ဇလွန်မြို့ဇလွန်မြို့သည် ဧရာဝတီတိုင်းတွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်ပြီးဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ရုံးစိုက်ရာမြို့ဖြစ်သည်။ ခရိုင်၏ အရှေ့တောင်ဘက်ရှိ မြို့နယ်ဖြစ်၍၊ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ဟင်္သာတမြို့၏ အရှေ့တောင်တူရူ ၁၆ မိုင်ခန့် အကွာတွင်ရှိ၏။ ဇလွန်မြို့စည်ပင်ရေးအတွက် မြူနီစီပယ်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့၍၊ နောင်သောအခါ၌ ဒေသန္တရအုပ်ချုပ်ရေးတွင် ထည့်သွင်းသည်။
ဇလွန်မြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သဖြင့် ဟင်္သာတမှလာသော သင်္ဘောများနှင့် ရန်ကုန်မှလာသော သင်္ဘောများဆိုက်ကပ်ရာ ဒေသဖြစ်လေသည်။ အရေးကြီးသော ထွက်ကုန်မှာ ဆန်စပါးဖြစ်၏။ မြစ်ရေတိုးခြင်းဒဏ်ကြောင့် ကမ်းပြိုပျက်စီးသဖြင့် ဇလွန်မြို့ကို ကုန်းတွင်းသို့ အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့ရသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၇၆ မျှရှိ၍၊ မြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းကောင်စာရင်းအရ ၈၉၈ ယောက်ခန့် ဖြစ်လေသည်။[၁] မြို့နယ်၏ဖွဲ့စည်းပုံရပ်ကွက် (၅) ခုရှိသည်။ ၎င်းတို့မှာ- ၁) လမ်းမတော်တောင်ရပ်ကွက် ၂) လမ်းမတော်မြောက်ရပ်ကွက် ၃) ကမ်းနားရပ်ကွက် ၄) ဆန်တန်းရပ်ကွက် ၅) ညောင်ပင်ဈေးရပ်ကွက် ကျေးရွာအုပ်စု (၆၆) အုပ်စု၊ ကျေးရွာပေါင်း (၄၅၆) ရွာရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ပို့တစ်ရာအုပ်စုသည် လူဦးရေအများဆုံးဖြစ်ပြီး လူဦးရေ ၇၀၀၀ ကျော်ရှိပြီး မြို့နယ်လူဦးရေ၏ ၄% ကျော် ရှိသည်။ အထင်ကရနေရာများဇလွန်မြို့တွင် အထင်ကရနေရာများစွာရှိသည်။ ၎င်းတို့အနက်အောက်ပါနေရာများသည် လည်ပတ်သွားလာရန်အကောင်းဆုံးဖြစ်သည်။ ၁) မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး ၂) ဗုဒ္ဓအံတော်မြတ် ၃) ဦးသီလစေတီတော် ၄) ရွှေငြိမ်းအေးဘုရား ဒေသထွက်ကုန်များဒေသထွက်ကုန်များမှာ အသားငါးများ၊ ဆန်/စပါး၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ ငရုတ်သီး နှင့် သင်ဖြူးဖျာတို့ ဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia