ဆေးပညာမဟာသိပ္ပံဘွဲ့

ဆေးပညာမဟာသိပ္ပံဘွဲ့သည် ဆေးပညာဘွဲ့ရရှိပြီးသူများ အထူးကု အထူးပြုဘာသာရပ်များကို လေ့လာဆည်းပူးပြီးနောက် ကျွမ်းကျင်တတ်မြောက်သည့်အခါ ဆေးကျောင်းများမှ ပေးအပ်သော မဟာဘွဲ့ (Master's degree) အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် Master of Medical Science (MMedSc) ဟု ခေါ်ကြသည်။ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် အနည်းဆုံး၂ နှစ်တာဝန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားပြနိုင်သောဆရာဝန်များကို မြန်မာနိုင်ငံဆေးကောင်စီက အထူးဆေးကုသခွင့်လိုင်စင် ထုတ်ပေးသည်။[]

သမိုင်းကြောင်း

ဆေးတက္ကသိုလ် မန္တလေးတွင် ဇီဝကမ္မဗေဒ ဆေးပညာမဟာသိပ္ပံ ဘွဲ့လွန်သင်တန်းကို ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် ပထမဆုံးဖွင့်လှစ်သော ဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်းဖြစ်သည်။[]

ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် နှစ်အလိုက် စတင်ဖွင့်လှစ်ခဲ့သော ဆေးပညာမဟာသိပ္ပံသင်တန်းများ[]


ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ၁၉၇၃ ခုနှစ်က ခန္ဓာဗေဒ နှင့် ဇီဝကမ္မဗေဒ ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့သည်။[]


မြန်မာနိုင်ငံဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ပေးသော အထူးပြုဘာသာရပ်များ

  1. ခန္ဓာဗေဒ
  2. ဇီဝကမ္မဗေဒ
  3. ဇီဝဓာတုဗေဒ
  4. ဆေးဝါးဗေဒ
  5. အဏုဇီဝဗေဒ
  6. ရောဂါဗေဒ
  7. ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ
  8. ဥပဒေရေးရာဆေးပညာ
  9. နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုပညာ
  10. မေ့ဆေးပညာ
  11. ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာ
  12. အရေပြားရောဂါပညာ
  13. မျက်စိရောဂါပညာ
  14. စိတ်ကျန်းမာပညာ
  15. အရေးပေါ်ကုသမှုဆေးပညာ
  16. ဆေးပညာ
  17. ခွဲစိတ်ကုပညာ
  18. သားဖွား မီးယပ်ပညာ
  19. ကလေးကျန်းမာပညာ
  20. ရင်ခေါင်းခွဲစိတ်ကုပညာ
  21. ကလေးခွဲစိတ်ကုပညာ
  22. ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာ
  23. ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိတ်ကုပညာ
  24. နှလုံးနှင့်သွေးကြောခွဲစိတ်ကုပညာ
  25. အရိုးရောဂါပညာ
  26. ဓာတ်မှန်ပညာ
  27. ပြည်သူ့ကျန်းမာရေး
  28. ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုပညာ
  29. ကင်ဆာရောဂါဆေးပညာ
  30. ဓာတ်ရောင်ခြည်ဆေးပညာ

[] [][]

ဘွဲ့ရပြီးသူ အရေအတွက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုလုံးတွင် ၁၉၆၄ မှ ၂၀၁၉ အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ရသူပေါင်း ၉၉၄၁ မွေးထုတ်ခဲ့သည်။[] တပ်မတော်ဆေးတက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအထိ ဆေးပညာမဟာသိပ္ပံဘွဲ့ရသူပေါင်း ၂၁၃၆ ဦး ရှိသည်။[]

ကိုးကား

  1. မြန်မာဆရာဝန်များအတွက် အထူးဆေးကုသခွင့်လိုင်စင် စတင်ထုတ်ပေးမည်၊ 7Day News[လင့်ခ်သေ]
  2. ဆေးတက္ကသိုလ် (မန္တလေး)
  3. Facts and Figures, University of Medicine 1 Yangon။ 23 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2020 တွင် ပြန်စစ်ပြီး။
  4. History of University
  5. (၂၀၁၉) ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း[လင့်ခ်သေ] ဆေးတက္ကသိုလ် (၂) ရန်ကုန်။ ၆ စက်တင်ဘာ ၂၀၁၈
  6. ကြေညာချက် ၂၀၂၀ ပညာသင်နှစ် ဆေးတက္ကသိုလ် မန္တလေးတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်သင်တန်းများသို့ တက်ရောက်ခွင့်ရသူများ[လင့်ခ်သေ] ဆေးတက္ကသိုလ် မန္တလေး။ ၅ နိုဝင်ဘာ ၂၀၁၉
  7. ၂၀၁၇ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း ဆေးတက္ကသိုလ် မကွေး။ ၂၉ ဇွန် ၂၀၁၆
  8. ဘွဲ့လွန်သင်တန်းများဝင်ခွင့် ရွေးချယ်ရေးနှီးနှောဖလှယ်ပွဲ ကျင်းပ၊ ပြန်ကြားရေးဝန်ကြီးဌာန ၂၆ ဖေဖော်ဝါရီ ၂၀၂၀
  9. တပ်မတော်ဆေးတက္ကသိုလ်(၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ။ 16 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2020 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya