့သည်။ သမဝါယမပညာ ပြန့်ပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ အသင်းသားများနှင့် ရက်တိုဆွေးနွေးပွဲ ပြုလုပ်ပြီး သမဝါယမသဘောတရားများနှင့် မူဝါဒများ၊ သမဝါယမဥပဒေနှင့် စည်းကမ်း ဥပဒေညွှန်ကြားချက်များ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ ဆောင်ရွက်ဆဲသမဝါယမ လှုပ်ရှားမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း စသည်တို့ဖြင့် အသင်းသားများအတွက် အကျိုးရှိမည့် သရုပ်ပြပွဲများ ပြုလုပ်ပေးလျက်ရှိသည်။ အသင်းသားမဟုတ်သေးသော အများပြည်သူတို့အား သမဝါယမလှုပ်ရှားမှု သတင်းများကို လူထုပညာပေးနည်းလမ်းဖြင့် ပညာပေး လျက်ရှိသည်။ မြို့နယ် သမဝါယမ ဦးစီးဌာနများမှလည်း သမဝါယမအသင်းအတွက် အသင်းသား စာရင်းစစ်သင်တန်းများ၊ အဆင့်မြင့် စာရင်းစစ်သင်တန်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များအတွက် သမဝါယမသဘောတရားများ၊ ဆွေးနွေးပွဲများနှင့် ဌာနဝန်ထမ်းများအတွက် သမဝါယမ ကွင်းဆင်း နည်းပေးလမ်းပြ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ထိန်းကျောင်းခြင်းဖွဲ့စည်းပြီး သမဝါယမအသင်းများကို သမဝါယမ မူဘောင်အတွင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သမဝါယမ ဦးစီးဌာနအဆင့်ဆင့်ရှိ ဝန်ထမ်းများက ထိန်းကျောင်းခြင်းများ ပြုလုပ်သည်။ အဓိကအားဖြင့် သမဝါယမအဆင့်ဆင့်တို့၏ လုပ်ငန်းနှင့် စာရင်းများစနစ်တကျ ရှင်သန် ဖွံ့ဖြိုးလာစေရန် ထိန်းကျောင်းခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ် သမဝါယမဦးစီးဌာန များ၊ သမဝါယမသင်တန်းကျောင်းများ၊ ကောလိပ်၊တက္ကသိုလ်များအား ဌာနတွင်းကြီးကြပ်စစ်ဆေးမှု များ ပြုလုပ်နေသည်။ သမဝါယမအသင်းများအား စစ်ဆေးရာတွင် သာမန်စစ်ဆေးခြင်း၊ စီမံမှုစစ်ဆေးခြင်းနှင့် အထူးစုံစမ်းစစ်ဆေးခြင်း ဟူသော စစ်ဆေးခြင်းနည်းလမ်း(၃)ရပ်ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ကိုးကား
ဆက်လက်ဖတ်ရှုရန်
|
Portal di Ensiklopedia Dunia