မြန်မာနိုင်ငံဆေးကောင်စီ
မြန်မာနိုင်ငံဆေးကောင်စီကို ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေ အရ စတင်ဖွဲ့စည်းခဲ့သည်။ [၁][၂] ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေကို ရုပ်သိမ်းပြီးနောက် မြန်မာနိုင်ငံဆေးကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံဆေးကောင်စီဥပဒေ အရ ဖွဲ့စည်းထားသည်။ [၃]
ဖွဲ့စည်းပုံနာယကအဖွဲ့နာယကအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဝါရင့်အငြိမ်းစားဆေးပညာရှင်နှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးသည်။ [၄] ကောင်စီမြန်မာနိုင်ငံဆေးကောင်စီကို နာယကအဖွဲ့က ဖွဲ့စည်းပြီး ၆၅ ဦးထက်မပိုသော အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည်။ [၅] ကောင်စီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ လေးနှစ် ဖြစ်သည်။ အခန်း ၃၊ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၁၀) အပုဒ်ခွဲ (က)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ</ref>
အလုပ်အမှုဆောင်အဖွဲ့ကောင်စီဝင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ထားပြီးသော ကောင်စီဝင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်သည်။ [၆] အလုပ်အမှုဆောင်အဖွဲ့ကို နာယကအဖွဲ့က ဖွဲ့စည်းပြီး အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည်။ [၇]
အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၆-၂၀၂၀)
အထူးဆေးကုသခွင့်လိုင်စင်မြန်မာနိုင်ငံဆေးကောင်စီသည် မြန်မာနိုင်ငံသား ဆရာဝန်များအား အထူးဆေးကုသခွင့်လိုင်စင် (Specialist Licence) ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ပေးခဲ့သည်။ ယင်းလိုင်စင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် အထူးကုဆရာဝန်အဖြစ် ခန့်အပ်ခံရပြီးသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ပါရဂူအဖြစ်ခန့်အပ်ခံရပြီးသူများ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် အနည်းဆုံး၂ နှစ်တာဝန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားပြနိုင်သောဆရာဝန်များကို ထုတ်ပေးသည်။ [၉]
COVID-19 ကပ်ရောဂါနှင့် လိုင်စင်သက်တမ်းကြေး ကင်းလွတ်ခွင့်ပြုခြင်းမြန်မာနိုင်ငံဆေးကောင်စီသည် COVID-19 ရောဂါရှာဖွေကုသပေးရာတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ ကြိုးပန်းဆောင်ရွက်ပေးနေသော ဆရာဝန်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖွန်လ ၃၀ ရက်နေ့အတွင်း အထွေထွေဆေးကုသခွင့်လိုင်စင်နှင့် အထူးဆေးကုခွင့်လိုင်စင် သက်တမ်းကြေး ၁ နှစ်စာကို ကင်းလွတ်ခွင့်ပြုခဲ့သည်။ [၁၀] ကိုးကား
|
Portal di Ensiklopedia Dunia